နင့်အတွက်

Sunday, February 14, 2010
( ၁၄ ) ရက်နေ့တဲ့ ချစ်သူရေ
စောင့်လိုက်ကြ၊ မျှော်လိုက်ကြနဲ့
ရင်ခုန်စရာ ရက်စွဲအနေနဲ့ပေါ့
သူတို့တွေအတွက် ချစ်သူများနေ့လေ

( ၁၄ ) ရက်နေ့တဲ့ ချစ်သူရေ
ငါကတော့ မျှော်စရာ မလိုဘူး၊ စောင့်စရာမလိုဘူး
ရင်ခုန်သံတွေက အမြဲချိုမြိန်လို့
နေ့ရက်တိုင်းဟာ ငါတို့ နှစ်ယောက်အတွက်

ချစ်သူများနေ့လေ

နေမင်းတန်ဆောင် လင်းရောင်တက်ပြီ

Friday, February 12, 2010
ဘမျိုးဘိုးတူ ၊ ဆင်းသက်လာဘိ
မင်းရောင်ဖိုးဖိုး ၊ သွေးဆက်ဖုံးလို့
သက်သွေးမချန် ၊ ပေးဆပ်ကာတည့်
မျိုးရိုးဇာနည် ၊ ဘာမထီကား

ငါ့မြေငါ့ရေ ၊ ငါ့ပြည်သူများ
လွတ်လပ်တစ်ဖုံ ၊ သာယာစုံဖို့
ကွယ်ဝှက်တစ်ခါ ၊ တည့်တိုးတစ်လှည့်

ရင်ဆိုင်ခဲ့၏ ၊ နယ်ချဲ့ရန်သူ
ကုလားဖြူတို့ ၊ နေမ၀င်ခြင်း
ပြိုပျက်ဆင်းအောင် ၊ ရောင်ရှိန်ထည်ဝါ

သူရကန်စက် ၊ ရှင်နေမင်းမှတ်
ထွက်ပေါ်လာချိမ့် ၊ ရက်မြတ် (၁၃)
ခြိမ့်ခြိမ့်အုံးအုံး ၊ နေမင်းတန်ဆောင်
လင်းရောင်တက်ပြီ။

ဖေဖ၀ါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချူပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။

အရောင်မှိန်နေသော ကြယ် ( ၁၄ ) ပွင့်

၁၄ ရက်နေ့ကို ၊ စိတ်ဝယ်မှန်းလို့
ချောကလက်နဲ့ ၊ ချစ်စရာကတ်
စိတ်ကူးနေတယ် ၊ ချစ်ခြင်းသင်္ကေတတဲ့။

အနာဂတ်ဗိမ္ဗာန် ၊ ဗိသုကာဖန်ဆင်း
ငြိမ်းချမ်းရေးဖခင် ၊ ဖွားမြင်ခဲ့တဲ့
၁၃ ရက်နေ့ကို ၊ မေ့နေကြတယ်။

ညီနောင်တွေစုစည်း ၊ ချစ်ခြင်းရဲ့အနှစ်
သွေးစည်းခဲ့ပြည်ထောင် ၊ အဓွန့်ရှည်အောင်တဲ့
၁၂ ရက်နေ့ကို ၊ မေ့နေကြတယ်။

နတ်သမီးကဟန် ၊ တိုင်းမြန်ပြည်မှ
တောင်ပေါ်တောင်အောက် ၊ ဒိုးယိုပေါက်သို့

သွေးစည်းကပွဲ ၊ ခြိမ့်ခြိမ့်သဲလို့
ခြေချိုးလက်ချိုး ၊ ကကွက်တစ်မျိုး
မရိုးလေအောင် ၊ ဇါတ်ကဆောင်လို့

ကချေသည်ပေါင်း ၊ ( ၁၄ ) အားနဲ့
အမိမြန်ပြည် ၊ ကကွက်ညီအောင်
ရက်စွဲသတ်မှတ် ၊ ( ၁၂ ) ရက်ဟု

လမြတ်တပို့ ၊ ဤမှစလို့
ရောင်းရင်းညီကို ၊ မယ်ပျိုပျိုတို့
အမိပြည်ထောင် ၊ ဓွန့်တည်တန့်အောင်
ကြိုးစားပါစို့….လေ။

( ၆၃ ) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုအပ်ပါသည်။