စုန်းမ

Friday, November 14, 2008
ကဝေက၀
မယ်ဝဏ္ဏသူ
မျက်နှာအတု
တပ်ကာညုတော့
မယ်ဥမ္မာလို
ကြူတာတာမို့
ရင်းနှီးမက်ခင်
ချစ်ကျွမ်းဝင်လို့
စလယ်ရယ်ဝင်
ဖင်မမည်းခင်
မျက်ဖုံးကွာကျ
နင့်မျက်နှာက
ခြောက်ကြိုးရိပ်ထင်
စောင်းကြိုးရှင်မို့
ငါ့မျက်တစ်စုံ
လဲခွင့်ကြုံက
ကဝေက၀
စုန်းမနင့်ကို
မျက်ကွယ်ပြုချင်သေး...

10 ဝေဖန်ထားပါတယ်။:

WWKM said...

ဦးရှင်ဂျီး တို့ ကတော့ ကဗျာစပ်တော်တိုင်း
ပညာတွေပြနေတော့တာပဲ။
ကဗျာလေးက အဓိပ္ပါယ်တွေ အများကြီးနဲ့ပဲ။
အဆင်ပြေပါစေ.. ဦးရှင်ဂျီးရေ။

Dream said...

မယ်ဝဏ္ဏ က ကိုဝဏ္ဏ ရဲ့မိန်းမလား..
ကဝေမကြောင့် မျက်စိတောင် အဆုံးခံတော့မယ်ပေါ့.. ဟုတ်လား..
မျက်စိ အလှူရှင်တွေ ဒီထက်များများ တိုးပွား လာနိုင်ပါစေ.. :P :P :P
ဟားဟား

Anonymous said...

လေးလုံးစပ် ကဗျာလေးနဲ့ ပေါ်လွင်အောင် ဖန်တီးထားပုံလေးက နှစ်ခြိုက်စရာပါ...။
ခြောက်ကြိုးတဲ့လား ဆယ့်နှစ်ကြိုး ဟုတ်ဘူးပေါ့.....။ :)

flowerworld said...

ကဗျာဖတ်ပြီးမျက်လုံးပြူးသွားပါတယ် မျက်လုံးအလှူခံပါသည်
..............ဆေးရုံကိုဆက်သွယ်ပါ

တောင်ပေါ်သား said...

သြော် စုန်းမ စုန်းမ လုပ်ရက်လေခြင်း ငါ့ အကိုဦးရှင်ကြီးကိုများ ဟဲဟဲ ကဗျာတွေ လာဖတ်သွားတယ် အကိုရေ

Welcome said...

ပညာဂုဏ်မောက်တဲ့ စုန်းမ
အလှဂုဏ်မောက်တဲ့ စုန်းမ
ငါဆိုတဲ့ မာန်တက်နေတဲ့ စုန်းမ
ပိုးစုန်းကြူးလို ဟန်ဆောင်နေတဲ့ စုန်းမ
ကဲဟာ
ကဲဟာ
....
ကျွန်တော် ဆော်ပစ်လိုက်ပြီအစ်ကို၊ မျက်လုံးကို ဗိုလ်ချုပ်ဈေးမှာ charger သွားသွင်းရအောင်၊ စနေနေ့ကျရင်ပေါ့ .. ..

http://winzaw-mdy.blogspot.com

kiim said...

စုန်းမ.စုန်းမတဲ့ .ကြောက်တယ်..မီးမီးကြောက်တယ်. အဟင့်အဟင့်.. :P

အရုပ်ကလေး said...

စလယ်ရယ်ဝင်
ဖင်မမည်းခင်
မျက်ဖုံးကွာကျ
နင့်မျက်နှာက
ခြောက်ကြိုးရိပ်ထင်
စောင်းကြိုးရှင်မို့
ငါ့မျက်တစ်စုံ
လဲခွင့်ကြုံက
ကဝေက၀
စုန်းမနင့်ကို
မျက်ကွယ်ပြုချင်သေး...

အဲစာသားလေးကို ပိုကြိုက်တယ်
ဆက်လက် အားပေးနေမယ်

မြတ်သွယ် said...

မျက်ကွယ်ပြုချင်သေး...
ဒီကွန်မန့်တော့မျက်ကွယ်မပြုနဲ့နော်... :P
ကောင်းလဲကောင်း ကြိုက်လဲကြိုက်တယ်
အားပေးသွားတယ်နော်

Anonymous said...

စုန်းမကဘယ်သူလဲဟင်။
ဖြူလေးလား ။