လွမ်းဆွတ်မှု တစ်ခု

Sunday, July 18, 2010
သဟဇာတ မရှိတဲ့ အခန်းထဲ
သူ သရုပ်ဖော် ပန်းချီဆွဲနေတယ်
ရုပ်လုံး ရုပ်ကောင် မပီပြင်သေး
စုတ်တံက ပြုတ်ကျလို့
အသက်ငင်နေတဲ့ ပန်းချီကား
မွန်းကျပ်တဲ့ အခန်းကျဉ်းမှာ
ထုပ်တန်းပေါ်က မြှောင်တစ်ကောင်
စုပ်သပ်သံ ပျင်းတွဲတွဲနဲ့
63 ကြိမ် တိုင်ခဲ့ပြီ
အသင်ငင်တဲ့ ပန်းချီကား
ဘယ်တော့များ ပြခန်း ရောက်မှာလည်း

3 ဝေဖန်ထားပါတယ်။:

Ree Noe Mann said...

အကို ကဗျာ လာဖတ်သွားပါတယ်ဗျာ ပျော်ရွှင်ပါစေ

ywartharlay-ytu said...

ဘယ်သူမှ လာရောက်တားဆီးလို့ မဖြစ်နိုင်တဲ့
ရင်ဘတ်ပြတိုက်ထဲမှာ နှစ်စဉ်ကျင်းပပါတယ်

tailengtai တိုင်းလှိုင်တိုင်း said...

ကိုစိုင်းစိုင်း အကိုရဲ့ကဗျာနဲ့စာတွေ ကျနော်အတွက် အားလုံးဖတ်လို့ကောင်တယ် ကြိုက်တယ်