မြို့ပြရဲ့သဏ္ဍာန်

Sunday, June 29, 2008
ရောင်စုံမီးတွေထိန်ထိန်ညီးလို့
မြို့ပြညရဲ့ရေစီးကြောင်းမှာ
တောင်ပံကျိုးငှက်ကလေးတွေ
ခိုကိုးရာမဲ့မျက်လုံးတွေနဲ့
အဖြူရောင်မီးခိုးတွေကြား
မျက်ရည်တောက်တောက်ကျနေပေါ့
ပြိုးပျက်ပျက်လျှပ်စီးအောက်မှာ
မြူးဆက်ဆက်သံစဉ်တွေကြား
ဖဲလ်ခွက်ရိုက်သံခပ်ပြင်းပြင်း
ကကြိုးမဲ့ကစားကွက်မြိုင်ဆိုင်
ခပ်ညံ့ညံ့ရေမွှေးတွေမွှန်းပြီး
ရင်ခုံသံပရမ်းပတာနဲ့
သံစဉ်လည်းငြိမ်ရော
ကချေသည်ကြိုးပျက်ပြီး
မျှော်လင့်ချက်မဲ့မျက်ဝန်းတစ်စုံဟာ
ဘယ်အသိုက်ကိုပြန်ရနိုးနိုး
ဟိုးရှေ့မှာအာရုဏ်သမ်းပါပေါ့.............

ခေါင်းစဉ်ရှာပေးပါ

Tuesday, June 24, 2008
ရွှေအိုရောင်အနာဂတ်
ပိုင်ဆိုင်မဲ့အမှတ်နဲ့
နင်နဲ့ငါပျော်ခဲ့ဖူးရဲ့
ကော်ဖီခါးတစ်ခွက်
တီတာစကားလေးဝှက်လို့
နင်နဲ့ငါရူးခဲ့ဖူးရဲ့
ချိုမြိန်တဲ့အဆိပ်တစ်ခွက်
ရီဝေတဲ့မျက်လုံးတွေနဲ့
နင်နဲ့ငါသောက်ခဲ့ဖူးရဲ့
သင်္ဂဟရဲ့စွဲချက်
မကျော်လွန်နိုင်တဲ့ရက်မှာ
နင်နဲ့ငါ......
အမုန်းမပါပဲလမ်းခွဲခဲ့ရတာ
ငါရင်နာတယ်ဟာ.........

အမေ

Thursday, June 19, 2008
ရွှေရတုကို (၄၇၄၅)ရက်ကျော်ခဲ့ပြီနော်
ရဲရင့်တဲ့မေတ္တာ ၊ ပေးဆပ်တဲ့စွမ်းအား
ထွေးပိုက်တဲ့အကြင်နာတွေနဲ့
သားသမီးတွေကိုအမြဲကာကွယ်ခဲ့တဲ့အမေ
ယနေ့မှအစအမေ့ရဲ့ဘ၀မှာရှေ့ဆက်ပြီး
အလင်းရောင်နေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ။

ပြန်စာ

သို့....
ချစ်ရပါသောခင်လေး
ခင်လေးလူကြုံနဲ့ပါးလိုက်တဲ့စာကိုမောင်လက်ခံရရှိပါတယ်
ခင့်စာအတွင်းပါအကြောင်းအရာများဖတ်ရှု့နေရင်းမောင့်
ရင်ထဲမှာခင်လေးကိုဆုံးရှုံးရမှာကိုတွေးရင်းကြောက်မိတယ်
ခင်လေးသိပြီးတဲ့အတိုင်းမောင့်အနေနဲ့ခင်လေးရဲ့အချစ်ကို
ခင့်မိဘမောင်ဘွားအသိုင်းအ၀ိုင်းတွေအလိုမတူတဲ့ကြားကမှ
သူရဲကောင်းဆန်ဆန်ပြိုင်ဘက်တွေကိုကျော်လွှားခဲ့ပြီး
ခင်လေးရဲ့ချစ်သူဆိုတဲ့ဘွဲ့ကိုပိုင်ဆိုင်ခဲ့ရတယ်မလား
ပြီးတော့ခင်လေးရဲ့ဘေးရန်မှန်သမျှကိုလည်းမောင့်လက်ရုံးနဲ့
မှဲ့တစ်ပေါက်မစွန်းနိုင်ဘူးဆိုတာခင်လေးယုံတယ်မလား
ခင်လေးသာလိုမယ်ဆိုရင်ဟိုး..ကောင်းကင်ပေါ်ကကြယ်စင်
ကိုပဲဆွတ်ခူးပေးရပေးရ၊မောင့်သွေးသားကိုပဲကမ်းရကမ်းရ
မောင်ဖြည့်စွမ်းပေးဖို့အသင့်ပါ။ခုချိန်မှာခင်လေးရဲ့စာအရ...
မောင်နဲ့အရေးကြီးစကားပြောစရာရှိသည်ခါတိုင်းတွေ့နေကြ
နေရာလေးမှာလာမည့်လပြည့်ကျော်
( ၁ )ရက်နေ့ည( ၉ )နာရီထက်မနှောင်းပဲ
ရောက်အောင်သာလာပါတော့ဆိုလို့မောင်စိုးထိတ်ရပါတယ်။
ဒါပေမဲ့စိတ်ချနေပါလေ၊ဘ၀နှင့်ဆိုင်တဲ့ အရေး
ဆွေးနွေးဖို့ဆိုတော့လည်းခင်လေးချိန်းတဲ့ညရဲ့
( ၉ ) နာရီအချိန်ထက်မနှောင်း
''မိုးဖြင့်မရွာခဲ့ရင်မောင်အရောက်ဆက်ဆက်လာခဲ့ပါ့မယ်''
ချစ်ရတဲ့မောင်.....

ဝန်ခံချက်...
ဤစာအားမည်သည့်နေရာတွင်ဖတ်ရှု့ခဲ့မိမှန်းကျနော်မ
မှတ်မိတော့ပါ၊
ဤစာ၏ကျောရိုးအားဘ၀င်ကျ၍ပြန်လည်ပြင်ဆင်ရေးသား
တင်ပြခြင်း သာဖြစ်ပါသည်။
သတိ....
အနှီ..ယောင်္ကျားကောင်းများအားငါ၏
ညီမ ၊ အစ်မ များရှောင်ကြလေလော့ ၊ ရှားကြလော့....

တစ်ခန်းရပ်ပြဇါတ်

Wednesday, June 18, 2008
ဇါတ်ဆရာအလိုကျ
ဇါတ်ကောင်တွေရဲ့ဘ၀မှာ
ကကြိုးတွေစုံလင်ခဲ့လည်း
ဟန်ချက်တွေပျက်ခဲ့ရကာ
ဇါတ်လမ်းကအလွမ်းတစ်ပိုင်းနဲ့
တစ်ခန်းထဲနဲ့ရပ်ခဲ့တာ
( လုံးဝ ) ကိုတစ်ခန်းထဲပါ.....
Tuesday, June 17, 2008

afraid

Saturday, June 14, 2008
when i saw u
i was afraid
to meet u...
when i meet u
i was afraid
to love u...
now i love u
i'm afraid
to lose u...

ကျောင်းဖွင့်ချိန်

Friday, June 13, 2008
ကျနော်ဘယ်လိုမှမေ့မရတဲ့ကျောင်းဖွင့်ချိန်ခံစားချက်တစ်ခုပါ
ကြယ်ဆယ့်လေးပွင့်ရှေ့မှာ
ကျောင်း ဆရာ ဆရာမများနှင့်ကျောင်းသူကျောင်းသားများရဲ့

အားလုံးသတိ... ကျဆုံးလေပြီးသောဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ
အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြု.... နေမြဲ......
နှိုင်ငံတော်သီချင်းကိုစ၍ ဆို ......

( ကမ္ဘာမကြေ ၊ မြန်မာပြည် ၊
တို့ဖိုးဖွားမွေစစ်မို့ ၊ ချစ်မြတ်နိုးပေ ) 2
ပြည်ထောင်စုကိုအသက်ပေးလို့ ၊
တို့ကာကွယ်မလေ ၊
ဒါတို့ပြည် ၊ ဒါတို့မြေ
တို့ပိုင်နက်မြေ ၊
တို့ပြည် ၊ တို့မြေ ၊
အကျိုးကိုညီညာစွာတို့တစ်တွေ ၊
ထမ်းဆောင်ပါစို့လေ ၊
တို့တာဝန်ကျေ ၊ အဖိုးတန်မြေ ။

အားလုံးအမှတ်ရနေကြမှာပါ ။ ။
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်မိတယ် ၊
ငါရောတာဝန်ဘယ်လောက်ကျေခဲ့ပြီလည်း ......
နင်ရောတာဝန်ကျေခဲ့ရဲ့လား...?

ပန်သူဦးတဲ့ပန်း

Thursday, June 12, 2008
မမြင်တဲ့နှောင်ကြိုး
သံယောဇဉ်တိုးလို့
တွယ်နှောင်ရစ်ထုံးကာ
ကြိုးတစ်ပင်လွန်းတင်ခဲ့ပေါ့..
ဝေရင်လည်းဝေ
ခြွေလို့ကြွေရင်လည်း
မြေလွှာခတုန်းမှာ
ကြင်ခွင့်ရလိုပေါ့..
မြင်ရက်နှင့်ပင်ခက်
ကြင်မက်ခွင့်ရယ်လို့
ဘယ်မရှိအဆုံးမှာ
အသင်သိပါလေစ... ပန်သူဦးလေတဲ့ပန်းရယ်..

သေမင်းစေတမန်

အမှောင်မိုက်ဆုံး ညတစ်ည
သေမင်းရဲ့စေတမန်
ကြောက်မက်ဖွယ် ရယ်သံတွေကြား
အဖေရေ.... အမေရေ...... အော်သော်ငြားလည်း
လက်တွဲပြုတ်ခဲ့ မရဏလှိုင်းလုံးကြား....
သေသူသေ... ရှင်သူရှင်ကြားမှာ
သွေးပျက်ဖွယ် ခြောက်ခြားနေသူများ
ကယ်မည့်သူ မျှော်လင့်နေတုန်း
ကြွေသူကြွေ.....လွှင့်သူလွှင့်နေဆဲပါ
ကယ်သူရေ အမြန်လာလည့်ပါတော့ ....

ချစ်သူ

မုန်တိုင်းလည်းငြိမ်သွားပြီနော်
ဝရုန်းသုန်းကားနဲ့ကမ္ဘာပျက်ခဲ့တဲ့ညကို
နင်ဘယ်လိုများကျော်ဖြတ်ခဲ့ရတာလည်းချစ်သူ။ ။ ။
DELTA တစ်ဇုံလုံးလည်းပျက်စီးခဲ့ပြီနော်
ဝိညာဉ်ပေါင်းများစွာလည်းခိုကိုးရာမဲ့နေတုန်းပဲ
ဒါတွေကိုကြည့်ပြီးရင်နင့်စွာနဲ့ နင်တစ်ခုခုခံစားနေရမှာပဲနော်ချစ်သူ။ ။ ။
ပတ်ဝန်းကျင်တစ်ခုလုံးလည်းပြိုပျက်ခဲ့ပြီနော်
အော်ဟစ်ငိုယိုနေတဲ့ဒုက္ခသည်တွေကိုကြည့်ရင်း
ပူဆွေးဝမ်းနည်းမှုတွေ ထွေးပိုက်ပြီးနင်ဆွံ့အနေမှာပဲနော် ချစ်သူ။ ။ ။
ဒီ့ထက်ပိုပြီး ပူဆွေးသောကရောက်နေသူက နင့်အဝေးမှာ ရောက်နေရတဲ့ငါပါ ချစ်သူ......

လွတ်လပ်ခြင်း

လွတ်လပ်ခြင်းဆိုရာဝယ်
လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဓါတ်ပိုင်း စာရိတ္တပိုင်း အသိပညာပိုင်း များစွာတို့ကို
ဖိနှိပ်ချုပ်ခြယ်မှုကင်းသော နေရာအသိုင်းအ၀ိုင်း တစ်ခုမှမွေးဖွားကြီးပြင်း၍
လွတ်လပ်စွာ တွေးခေါ်ကြံဆခွင့်ရရှိခဲ့သောအဆိုပါ ပုဂ္ဂိုလ်များ၏
လက်ဝယ်တွင် ''လွတ်လပ်ခြင်း'' ဆိုသည့်အရာတည်ရှိနေပါသည်။

သတို့သမီး

Tuesday, June 10, 2008
စီးဆင်းဆဲပေါ့
မေခနဲ့မလိခညီနောင်
သင်တို့ဖန်ဆင်းခဲ့တဲ့သတို့သမီး
ရင့်ကျက်မှု့အပေါင်းဝေဆာညောင်းခဲ့ပြီလေ...
ကာလတွေပြောင်းခဲ့ပေါ့
အစပျိုးခဲ့တဲ့သမီးပျို
ဟောင်းအတိတ်ကိုသယ်ဆောင်ခဲ့ပြီး
နွဲ့နှောင်းစွာနဲ့အိနြေ္ဒကြီးရင့်ခဲ့တယ်လေ...
နွေးထွေးဆဲပေါ့
အားလုံးရဲ့မေတ္တာခြုံကာ
ပျော်ကာရွှင်ကာနေလာခဲ့ပြီး
အနမ်းတွေပန်းတွေဖြိုင်ဖြိုင်ကြဲဖြန့်ခဲ့တယ်လေ...
မေ့လျှော့နေခဲ့ပေါ့
တွေးမှတ်ထင်မထားချိန်မှာ
ရင်နှစ်မွှာဟာအစိမ်းသက်သက်ကြီး
သတို့သမီးဟာ 2008 မှာအသည်းခွဲခံလိုက်ရတယ်လေ

လဖိုးဖိုး

လပေါ်မှာယုန်ဝပ်လို့
ဆန်ဖွပ်တဲ့အဖိုးအို
အိုတာအိုဖိုးဖိုးဖွပ်နေဆဲ
သမုဒ္ဒရာဝမ်းတစ်ထွာတွက်မို့ပါ.....
အားကိုးတယ်မြေးတို့လည်း
ဖိုးဖိုးကြီးကိုယုံလို့ကွယ်
ဖိုးဖိုးကြီးသာလက်သာညောင်း
ဆန်ဈေးနူန်းကကျဘူးကွယ်....
မြေးတို့အကြေမှာဆန်ကပေါ
မုန်တိုင်းကြီးကြောင့်ကုန်ပေါ့ကွယ်
ဖိုးဖိုးကြီးရယ်ကယ်ပါအုံး
မြေးတို့ထမင်းငတ်တော့မယ်....

အိမ်ပြန်ချိန်

Monday, June 9, 2008
ဆေးလိပ်လည်းတို
နေလည်းညို
ငါ့ကို အိမ်ပြန်ပို့ပါတော့

ကွယ်လွန်သူ ဦးတင်မိုးရဲ့ကဗျာတစ်ပုဒ်ပါ..