အလွမ်းပန်း

Saturday, April 10, 2010
အတာက ကူးပြန်လေပြီ။ ပြီးခဲ့တဲ့ တန်ခူးလဟာ အငွေ့တောင် မသေတတ်သေးတဲ့ အရိပ်အယောင်နဲ့ နွေးရှရှ ရှိနေတုန်းလေ။မပြောင်းလဲတတ်တဲ့ သဘောနဲ့ အိုက်စပ်စပ် ရာသီကို မိုးရိပ်တွေ ဆင်ပြီး တိုက်ခတ်လာတဲ့ လေနုအေးလေးက ခဏသာ ရင်ကို အေးမြစေခဲ့ တာတော့ အမှန်ပဲ။

ဒါပေမယ့် အတိတ်ဆိုတာ တစ်ကယ်ဖြစ်ခဲ့တာလေ။ အများနဲ့ သက်ဆိုင်တဲ့ ပိတောက် အချိန်မှန်စွာနဲ့ သူဟာသူ ပွင့်တာပါ။ ဒါကို အတ္တကြီးစွာနဲ့ ငါဟာ မပွင့်ပါနဲ့ မပွင့်ပါနဲ့လို့ တားဆီးချင်ပေမယ့် မိုက်ရူးရဲတဲ့ အတွေးကို ငါမောင်းထုတ်ခဲ့ရတယ်။ တစ်ကယ်ဆိုရင် အတာကူး တဲ့ လတန်ခူးနဲ့ ရေပက်ကစားကြတဲ့ သင်္ကြန်၊ ပိတောက်ပွင့်တဲ့ ရက်အပိုင်းအခြား တစ်ထပ်ထဲ ကျခဲ့တာ ခုမှ မဟုတ်တာ။ သူ့ရပ်တည်မှုနဲ့သူ နေလာခဲ့တာ ကြာပြီလေ။ တစ်ကယ်တမ်း ရပ်တည်မှု မှားခဲ့တာ ငါပါ။

ဒီလို ရက်ပိုင်းမှာ တွေ့ကြတဲ့ တွေ့ဆုံမှုဆိုတာ မိုးပြေးလေး တစ်ချက်လို ခဏတာပဲ ဆုံတွေ့ရမယ့် ဆုံမှတ်ဆိုတာကို ငါသတိမ ထားမိခဲ့ဘူး။ အမြဲတမ်းရမယ့် ပျော်ရွှင်မှုလို့ ထင်မှတ် စွဲလမ်းခဲ့ရတယ်။ ပိတောက်ကိုလည်း ပုံစံ အမျိုးမျိုးနဲ့ စာဖွဲ့ခဲ့တယ်။ ရေစိုသင်္ကြန်ကို လည်း စာတစ်တန် ပေတစ်တန် သီကုံးခဲ့ဖူးတယ်။ ခုတော့လည်း နွမ်းခဲ့ဖူးတဲ့ ပန်းပိတောက်ဟာ နောက်တစ်ခါ ပြန်လို့ပွင့်လန်းတော့မယ် ဒါပေမယ့် ... ဒဏ်ရာဒဏ်ချက်နဲ့ ရင်ဘတ် တစ်ခုက ပွင့်လန်းတော့မယ့် ပိတောက်ပန်း အသစ်ကို နာမ်စား အသစ်တစ်ခုနဲ့.....

ဟောင်းလို့ နွမ်းခဲ့တဲ့
ပိတောက်ပန်း
မိုးပြေးလေး တစ်ချက်နမ်းရုံနဲ့
ပြန်လို့ လန်းဆန်းလာခဲ့ပြီ


ရနံ့အသစ်ဆိုပေမယ့်
ခုပွင့်တဲ့ ပန်းတစ်ပွင့်က
ဒဏ်ရာမကျက်သေးတဲ့
ရင်ဘတ်တစ်စုံကနေ

ပိတောက်ဆိုတဲ့ ပန်းကို နာမ်စားပြောင်းပေးလို့ ရခဲ့ရင် အလွမ်းပန်းလို့ ငါပေးခဲ့ပါရစေ။

5 ဝေဖန်ထားပါတယ်။:

မိုးခါး said...

နာမည်ခုမှပြောင်းလို့ မရတော့ဘူး ..
း))

noblemoe said...

အလွမ်းပန်းမှသသည်
အချစ်ပန်းလေးဖူးပွင့်နိုင်ပါစေရှင်း
နှစ်သစ်မှာ သာယာချမ်းမြေ့မှုတွေအပြည့်နဲ့ ပျော်ရွှင်နိုင်ပါစေနော်
မိုး

ဆောင်းနှင်းရွက် said...

အခု ချိန်ထိ လွမ်းတုန်းပဲလားး .. !

chocothazin said...

သင်္ကြန်မိုးပြေးလေး ... သနားစရာ။

Dream said...

ဘာာာာာာာာာာာာာခုမှ နာမည်ပြောင်းချင်တာလဲ။

အလွမ်းပန်းးးးးးးးးးးးးးးးးးးးးးးတဲ့............အဟတ်

အလွမ်းတွေနဲ့ ဝေးနိုင်သမျှ ဝေးပါစေ.. အလွမ်းပန်းလို့လဲ မပြောင်းပါနဲ့.............း))