နာရီပေါင်း 1440 ရှိခဲ့ပြီ
အပြောကျယ်လွန်းတဲ့
ဘလော့ဂ် ကောင်းကင်ကြီးထဲ
မုန်တိုင်းဒဏ်လည်းခံဖူးတယ်
လေဟုန်ကိုလည်းစီးဖူးတယ်
လေပြည်ကိုလည်းထွေးဖူးတယ်
အရောင်အသွေးစုံတဲ့
ပျံသန်းနေသူတွေကြား
အတောင်ညောင်းလာတော့
ခိုနားရာရှာလိုက်
အားအင်ပြည့်လာတော့
ထပျံလိုက်နဲ့
ဟိုး.... အဝေးဆုံး
မမြင်နိုင်တဲ့ တစ်နေရာကို
ရှင်ရဲထွတ် ပျံသန်းပါရစေ......
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
9 ဝေဖန်ထားပါတယ်။:
ဪ.....
ဟိုတစ်နေ့ က "*******" မှာတွေ့ လိုက်တာ
အတောင်ညောင်းနေလို့ ကိုး......
ကောင်းလိုက်တဲ့ကဗျာလေး.....
နောက်မဆုတ်နဲ့
ပျံသာပျံ
ဘလော့ကောင်းကင်မှာ
မုန်တိုင်းထန်ခဲ့တာရှိသလို
လေပြေလေးတွေလည်း
ရှိပါတယ်။
ပျံသာပျံပါ..(ကိုရှင်ရဲထွဋ်ဆိုတဲ့.ရွှေဟင်းသာင်္ရယ်..)
:P
နောက်မဆုတ်နဲ့ ပျံသာပျံနော်...
နားနေရင်တော်နေလေးခွစာမိနေဦးမယ်။ ဟီးဟီး
မင်္ဂလာပါ အစ်ကို အပြောကျယ်လှတဲ့ ဘလော့
ကြီးထဲမှာ အားအင်အပြည့်နဲ့ နာရီပေါင်းများစွာ ပျံသန်းရင်း ထာဝရပျံသန်းနိုင်ပါစေ ခင်ဗျာ။၁၄၄၀ နာရီဆိုတော့ (၂)ပြည့်ပြီပေါ့နော်။ :)
လုပ်စရာရှိတာဆက်လုပ်။ပျံချင်တာဆက်ပျံ။
ကိုယ်လုပ်တဲ့အရာတစုံတရာအကျိုးရှိရင်
ပျံသန်းရကျိုးနပ်ပါပြီ။
mathetzin@gmail.com
1440 နာရီတောင်ရှိသွားပြီ။
ဟိုး.... အဝေးဆုံး
မမြင်နိုင်တဲ့ တစ်နေရာကို
ရှင်ရဲထွတ် ကြိမ်းသေ ပျံသန်းနှိုင်မှာပါ။
ပျံသာပျံပါ.. အားပေးနေပါတယ်..
ခုလည်း အဝေးကိုပြန်နေတာမဟုတ်လား
:P
ပြန် နဲ့ ပျံ နဲ့ မွှား သွား လို့
Post a Comment