ခတ္တာတွေပွင့်ကုန်ပြီရဲ့
သဇင်တွေဖူးလာပြီဟေး
ဟိုမှာခရေတွေကောက်ကြအုံး
အိုးစံပယ်တွေဖွေးဖွေးလှုပ်လို့
ကံ့ကော်တွေမွှေးလိုက်တာဟာ
နှင်းဆီတွေကြူနေပြီကော
ဆိတ်ဖလူးတွေသင်းသင်းပျံ့ပေါ့
ပန်းတွေဝေဆာလိုက်တာ
ဟေး.. ဘာကြီးပါလိမ့်...
အိုး...လေတွေ....
အိုး...ရေတွေ....
ပန်းလေးတွေရေမှာမျှော
ပန်းလေးတွေရေမှာမြုပ်
ပန်းလေးတွေလေမှာလွှင့်ကုန်ပါပေါ့
ပန်းရိုင်းလေးတွေမြေမှာခကုန်ပြီ
မြေရိုင်းမှာပန်းလေးတွေပြန်ပွင့်ပါအုံးမလား...
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
1 ဝေဖန်ထားပါတယ်။:
နှမျော စရာဗျာ ။ ပြန်မပွင့်ရင် ဘယ်လို လုပ်မလဲ
ကဗျာဆရာမှာ တာဝန်ရှိတယ် ။
Post a Comment