ကျွန်တော် ငယ်ငယ်က....
~~~~~~~~~~~~~~~~ စစ်တိုက်တမ်း ကစားခဲ့ဖူးတယ် ဒါပေမယ့် စစ်ဗိုလ် ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဖားကလေးဖမ်းပြီး ရင်ခွဲခဲ့ဖူးတယ် ဒါပေမယ့် ဆရာဝန်ကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဝေဖာချပ်လေးနဲ့ အိမ်ဆောက်ခဲ့ဖူးတယ် ဒါပေမယ့် အင်ဂျင်နီယာကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ရန်ခဏခဏ ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် လက်ဝှေ့သမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ သူငယ်ချင်းတွေကို ပုံပြောကောင်းခဲ့ဖူးတယ် ဒါပေမယ့် နိုင်ငံရေးသမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ခဲတံနဲ့ အရုပ်ဆွဲခဲ့ဖူးတယ် ဒါပေမယ့် ပန်းချီဆရာ ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ကားခိုးမောင်းခဲ့ဖူးတယ် ဒီတစ်ခါတော့ ကားဆရာ လာဖြစ်နေတယ်။
ငယ်ငယ်က အတွေးတွေဟာလည်း အမှန်တရားပဲ။ ခုဖြစ်နေတာလည်း အမှန်တရားပဲ။ ခုတွေးနေတဲ့ အတွေးတွေ၊ လုပ်နေတဲ့ အလုပ်တွေဟာ ဆယ်စုနှစ် တစ်ခု နှောင်းပိုင်းမှာ ငယ်ငယ်က ဆိုပြီးတော့ ငါ စာပြန်ရေး နိုင်ဦးမှာလား။

11 ဝေဖန်ထားပါတယ်။:
ခိုးလုပ်တာတွေအကျိုးပေးပုံရတယ်..ခွိခွိ...
စာတွေရေးနိုင်ပါစေနောက်ဘယ်အချိန်ရောက်ရောက်ပေါ့
ရေးနိုင်လောက်ပါတယ် ..း))
ခိုးလုပ်ရင် ဖြစ်တာများတယ် ဟဲဟဲ
နောင် ၂ယောက် ၃ယောက်တွေ ဖြစ်လာရင် ရေးချင်မှတော့ ရေးနိုင်တော့မှာပေါ့ဟာ...ရေးနိုင်သလောက် ရေးပေါ့...နင်က ခု ခိုးရေးနေရလို့လားးး
ငယ်ငယ်ကလို စာရေးနိုင်ပါစေ ကားဆရာရေ :))
ခင်လို့သတိပေးရဦးမယ် မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့းP
မောင်းရင် မငိုက်နဲ့ ငိုက်ရင် မမောင်းနဲ့ ။
ဟဲဟဲ ရေတမာ့ ကော်မန့် ကိုအခြေခံသွားပါသည်။
P.S word verification ဖြုတ်ပေးပါ။ အလုပ်ရှုပ်လို့ ။
ကောင်းပါ၏။
ဟုတ်ပါ၏။
ဖြစ်တက်ပါ၏။
saisainaylinn.blogspot.com က လာသွားပါတယ်ခင်ဗျာ
ဒီနေ့အတွေးတွေ တယ်ကောင်းနေပါလားဗျာ... အနာဂတ်ကို ကြိုမသိနိုင်ကြဘူးနော်...
ခင်မင်လျက်
ဂျပန်ကောင်လေး
ဖြစ်ခဲ့တာ တွေကို မတွေးနဲ့ ...
လက်ရှိမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားး..
မဖြစ်လာသေးတဲ့
အနာဂတ် အတွက် မျှော်လင့်ချက်တွေ ထားရင်းး
အကောင်းဆုံး ဖြစ်လာအောင်
တည်ဆောက်ပါ ....
Post a Comment