ပန်းပိုင်ရှင်

Saturday, November 15, 2008
ပန်း၏ရနံ့
နမ်းရုံသက်သက်
မပန်တတ်လျှင်
ငါ၏ဥယျာဉ်
ရင်ခွင်ထဲမှ
ယခုပင်လျှင်
အသင်ထွက်သွား
အနားသို့ပင်
မသီနှင့်တော့......

9 ဝေဖန်ထားပါတယ်။:

WWKM said...

အစ်မကတော့ ပန်းတော့ကြိုက်တယ်..
မပန်တတ်ဖူးလေ... တာ့တာ ..ဘိုင်းဘိုင်း..
ဆာယိုနာရ . :P

မသက်ဇင် said...

ရှမ်းလေး စိုင်းရဲထွတ်--
ဒေါသကြီးပါလား---
"ပန်းပိုင်ရှင်"
ဖတ်တယ်--
အတင်းမနှင်ပါနဲ့ကွယ်---
သနားပါတယ်---

Welcome said...

ဒီဖက်ခေတ် မိန်းကလေး(မြို့သူ)တွေ ပန်းကို ချစ်တတ် ရမှန်း မသိတော့ဘူးဗျ။ ပန်ဖို့ဆို ဝေးရောပေါ့။ အညာဖက် ကျပြန်တော့ တန်ဖိုးမရှိတဲ့ စက္ကူပန်းတောင် ပန်တယ်ဗျ။ ပန်းကိုမြင်ရင် မနေနိုင်ကြတော့ဘူး၊ ဒီလို နှစ်သက်တာ။ အစ်ကို့အတွက် ရွာသူတစ်ယောက် တွေ့ထားပါတယ်။ ဆက်သွယ် လိုက်ပါ.. (အဟီး)((စတာ))

http://winzaw-mdy.blogspot.com

flowerworld said...

မီးလေးလဲပန်းဆိုရင်အသေကြိုက်...ဒါပေမယ့်ပန်မတတ်ဘူး
ပန်းအိုးပဲထိုးချင်တာ....မမ၀ါပြောသလိုပဲ ...တာတာ့ပေါ့

Anonymous said...

ဟာ.. ပန်းမပန်တတ်တဲ့တီတီဝါနဲ့ တီတီယောင်းယောင်း
ကို အတင်းနှင်လွတ်နေတာလား.. သနားပါတယ်.. ဟင့်ဟင့်... တီတီတို့ရေ... အဲဒီပန်းပင် ကို ဆွဲတာ
နှုတ်သွားတော့.. ဟားဟား..:P :P
ဦးဝင်းဇော်ရေ.. ဦးရှင်ကြီးအတွက် ရွာသူဆိုတော့
ဘလော့ထဲမှာသတိထားရတော့မယ်.. ရွာသူဆို
ကြောက်တယ်... အဟင့်..:P :P

တီတီဇင်ရေ.. ဦးရှင်ကြီးက စိတ်ကြီးတယ်..
မြန်မြန်လစ်မှ.. အဟဲ..:P :P

ပျံသန်းခြင်းရပ်ဝန်း said...

မနေ့ကလည်းစုန်းမတဲ့...
ဒီနေ့ကျတော့လည်းအတင်းနှင်ထုတ်နေတယ်..
ဘယ်သူလည်းမသိဘူး..
သနားပါတယ်...ပြန်ခေါ်လိုက်ပါဗျာ...:P

Anonymous said...

ဟင်.. ပန်းကိုတော့ကြိုက်တယ်
မပန်တတ်ဘူး....
အလှသက်သက်ပဲကြည့်တတ်တယ်..
ဒါဖြင့်လည်းပြန်ရတာပေါ့လေ.. :)

အရုပ်ကလေး said...

ကဗျာစာသားလေး ခိုက်သွားတယ် ကိုရဲရေ..
ကဗျာလေး ကောင်းတယ်

မြတ်သွယ် said...

ဥယျာဉ်ထဲမှာ စံပယ်ပန်းများရှိပါက အသင်ကျွန်ုပ်အားမည်သို့မှနှင်ထုတ်၍ရမည်မဟုတ်ပါကြောင်း ..
ပန်းလဲကြိုက်တယ်
ပန်လဲပန်တတ်တယ်
ခက်တာက မပန်ရဘူး ...
ပန်းပိုင်ရှင် ကောင်းတယ်
အားပေးသွားတယ်နော်