သံလွင်ပျို

Thursday, October 22, 2009
တောတောင်လျှိုမြောင်
ရစ်ပတ်ခွေဆင်း
တံခွန်ရေစီးသို့
ဒေါမာန်ဟုန် အခါတစ်လှည့်နဲ့
မာယာရှင် မိန်းမငယ်တစ်ဦးလို
သိမ်မွေ့ဟန် မြူကာချော့ကာဖြင့်
ခံယူချက် ပြင်းပြသူ
နယ်မြေကြမ်းလမ်း၌
မြူကြားဝယ် ပြုံးပြုံး
ယမ်းခိုးဝေ လမ်းခရီးမှာ
ဟန်လဲမပျက်
မာန်နဲ့ဆက်လို့
မုတ္တမဆုံ မြစ်သုံးသွယ်ဝယ်
သံလွင်ပျို အဆုံးသတ်တယ်
ဘာကျန်ခဲ့လေး.....

12 ဝေဖန်ထားပါတယ်။:

တလနွန် said...

မြစ်သံလွင်ပျိုကို လွမ်းနေပါတယ်ဆိုမှ ဦးရှင်ကြီးက ဇွတ်ပဲဗျာ။
ကဗျာလေး ကောင်းတယ်။

အတ္တ said...

ကောင်းတယ်ဗျာ..။

ကိုရေတမာ said...

မသိဘူးလေ....

စည်သူ said...

ဟဲ..ဟဲ..ဟဲ..

အင်း.. ကဗျာကိုဖတ်လိုက်တာ နားမလည်ဘူး
ပြီးတော့မှ သဘောပေါက်သွားတယ်

ဖွဲ့ဆိုမှုလေး ကောင်းတယ် ဦးရှင်ကြီးရေ..
ကဗျားလေးကို လှလှ ပပ ဖွဲ့ဆိုတတ်သလို

ပြောတော့ဘူးဗျာ..းP

ခင်မင်စွာဖြင့်
စည်သူ။

သံလွင် HeRo said...

ကဗျာလေးအရမ်းကောင်းတယ်ဗျ...

နေးတစ် said...

နမ့်ခုံး နံဘေးကရွာသူလေးကိုလွမ်းတယ်။

တောင်ပေါ်သား said...

နုလွန်းတယ်မောင် နဲနဲလေး ပြင်းပါဗျို့..း)

နမ့်ခုံးနဘေး ရွာသူလေးဘာကြောင့် မုန်းမာန်ပွားလို့ ရှောင်ပြေးတာလဲတဲ့ သီချင်းလေးပါ

အပြင်မှာတော့ မုန်းမာန်မပွားပဲ ချစ်ခင်နိုင်ပါစေဗျာ


လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

ဂျိုင်းနဲ့ အထ္တရံ မြစ်ရယ်..

တံတားသုံးစင်းရယ် ကျန်တယ်ထင်တာပဲ..

ဟီးးးး

နောက်သွားတယ်နော်း..

ကျန်တာက ကျန်တာပဲ...

ပျိုဆိုတာ တော့ တခုခုပဲအကိုရေးးးး


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဂျပန်ကောင်လေး said...

နားမလည်ရိုးအမှန်ပါ...

ကောင်းကင်ပြာ said...

ဘာကျန်လဲ ထည့်ရေးဦးလေ..ငါလဲ မသိဘူး

စိမ်း... said...

တိုက်ဆိုင်လွန်းလို့ ကဗျာလေးကို တအားကြိုက်မိသွားတယ်... :)

မေမေခင် said...

ကဗျာလေးကောင်းလိုက်တာ