မသာစရိတ်

Monday, January 25, 2010
မိတ်ဆွေ........

မောဟများတဲ့ လောကမှာ သင် လောဘတွေနဲ့ ခရီးဆက်ခဲ့တယ်နော်။

နင်းပြားဘ၀နဲ့ လောကကိုလည်း သင် ရင်ဆိုင်ခဲ့ ပြီးပြီနော်။

ရီခြင်း၊ငိုခြင်းတွေနဲ့ လောကကို အများနည်းတူ သင် မှတ်ကျောက်တွေ တင်ခဲ့တာပဲနော်။

သံသရာရဲ့ ထွက်ပေါက် တရားဓမ္မကိုလည်း သင် ရှာဖွေခဲ့ဖူးတယ်နော်။

လက်ကျန် ရက်စွဲတွေက နည်းပါးလာတော့ လောကကို သင် ကြောက်စပြုလာပြီနော်။

အသေမဦးခင် ဥာဏ်ဦးအောင် ဟောကြားခဲ့တဲ့ တရားကိုလည်း သင် နာကြားခဲ့ဖူးတယ်နော်။

ဥာဏ်ဦးခဲ့ရင် သံသရာမှာ သင် လမ်းပန်းသာမှာကိုလည်း သင် သိခဲ့တယ်နော်။

ဥာဏ်လည်းဦးပါရဲ့ အသေခရီးကို သင် မလျှောက်ရဲသေးတာကလည်း........?

မကြာတော့ရင် မသာကံစမ်းမဲ ပေါက်မှ အလောင်းလှမယ့် အဖြစ်ကို သင် ကြိုသိနေလို့များလား .......... ?

မသာတွေကများပြီ သယ်ယူသူတွေရဲ့ မနိုင်ဝန်ကို သင် သိနေလို့များလား.......?

အော်..... မိတ်ဆွေ အသေမဦးခင် ဥာဏ်ဦးအောင် ဆိုတာထက် မသာစရိတ် ပြည့်မှီအောင် သင် ရှာထားဖို့လည်း လိုတယ်နော့။

9 ဝေဖန်ထားပါတယ်။:

Sein Lyan Tun said...

စပြီး ရှာတော့မယ်

မသာစရိတ်ကို ခုကတည်းက အလှူရှင်တွေ လိုက်ရှာတော့မယ်

Mogok Thar said...

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်

အင်း.. စားရိတ်မစုခင် အကြွေးတွေ အရင် ရှင်းအုံးမှ....

အတ္တ said...

ဒီတစ်ပုဒ်တော့......

တော်တော်ကြိုက်တယ်ဗျို့.........

မိုးခါး said...

နောက်မှ ဆိုတာထက် ခုလက်ရှိက ပိုသေချာပါတယ်လေ ..

chocothazin said...

သိပ်နားမလည်ဘူး။ ဥာဏ်မမီသေးဘူးနဲ့ တူပါတယ် ဆရာရယ်။

Anonymous said...

အံ့ပါ့.... ထူးဆန်းပါ့... မသာစရိတ်လား.. ပူပါနဲ့.. နာရေးကူညီမှုအသင်းရှိတယ်... တစ်ခုတော့ရှိတယ်... ရန်ကုန်မှာတော့ လာသေပေါ့နော်.... နယ်မှာဆို ပိုက်ဆံကုန်နေဦးမယ်...... ဟဲဟဲ

Anonymous said...

အပေါ်က ရေးတာ ဂျပန်ကောင်လေးခင်ဗျ.. နာမည်ကျန်ခဲ့လို့.....

ဂျပန်ကောင်လေး

kaungkinpyar said...

ပို ရှာထားလိုက် ဟာ..

desertraindrops said...

မသာစရိတ် :O အင်းး ရှာရတော့မယ်။
ဘာပြောပြော သံဝေက နဲ့အတူ သတိရှိဖို့ အမှတ်ရသွားစေတယ်။