ငယ်ငယ်က

Saturday, January 30, 2010
ကျွန်တော် ငယ်ငယ်က....

~~~~~~~~~~~~~~~~ စစ်တိုက်တမ်း ကစားခဲ့ဖူးတယ် ဒါပေမယ့် စစ်ဗိုလ် ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဖားကလေးဖမ်းပြီး ရင်ခွဲခဲ့ဖူးတယ် ဒါပေမယ့် ဆရာဝန်ကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ဝေဖာချပ်လေးနဲ့ အိမ်ဆောက်ခဲ့ဖူးတယ် ဒါပေမယ့် အင်ဂျင်နီယာကြီး ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ရန်ခဏခဏ ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် လက်ဝှေ့သမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ သူငယ်ချင်းတွေကို ပုံပြောကောင်းခဲ့ဖူးတယ် ဒါပေမယ့် နိုင်ငံရေးသမား ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ခဲတံနဲ့ အရုပ်ဆွဲခဲ့ဖူးတယ် ဒါပေမယ့် ပန်းချီဆရာ ဖြစ်မလာဘူး။
~~~~~~~~~~~~~~~~ ကားခိုးမောင်းခဲ့ဖူးတယ် ဒီတစ်ခါတော့ ကားဆရာ လာဖြစ်နေတယ်။

ငယ်ငယ်က အတွေးတွေဟာလည်း အမှန်တရားပဲ။ ခုဖြစ်နေတာလည်း အမှန်တရားပဲ။ ခုတွေးနေတဲ့ အတွေးတွေ၊ လုပ်နေတဲ့ အလုပ်တွေဟာ ဆယ်စုနှစ် တစ်ခု နှောင်းပိုင်းမှာ ငယ်ငယ်က ဆိုပြီးတော့ ငါ စာပြန်ရေး နိုင်ဦးမှာလား။


11 ဝေဖန်ထားပါတယ်။:

ဏီ(န်)ကင်း said...

ခိုးလုပ်တာတွေအကျိုးပေးပုံရတယ်..ခွိခွိ...
စာတွေရေးနိုင်ပါစေနောက်ဘယ်အချိန်ရောက်ရောက်ပေါ့

မိုးခါး said...

ရေးနိုင်လောက်ပါတယ် ..း))

Phyo Maw said...

ခိုးလုပ်ရင် ဖြစ်တာများတယ် ဟဲဟဲ

kaungkinpyar said...

နောင် ၂ယောက် ၃ယောက်တွေ ဖြစ်လာရင် ရေးချင်မှတော့ ရေးနိုင်တော့မှာပေါ့ဟာ...ရေးနိုင်သလောက် ရေးပေါ့...နင်က ခု ခိုးရေးနေရလို့လားးး

မငုံ said...

ငယ်ငယ်ကလို စာရေးနိုင်ပါစေ ကားဆရာရေ :))

ရေတမာ said...

ခင်လို့သတိပေးရဦးမယ် မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့းP

chocothazin said...

မောင်းရင် မငိုက်နဲ့ ငိုက်ရင် မမောင်းနဲ့ ။
ဟဲဟဲ ရေတမာ့ ကော်မန့် ကိုအခြေခံသွားပါသည်။

P.S word verification ဖြုတ်ပေးပါ။ အလုပ်ရှုပ်လို့ ။

Anonymous said...

ကောင်းပါ၏။
ဟုတ်ပါ၏။
ဖြစ်တက်ပါ၏။

လေလွင့်လူ said...

saisainaylinn.blogspot.com က လာသွားပါတယ်ခင်ဗျာ

Anonymous said...

ဒီနေ့အတွေးတွေ တယ်ကောင်းနေပါလားဗျာ... အနာဂတ်ကို ကြိုမသိနိုင်ကြဘူးနော်...

ခင်မင်လျက်
ဂျပန်ကောင်လေး

ဆောင်းနှင်းရွက် said...

ဖြစ်ခဲ့တာ တွေကို မတွေးနဲ့ ...
လက်ရှိမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားး..
မဖြစ်လာသေးတဲ့
အနာဂတ် အတွက် မျှော်လင့်ချက်တွေ ထားရင်းး
အကောင်းဆုံး ဖြစ်လာအောင်
တည်ဆောက်ပါ ....