ချောင်းလေးရယ်ခြား
တစ်ညဝေးလို့
ငိုလိုက်ရတာ
ရက်ခုနှစ်ရာ
လူရယ်လိုလို
ငှက်လိုလိုနဲ့.......
ရက်တွေအိုဆွေး
မိုင်ထောင်ဝေးတဲ့
လူသားစင်စစ်
တို့အဖြစ်က
ဝေးတိုင်းတာငို
ဆွေးအားပိုမူ
မျက်လုံးအိမ်ထွက်
ပုလဲစက်များ
ဘယ်မှာကုန်ခန်း
နိုင်ပါမည်နည်း...............
Subscribe to:
Post Comments (Atom)
5 ဝေဖန်ထားပါတယ်။:
ငိုချင်ရက်တို့ မျက်ရည်စို့ လည်း
တို့ တွေ အားပေးမှာပေါ့ကွယ်။
ခင်မင်လျက်
မသက်ဇင်
အဟင့်..အဟင့်...အဟင့်..
ပုလဲတွေရမယ်..ပုလဲတွေ.. :p
အင်း..လွမ်းတိုင်းတာငိုရမယ်ဆိုရင်
ဟောဒီစင်ကပူမြို့ကြီးရေဖုံးလွမ်းသွား
မယ်နော်.. ဟင့်ဟင့်ဟင့်..
ပြောရင်းနဲ့လွမ်းလာပြီ :'(
ပုလဲတွေ ဆိုတာတန်ဖိုးရှိတယ်လေ..
ခဏခဏမကျစေနဲ့ အကိုရေ...ခွိခွိခွိ..:P
ပိုက်ဆံပြတ်နေတာနဲ့အတော်ပဲ
ုပုလဲတွေလာကောက်ဦးမှ
ဘယ်နားမှာတုန်း...
ကျုပ်တောသွားရင် ငှက်ပစ်ဘို့ ပုလဲလုံး ပြည်တောင်း တစ်တောင်းစာလောက် ပေးဗျာ.. အဟီးးးး..
Post a Comment