ခွင့်တိုင်ကြားခြင်း

Wednesday, May 27, 2009
အကြောင်း အမျိုးမျိုးကြောင့် စာရေးသားခြင်းကို ခေတ္တ နားပါရစေ....

တိတ်တခိုး

Friday, May 22, 2009
ဟုတ်တိုင်းမှန်ရာ
ဖြစ်စေတာမို့
ပြစ်မတင်ရက်
ချစ်ခင်ခဲ့လို့
ရင်ကိုခွဲခွဲ
သည်းပင်နှုတ်နှုတ်
အပူရုပ်ကို
ဟန်မူလုပ်ကာ
တိတ်တခိုးလေး
ချစ်နေဦးမယ်

၁၀ ယောက်

Wednesday, May 20, 2009
နည်းနည်းတောင်ကြာနေပြီ ထိုင်ဝမ်ကျွန်းမှာနေတဲ့ ကျနော့ညီမလေး သဉ္ဇာက အတွေ့ချင်ဆုံး ဘလော့ဂ်ဂါ 10 ယောက်ရေးပြပါတဲ့.....

ကဲ... စလိုက်မယ် ညီမလေးရေ လိုရင်းတိုရှင်းပေါ့နော့....

၁။ စာဖတ်အား အရမ်းကောင်းပြီး သမိုင်းနောက်ခံကို ရသနဲ့ ပေါင်းစပ်ရေးသားလေ့ရှိတဲ့ အမေရိကားက ကျနော့ အမလို့ ခင်မင်ရတဲ့ မသက်ဇင် ....

၂။ ကျနော့ကို ညီမလေးတစ်ယောက်လို နွဲ့ဆိုးတတ်ပြီး အနိုင်ရမှ ကျေနပ်တတ်တဲ့ သွက်လက်ချက်ချာပြီး ဂျပန်မှာ လက်ရှိနေထိုင်နေသူ ညီမငယ် မယ်ဂုမီ ....

၃။ စာတွေ အများကြီး မရေးပေမယ့် ရေးလိုက်ပြန်ရင်လည်း ကဗျာကောင်းတွေ ထွက်လာတတ်တဲ့ အမေရိကားက ကဗျာဦး ....

၎။ လက်သမား မတတ်၊ ပန်းရံ မတတ်တဲ့ ကျနော့ကို ဒီအိမ်လေး ဖြစ်အောင် တည်ဆောက်ပေးခဲ့တဲ့ ညီငယ်လေး မိုးပြေး ....

၅။ အလွမ်းကဗျာတွေကို ခံစားပြီး ရောသမမွှေတတ်တဲ့ တိုင်းရင်းသူ ညီမငယ် ချင်းမလေး ....

၆။ ကျနော့ကို စာမူခ မပေးရသေးတဲ့ ပူးတစ်ကောင် မောင်သက်နောင် ....

၇။ အစ်ကို ပြန်လာရင် ကျားအတူတူ စီးမယ်ဆိုတဲ့ အရုပ်ကလေး အိကု စောရန်နောင် ....

၈။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ် ဆိုတဲ့ ညီမငယ် ပဲ့တင်သံတစ်ခုရဲ့ ရောင်ပြန် ....

၉။ ရန်ကုန်ပြန်ရောက်ရင် ဗိုလ်ချူပ်ဈေးသွားမယ် စည်သွားဆွဲမယ်ဆိုတဲ့ ၀ဲလ်ကမ်း မောင်ဝင်းဇော် ....

၁၀။ အားလုံးထဲမှာ အတွေ့ချင်ဆုံးကတော့ ဒီတက်ဂ်လေးကို ရေးခိုင်းတဲ့ ညီမငယ်လေး သဉ္ဇာ ပါပဲ ။ နားရွက်ဆွဲမလို့။ ဘာလို့ 10 ယောက်ပဲ ရေးခိုင်းမှန်းမသိဘူး စာရင်းထဲ မပါတဲ့ သူတွေ ရန်လာရှာရင် ဒုက္ခ ကျနော် က အကုန်လုံးကို တွေ့ချင်နေတာဗျ... 10 ထဲ ရေးခိုင်းတော့လည်း ပိုရေးလို့ မရတော့ဘူးလေ နားလည် ပေးပါ နော်.....

လိုအပ်ချက်များ

Monday, May 18, 2009
ဒီနေ့တော့ သာယာလှပတဲ့ မနက်ခင်းလေးကို လန်းဆန်းစွာနဲ့ နှိုးထခွင့်ရရှိခဲ့တာ အားလုံးကို မင်္ဂလာပါ.........

ဘလော့ဂ်ဖွင့် ဟိုက်..... tag ကြွေးတွေ ကျန်နေသေးပါလား။ ခုတစ်လော ကျနော့် ညီတွေ tag ရောဂါတွေ ကူး စက် နေကြတယ်။ ခုလည်း မလေးရှားမှာ နေပြီး ဟိုကောင်ငပျင်း အေးဆေးမနေဘူး လှမ်းပြီး ဒုက္ခပေး သေး တယ်။

လိုအပ်ချက်များတဲ့ ။ ဘ၀မှာ တင်းတိမ် ရောင့်ရဲခြင်းကို လက်မခံနိုင်သေးသ၍ လိုအပ်ချက် ဆိုတာအရမ်းများ မှာပဲ။

ပညာရေး..... ဘယ်သူမဆို နောက်ဆုံးချိန်အထိ ပညာဆိုတာ ရှာသွားကြတာပဲ ရှာဖွေလို့မှ မဆုံးနိုင်တာ။

လူမှုရေး..... လူမှုရေးနယ်ပယ်လည်း ဒီလိုပဲ မသေမခြင်း လူမှုရေးက ရှိနေရဦးမှာပဲ လိုအပ်နေဦးမှာပဲ။

စီးပွားရေး..... ကိုယ်တတ်နိုင်သရွေ့ ရှာဖွေစားသောက်နေရမှာပဲ လောဘကြီးရင် နွမ်းနယ်မယ်လေ။

အချစ်ရေး..... အချစ်ဆိုတာ ရေစက်ဆုံခဲ့ရင် အေးအတူပူအမျှပေါ့။

ကျန်းမာရေး..... ဒါကအရေးကြီးဆုံးပဲ အရာရာ အားလုံးကို သူက ဦးဆောင်တာ။

မိသားစုရေး..... ဘယ်သူမှ ကိုယ့်ဘေးမှာ မရှိရင်လည်း သူတို့တွေက ရှိနေမှာပဲ။

ဘာသာရေး..... သက်ဝင်ယုံကြည်မှုနဲ့ ကိုယ့် စိတ်နှလုံးကို ထိန်းကျောင်းပေးနေတာ။

အိမ်ထောင်ရေး..... လိုအပ်မယ်ထင်တယ်နော် ဆေးပေးမီးယူတဲ့ ပြောကြတာပဲ သိပ်နားမလည်ဘူး။

ငပျင်းရေ လိုအပ်ချက်တွေက များလိုက်တာ အထက်က ပြောခဲ့ သလိုပေါ့ ရောင့်ရဲတင်းတိမ်နိုင်တဲ့ စိတ်ရှိခဲ့ရင် ကိုယ့်လမ်းကိုသာ မှန်မှန်လျှောက်သွားရင် ဘ၀မှာ နေပျော်ပါတယ်ကွာ ကျေနပ်နှစ်သိမ့်နိုင်ပါစေ....

ထားခဲ့ဖူးသော ရည်းစားများ အကြောင်း

Sunday, May 17, 2009
tag တဲ့...! ရက်စက် လိုက်တာလို့ပဲ အော်ရမှာလား ? ခက်ပြီ ဂျပန်ရယ် လို့ပဲ ပြောရမှာလား ? ကြည့်ကြ စမ်းပါဦး အရပ်ကတို့ရယ် tag ခေါင်းစဉ်က '' ထားခဲ့ဖူးသော ရည်းစားများ အကြောင်းတဲ့ ''

တောင်းပန် တိုးလျှိုး ကြည့်ပါသေးတယ် ဂျပန်ရယ် မရေးလို့ မရဘူးလားကွာ ဆိုပြီး၊ တစ်ခွန်းထဲ ပြန်ပြောတယ် ရေးကို ရေးရ မယ်တဲ့ ကဲ.... ခက်ပေါ့ ...!

အမှန်အတိုင်း ရေးလိုက် ပြန်ရင်လည်း စာမျက်နှာ ဆန့်မှာ မဟုတ်ဘူး.... ဒါကို ငါသိတယ် ဂျပန်။ မဟုတ်တမ်း ချ ရေးပြန် ရင်လည်း မုသာဝါဒ ကံထိုက်ဦးမယ်။ ဂျပန် နင်ရက်စက် လှချည်လားကွာ။ ဒါပေမယ့် ရေးမှာပါ ဂျပန်ရာ စာဖတ်သူတွေ အနေနဲ့ရော၊ စာရေးသားသူ ငါ့အနေနဲ့ပါ ၀ိနည်းလွတ်အောင်တော့ ရေးရမှာပေါ့လေ။.....

ရည်းစားဆိုတာ ဘာကို ဆိုလိုတာလည်း..? ကိုယ့်ဟာကို နားလည်အောင် အရင် စဉ်းစားယူရတယ်။ ဖြစ်နိုင် ခြေ ကို ရေးချပြမယ်။ ဒါကို အရင်ရှင်းမှ ရည်းစားကိစ္စ ရှင်းလို့ရမယ်။ ရည်းစားဆိုတာ ဘ၀တစ်ခုအတွက် ရည်ရွယ်ပြီး မစဉ်းစားတတ်သေးတဲ့ အရွယ်မှာ ရင်ခုံသံကို အလိုလိုက်တဲ့ ကိစ္စ တစ်ခု ဖြစ်နေတယ်။

ဒါကြောင့် ငါ ငယ်ငယ်က ရင်ခုံသံကို ခဏခဏ အလိုလိုက်ခဲ့ဖူးတယ်။ ဖိအား ၊တွေးတောအား၊ ဆုံးဖြတ်အား တစ် ခုမှ မပါတဲ့ ရင်ခုံသံက အရမ်းချိုမြိန်တယ်။ ဒါ့ကြောင့် ခဏခဏ ရင်ခုံတယ်။ ဆိုလိုရင်းက ရည်းစားများခဲ့ဖူးတယ် မှတ်တောင် မမှတ်မိတော့ဘူး နံပါတ်စဉ် ချမပေးနိုင်တာ ခွင့်လွှတ်ပါ ဂျပန်။

တစ်ကယ်တော့ ငါတစ်ကယ် နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ ကဗျာတစ်ပုဒ် အနေနဲ့ ငါ့ဘလော့ဂ်မှာ တင်ခဲ့ဖူးတယ် နင်ရှာကြည့်ပေါ့ ဂျပန်။ ငါဒီ စင်္ကာပူကို မထွက်လာခင် 2001 လောက်ကပေါ့။ ခု တော့ သူ့အိုး သူ့အိမ်နဲ့ သာယာနေမှာပါ။ ချစ်သူ ဆိုပေမယ့် နှုတ်ကနေ ဖွင့်ပြောစရာကို မလိုအပ်တဲ့ ချစ်သူ မျိုး ပါ။

ရင်ထဲမှာ ထာဝရ မေ့မရနိုင်တဲ့ တစ်ယောက်ကို တစ်ယောက် အရိပ်အကဲ ကြည့်ရုံနဲ့တင် ရင်တွင်း ခံစားချက်ကို နားလည်ပေးနိုင်ကြတဲ့ ခံစားမှုမျိုးပါ။

သက်သေခံ မရှိသေးတဲ့ ချစ်သူဆိုတာ အနေဝေးတဲ့ ဒဏ်ကို တော်သင့်ရုံ မခံနိုင်ဘူး။ နှလုံးသား ဆိုတာကလည်း အနေနီးတဲ့ အရာတွေ အပေါ်မှာ ခုံမင် အလိုလိုက်တတ်တဲ့ သဘောရှိတယ် ဂျပန်။

ခုတော့ ဂျပန်ရာ နင်ရေးခိုင်းလို့ ငါရေးလိုက်တာပါ။ သေဆုံးလု မျောပါးဖြစ်နေတဲ့ ငါ့နှလုံးသား တွေကို ဆွေးမြေ့ ဖွယ်ရာ အတိတ်ဆီကို နင်ပြန်ပို့ပေးနေတာလား ဂျပန်။ မေ့မေ့ ပျောက်ပျောက် ဖြစ်နေတဲ့ ငါ့နှလုံးသားကို ဒီအ တိုင်းပဲ နေခွင့်ပြုပါ အနာကို ပြန်မဆွပါနဲ့။ ငါတောာင်းပန်ပါတယ် ဂျပန်ရာ.......!



မှတ်တမ်း

Tuesday, May 12, 2009
ပြန်ပြန် ကြယ်ကြယ်
ဆိပ်ဆိပ် ခါးခါး
ပန်ပန် မန်မန်
ငတောင် ရှင်ကြီး
ဤခရီးအား
တွဲ၍ပျော်ပျော်
မော်၍ပြုံးပြုံး
ရင်ရှုပ်ဝင်ကြည့်
ဝါးတကြွပ်ကြွပ်
ဖုန်းတစ်ဒိုင်းဒိုင်း
ပစ်၏ခတ်၏
စား၏သောက်၏ ( ရုပ်ရှင်ရုံထဲတွင် ဤနေ့သည်ကား 10/05/2009 ပင်တည်း )

ညနေခြည်စောင်းလေသော် အနှီအုပ်စုမှ အဘယ်ခရီး ဆက်ကြအံ့နည်း? ဆုံးဖြတ်ချက် ချလတံ့.....! လေပြည် လည်းသွေး၊ နေခြည်လည်းထွေးတဲ့ အရောင်သွေးစုံ ပန်းတွေစုံတဲ့ ViVo သို့ ချီတက်ကြလေသတည်း။ အိုဘယ့်
ပြန်ပြန် ကြယ်ကြယ် ခါးခါး ဆည်းဆာအလှကြား၌ အပြိုင်အဆိုင် အလှတွေ ပြိုင်ကြလေသတည်း။ အမောင် ဆိပ်ဆိပ်နှင့် ငတောင် မန်မန် သည်ကား နတ်ပန်းချီဆွဲသော ရွှေလက်ရာ ပိုင်ရှင်ပင် ဖြစ်လေသတည်း။ အနှီ နတ်ပန်းချီများအား ငတောင်၏ ပန်းချီပြခန်းတွင် ချိတ်ဆွဲထားပြန်သည်တမုံ့ သွားရောက်ကြည့်ရှုပါကုန်။

အနှီ အလှခြင်းပြိုင်သောပွဲတွင် မည်သူမဲအများဆုံး ရကြသနည်း ? ပရိတ်သတ်များ ဆုံးဖြတ်ရန်သာ ကျန်လေ သည်သမို့ အကျွန်ုပ် ရှင်ကြီး တာဝန်မဟုတ် မဟုတ်။ ပြိုင်ပွဲပြီးချိန်သည်ကား တောင်စွယ်နေကွယ် လေပြီမို့ ရပ်နားကာ ညစာပွဲတော်အား တည်ကြပြန်လေသည်။ ဤကား အစားပြိုင်ပွဲအစတည်း မည်သူ အစားကြီး မည်နည်း ကာယကံရှင်များအား မေးကြကုန်။

ဤတွင် အချိန်နှင့် ဒီရေ သာမက မန်ယူကပါ လူကို မစောင့်လေသည်မို့ အကျွန်ုပ် ရှင်ကြီး အားလုံးထဲမှ နှုတ်ထွက် ပြီး သကာလ စောစီးစွာ ပြန်လာခဲ့၍ ကျန်ရစ်ခဲ့သူများ မည်သို့ မည်ပုံ ပြန်ကြလေသနည်း? မသိတော့ပါ။

သို့သော်ငြားလည်း ဤနေ့ ဤရက် ဤဆုံပွဲ၌ ဤမောင်ဤနှမများ ပျော်ကြရလေသည်မို့ အကျွန်ုပ် ရှင်ကြီးကား မှတ်တမ်းတင်အပ်သော ဤရက်စွဲကို ငါ့မောင် ငါ့နှမများနှင့်အတူ ဘယ်တော့မျှ မေ့မည် မဟုတ်ကြောင်း နှောင် လည်း ဤထက်သာ၍ ပျော်စရာ ကောင်းသော၊ ဤထက်ပို၍ များပြားသော မောင်နှမများနှင့် တွေ့ဆုံလိုပါ ကြောင်း ပြောကြားလိုပါသည်.....





မိုး

Monday, May 11, 2009
မိုးဦးမိုးစ
မိုးလည်မိုးနှောင်း
မိုးဟောင်းသော်လည်း
မိုး၏ဒဏ်ရာ
မိုးရေလိုပဲ
မိုးရွာတိုင်းငို
မိုးရေတွေနဲ့
မိုးရယ်မိုးနဲ့
မိုးပေးခဲ့တဲ့
မိုးစက်ဒဏ်ရာ
မိုးရေထဲမှာ
မိုးရေလိုပဲ
မိုးမျက်ရည်တွေ
မိုးနဲ့ထပ်တူ
မိုးရေ......................

လွမ်း

Tuesday, May 5, 2009
လွမ်းဖျားလွမ်းနာ
လွမ်းတိုင်းသာလျှင်
လွမ်းပန်းပွင့်က
လွမ်းတောင်တန်းသည်
ရှမ်းတောင်တန်းထက်
မြင့်နေမည်လော

လွမ်းတိုင်းသာငို
လွမ်းမျက်ရည်တို့
လွမ်းရေလျဉ်လို
လွမ်းပင်လယ်မှာ
လွမ်းလှေငယ်လေး
မျှောနေမည်လော

လွမ်းတောင်ခြေမှာ
လွမ်းလုလင်လေး
လွမ်းတေးတွေဆို
လွမ်းအားပိုတုန်း
လွမ်းမျက်ရည်တို့
လွမ်းပန်းကြွေလို့

လွမ်းလွန်လွန်းတယ်