ငယ်စဉ်တောင်ကျေး
ချာတိတ်လေးမှ
ပျိုး၍စတင်
ခင်ခဲ့ပါ၏
တူသွားတူစား
တူကစား၍
ခင်မင်မေတ္တာ
ဖြူခဲ့ပါ၏
နေ့တွေလပြောင်း
ရက်တွေဟောင်း၍
ရင်ခုန်ဖော်ဖက်
စုံမက်ပါ၏
ငယ်ကမေတ္တာ
နှစ်တစ်ရာဟု
သူသူငါငါ
ဆိုသော်ငြားလည်း
မောင့်ရင်ဖြစ်ပွား
ချစ်စိတ်များမှ
နောင်နှစ်တစ်ထောင်
တည်စေမည်... မိ......
ကိုသက်နောင်ချစ်သူအတွက်
ရှင်ရဲထွတ် ရဲ့ လက်ဆောင်ပါ....
ရွှေစင်ဦး ကြိုက်၏ မကြိုက်၏
10 months ago
2 ဝေဖန်ထားပါတယ်။:
ကျေးဇူး ကဗျာ...
ကျေးဇူး ကမ္ဘာ ပါဗျာ...
thz a lot...
ရှဲရှဲ နီ....
နည်းမျိုးစုံ နဲ့  ကို ရင်ထဲက ကျေးဇူးတင်ပါတယ်...
ရင်ထဲက သူအတွက် ရေးထားပေးတာ မလား...
(ကျွန်တော့် ယူသွားပြီနော်)
really good ,i also like very much it. try some more same like this.
Post a Comment