လပ်ကီး

Monday, November 16, 2009
'' လပ်ကီး '' ဒီကောင်လေး ဒီခြံကို ရောက်ခါစ လသား သာသာလေးပဲ ရှိဦးမယ်။ ဒီကောင့်ကို ဒီခြံပိုင်ရှင် ထိုင်ဝမ် ဘော့စ်က ခေါ်လာတာ။ နေရာကတော့ ဆယ်မိုင်ကုန်းထိပ်နဲ့ စော်ဘွားကြီးကုန်းအဝေးပြေး ကြားက ခြံကျယ်ကြီး တစ်ခြံပေါ့။ အဲမှာ ဘော့စ်က ရေလုပ်ငန်း လုပ်တယ်လေ။ ကျနော်တို့က အလုပ်သမားတွေပေါ့။

ရောက်ခါစတော့ ဒီကောင်လေးကို ကြည့်ရတာ ညိုချောဗျ ချစ်စရာလေး။ သူ့ကို အချိန်မှန် နွားနို့ တိုက်ကျွေးပြီး ကိုယ့်ရှေ့တင် ဒီကောင် ထွားလာလိုက်တာ။ ခြေတံလက်တံ ရှည်ရှည်နဲ့။ ဒီကောင်က အသံလဲ ကောင်းတယ် အသံလဲ အောင်တယ်။ အိုး... လမ်းလျှောက်တတ် ကာစ၊ ပြေးတတ်ကာစများကို ထိန်းလို့ကို မနိုင်ဘူး။ အရမ်းအဆော့ သန်တဲ့ကောင်ပေါ့။

မိုးတွေများရွာလာပြီဆို ကျနော်တို့ဆီ ပြေးလာပြီ။ မိုးရွာထဲမှာ ကျနော်တို့ အလုပ်သမား အုပ်စုတွေနဲ့ ဒီကောင် ဘောလုံး ကစားရတာ ပျော် နေပြီလေ။ ကျနော်တို့ အလုပ်မအားချိန်များဆို သူက မကစားရလို့ ဂျီတိုက်တတ်တယ် မျက်နှာကြီးကို သုန်လို့ပေါ့။ အစားကလဲ ဂျီးများပါ့ တော်ရုံဆိုမစားဘူးရယ်။ သူစားဖို့ကို တော်တော် ဂရုတစိုက် ကျွေးရတယ်။ ဒီလိုနဲ့.............

တစ်နှစ်ခွဲ နှစ်နှစ်လောက်လဲ နေရော ဒီကောင် တော်တော်ကြီးကို ထွားလာတာ။ ပြီးတော့ ဒီရက်ပိုင်း ဒီလပိုင်းအတွင်းမှာ ဒီကောင် ဘာ ဖြစ် လာလဲမသိဘူး။ မူမမှန်ချင်တော့ဘူး။ ဒေါသလဲ ထွက်လွယ်တယ်။ မျက်နှာက လုံးဝ မကြည်လင်တော့ဘူး။ ကျနော်တို့ကို ပေစောင် ပေစောင် လုပ်တတ်လာတယ်။ တစ်နေ့ ခြံကို လာတဲ့ ရေလုပ်ငန်း ကုန်သွင်းသူ တစ်ဦးကို ဒီကောင်ဗျာ ခုန်အုပ်ပြီး ခဲတာ မျက်နှာကို။ ကျနော်တို့ ဆွဲတာ မရဘူး။ သူ့ကိုခေါ်လာတဲ့ ဘော့စ်လာဆွဲတော့မှပဲ ရတော့တယ်။ ဟိုလူလဲ တော်တော် အီသွားရှာတယ် အရေးပေါ် ဆေးခန်းပို့ပြီး မနဲတောင်းပန်ယူရတယ်။

ဒီလိုနဲ့ တစ်ယောက်လဲ မဟုတ်၊ နှစ်ယောက်လဲ မဟုတ် ဒီကောင် တော်တော်ဆိုးလာတယ်။ နောက်ဆုံး အိမ်ကို အမြဲဝင်ထွက်သွားလာ နေတဲ့ ဘော့စ် သူငယ်ချင်းကို ကိုင်လိုက်တာ ဒဏ်ရာ တော်တော် ပြင်းသွားတယ်။ ဒီကောင် လောကကြီးကို တော်တော် ကန့်လန့် တိုက် လာတယ်။ ကျွေးတာလဲ စားချင်မှပဲစားတော့တယ်။ ဒီကောင့်ကို ဒီတိုင်းလွတ်ထားလို့ မရတော့ဘူး တော်တော်ကြီးကို ဆိုးလာတာ။ နောက်သံကြိုးနဲ့ဒီကောင့်ကို ချည်ထားရတာ။ အဲ့တော့မှ မျက်နှာငယ်လေးနဲ့ ဒီကောင်၊ တော်တော်လဲ မာယာများတဲ့ကောင်။

နောက်တော့ ကျွေးတာလဲ မစားတော့ တမှိုင်မှိုင် တတွေတွေနဲ့လေ။ ဒီလိုနဲ့ မဖြစ်ခြေဘူး ဒီကောင့်ကို ဆရာဝန်နဲ့ ပြမယ်ဆိုပြီး ဘော့စ်က ကမ္ဘာအေး ဘုရား လမ်းပေါ်က ဆရာဝန်ဆီလိုက်ပြတော့မှ ဒီကောင် ဖြစ်နေတဲ့ ဝေဒနာ အကြောင်းရင်းကို သိရတော့တယ်။ ဆရာဝန်က သေချာစမ်းသပ်ပြီး မေးတော့တာပေါ့။

ဆရာဝန်ကမေးတာ ဒီကောင် ဘယ်နှစ် နှစ်သားရှိပြီလဲ ?
နှစ်နှစ်သား ရှိပြီ ဆရာ။

ဒီကောင်ကြီးမှာ ရည်းစား သနာရှိလား ?
မရှိသေးဘူး ဆရာ။

ဟာ...... ခင်ဗျားတို့ဗျာ ဘာမှစိတ်မပူနဲ့ ဒီကောင် အရွယ်ရောက်လာပြီ။ အဲ့ဒီတော့ ဒီကောင်ကြီးကို မိန်းမပေးစားလိုက်တော့ အိုကေပြီ....

မှန်လိုက်လေဗျာ ဒီကောင်ကြီးအတွက် အဖော်ကို ဘော့စ်က သူနဲ့ မျိုးတူ ဒိုဗာမင် မြှီးတိုမလေး နှစ်ကောင်တောင်ဗျာ ခေါ်လာပေးတဲ့ နောက်ပိုင်း ဒီကောင်ကြီး အရင်လို မြူးမြူးကြွကြွ ပြန်ဖြစ်လာတယ်ဗျိုး...... နောက်တော့ ကျနော်လဲ အလုပ်ပြောင်းရော ဒီကောင်ကြီး ဘယ်လို စခန်းသွားပြီး ကျန်ခဲ့သည် မသိ။

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်သည့် နိယာမကို ဆင်ခြင်မိသည့် သဘောပါး)

10 ဝေဖန်ထားပါတယ်။:

စည်သူ said...

အမ်..
ဖတ်နေတာ
နောက်ဆုံးမှ..
အဟင့်.. ပေါလိုက်ချင်ဘူး..

ဟုတ်ပါတယ်ဗျာ..
ဘယ်သူ့ကိုမှ မရည်ရွယ်ဘူးဆိုပေမယ့်

ကောင်းကြသေးရဲ့လား
(((((((((((((ဟေ့)))))))))))))))

မငုံ said...

အဲ..ကိုစိုင်း..စဖတ်ဖတ်ချင်းတော့ လူအောက်မေ့နေတာ :)
အင်းအင်းးး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ပါပဲ။

WWKM said...

မပြောချင်တော့ပါဘူး ဦးရှင်ဂျီးရယ်. ရိုက်ချက်ကပြင်းတယ်.း)

ဂျပန်ကောင်လေး said...

ပြောအားရှိပြီဆိုတော့ ပြောထားပေါ့ကွယ်..း(.

ဆောင်းနှင်းရွက် said...

စစချင်း ဒုတိယ အပိုဒ်မှာကတည်းကတော့
သိနေပါတယ် ..
ဒါပေမယ့်
ဘာကို ပြောချင်တာမှန်းမသိလို့
ဆက်ဖတ်လိုက်တော့မှာပဲ ....
...(ချိတ်တောင် ပိန်တွားတယ် )...

Mogok Thar said...

စီသူ့အတိုင်းပဲ အော်လိုက်တော့မယ်..........

ကောင်းကြသေးရဲ့လား
(((((((((((((ဟေ့)))))))))))))))

Ree Noe Mann said...

လွန်ဆန်လို့ မရတဲ့ လောကနိယာမပဲလေဗျာ

ရီနို

မေဇင် said...

ဟဟဟ...သြော်...လူမပြောနဲ့ ခွေးတောင် သီးချိန်တန် မသီးရတော့....စိတ်တိုတတ်တာပဲနော်....လူ တွေကရော... ဒါနဲ့...ဦးလေးးးး ရေ........... ... ဦးလေး ရောဗျို့... မရည်ရွယ်ပါ...တိုက်ဆိုင်စွာ တွေးမိသွားလို့ မေးမိတာပါ...း))))

kaungkinpyar said...

သဘောပေါက်သွားရှာပြီ ကိုးးး

ရေတမာ said...

စိတ်တိုနေတဲ့သူတွေကို ဘယ်နှစ်နှစ်သားလဲ မေးရမယ့်ကိန်းပေါက်နေတယ်။းP ဆော်နှစ်ပွေနဲ့ ဆိုတော့ လွန်ဒါပေါ့