မွန်တို့မြေ ရာမညတိုင်း
ကိန်းဝပ်တဲ့ မွေဓါတ်တော်များ
မြတ်မော်ဓော ရင်ပြင်ထက်မှာ
ရွှေထီးရယ် နားတော်ထွင်းဖို့
ယောက္ဖတော် ရှင်ရဲထွတ်ကို
ရွှေခွက်စွဲ စစ်ငါးရာဖြင့်
ချီတက်ရန် ဒီအရေးမှာ
သတ္တိရယ် ရဲစွမ်းပြနွှဲ
ရဲရင့်သူ လူရွေးပွဲမှာ
လက်ထိပ်ကို အပ်စိုက်ပါလို့
ယောင်ယမ်းကာ သွေးတွန့်မိသူ
တပ်မှူးငယ် မင်းရဲထင်ကား
အရှက်ကို အသက်ရင်းကာ
မှားယွင်းကာ သတ္တိပြတော့
ရွှေထီးမှာ မှတ်ချက်ချတယ်
( မိုက်ကားမိုက်၏ သတ္တိကားမရှိ )
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
3 ဝေဖန်ထားပါတယ်။:
အင်း... မိုက်တာနဲ့ သတ္တိရှိတာ မတူဘူးနော်...
လူတိုင်းသိနေကြပေမဲ့
သတိမမူ ဂူမမြင်ကြတာလေးပါ
မိုက်ရူးရဲ ဆန်သူတွေ ပေါသလောက်
သတ္တိရှိသူတွေ ဒါကြောင့် နည်းနေရတာပေါ့....
သတ္တိဆိုတာဘာလဲ။ သမိုင်းတွေထဲမှာ သင်ခန်းစာယူစရာ
တွေအများကြီးရှိတယ်။ ကိုယ့်ထက်သာရင်မနာလိုတတ်တဲ့
လောကကြီးထဲမှာ ဒီလူကိုရိုက်ချိုးဖို့ ကြိုးစားသိက္ခာချပေမယ့်
ခံရသူက အမှန်တရားဘက်ရပ်ပြီးသူ့ အလုပ်သူဆက်လုပ်နေဖို့ ပဲအရေးကြီးတယ်။အချိန်ကာလက ဆုံးဖြတ်ပါလိမ့်မယ်။
သတ္တိနဲ့မိုက်ရူးခြင်းဆိုတာခေါင်းနဲ့ပန်းလိုပါ။
Post a Comment