ဟန်းဖုံးတွဲလောင်းလေးနဲ့
အသက်မဲ့ရယ်သံကို
ရောင်စုံမီးတွေအောက်
ဖွင့်ဖောက်ချလိုက်လို့
ရာဂဏာန်းအထက်က
ကားဟွန်းသံနောက်မှာ
အနွမ်းပန်းလေးတွေ
တန်းစီလို့
တစ်လုံး နှစ်လုံး
နေ့တစ်ခါ ညခင်းတစ်လှည့်
ထမင်းအိုးတောင် မေ့တေ့တေ့
တိုးတစ်မျိုး ကျယ်တစ်ခါ
ဒီဂဏာန်းလေ ဟိုဂဏာန်းပေါ့
အုန်းမောင်းတောင်ခေါက်တော့မယ်
ကိုယ်တော် သပိတ်ဟောင်းလောင်းပိုက်လို့
နေကပူ အလုပ်ကပါး
ချွေးသီးတွေ ကျောကလိမ့်ဆင်း
နေစောင်းချိန် အိမ်အပြန်လမ်းမှာ
အသပြာနှစ်ပြား မှုန်ဝါးဝါးနဲ့
ဗျစ်ဆိုင်ထဲမှာ ဒေါသနဲ့ပေါင်းလို့
ဟောင်းလောင်းဖြစ်မှ အိမ်ပြန်သွားတာ
ခေါင်မလုံ မိုးယိုစကားသို့
အဆင်ပြေရာ သွားကြလေပြန်သည်တမုံ့
ဤသည်ပင် နေ့စဉ်မြင်ရသည့်
ပြယုဂ်တစ်ခုကို ဖော်ညွှန်းကာနေလေတော့သည်။
Best regards,
Your Name
tel.:
fax:
your@email.com
http://www.yoursite.com
tel.:
fax:
your@email.com
http://www.yoursite.com
8 ဝေဖန်ထားပါတယ်။:
စိုင်းစိုင်းရေ
ကဗျာကောင်းလေး လာရောက်ခံစားသွားတယ်နော်။
ကိုစိုင်းရေ ကဗျာလေး ခံစားသွားပါတယ်။ အဲဒီပြယုဂ်လေးက နေ့တိုင်းတွေ့မြင်ကြလား။
ကိုရှိုးကြီးရေ..
(ခေါ်ရတာ အသားတော့ မကျသေးဘူး..း)
ကဗျာလေး ကောင်းတယ်ဗျာ တကယ့် ပြယုဂ်မှန်ပဲ..
အုန်းမောင်းတောင်ခေါက်တော့မယ်
ကိုယ်တော် သပိတ်ဟောင်းလောင်းပိုက်လို့ တဲ့
ခင်မင်စွာဖြင့်
ကိုရင်နော်
ကိုယ်တော် သပိတ်ဟောင်းလောင်းပိုက်ပြီး ပြန်ခဲ့ရတယ် ထင်တယ်
ဟမ်.တမျိုးပါလား...း)
ဦးရှင်ရဲထွတ်ရေ
ကားဟွန်းတီးသံနောက်က အနွမ်းပန်းလေးတွေ
ဘာလိုတန်းစီတာလဲ။
ကဗျာလေး ကောင်းတယ်...။ ဖတ်ပြီး တစ်မျိုးလေး ခံစားရတယ်... ။ ဆက်ရေးနော် ..အားပေးနေမယ်
ခင်တဲ့
မေဇင်
ဖြစ်ပျက်နေတာတွေကို ပြယုဂ်တခုအနေနဲ့ ရေးသွားတာ ကောင်းတယ်။ သဘောကျသွားတယ်။
Post a Comment