အရောင်မှိန်နေသော ကြယ် ( ၁၄ ) ပွင့်

Friday, February 12, 2010
၁၄ ရက်နေ့ကို ၊ စိတ်ဝယ်မှန်းလို့
ချောကလက်နဲ့ ၊ ချစ်စရာကတ်
စိတ်ကူးနေတယ် ၊ ချစ်ခြင်းသင်္ကေတတဲ့။

အနာဂတ်ဗိမ္ဗာန် ၊ ဗိသုကာဖန်ဆင်း
ငြိမ်းချမ်းရေးဖခင် ၊ ဖွားမြင်ခဲ့တဲ့
၁၃ ရက်နေ့ကို ၊ မေ့နေကြတယ်။

ညီနောင်တွေစုစည်း ၊ ချစ်ခြင်းရဲ့အနှစ်
သွေးစည်းခဲ့ပြည်ထောင် ၊ အဓွန့်ရှည်အောင်တဲ့
၁၂ ရက်နေ့ကို ၊ မေ့နေကြတယ်။

နတ်သမီးကဟန် ၊ တိုင်းမြန်ပြည်မှ
တောင်ပေါ်တောင်အောက် ၊ ဒိုးယိုပေါက်သို့

သွေးစည်းကပွဲ ၊ ခြိမ့်ခြိမ့်သဲလို့
ခြေချိုးလက်ချိုး ၊ ကကွက်တစ်မျိုး
မရိုးလေအောင် ၊ ဇါတ်ကဆောင်လို့

ကချေသည်ပေါင်း ၊ ( ၁၄ ) အားနဲ့
အမိမြန်ပြည် ၊ ကကွက်ညီအောင်
ရက်စွဲသတ်မှတ် ၊ ( ၁၂ ) ရက်ဟု

လမြတ်တပို့ ၊ ဤမှစလို့
ရောင်းရင်းညီကို ၊ မယ်ပျိုပျိုတို့
အမိပြည်ထောင် ၊ ဓွန့်တည်တန့်အောင်
ကြိုးစားပါစို့….လေ။

( ၆၃ ) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုအပ်ပါသည်။

5 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

ကဗျာလေးက ရှယ်ပဲ ဦးရှင်ကြီးရေ
ဖတ်ရင်းနဲ့ သွေးတွေ ဆူလာစေတယ် တကယ့်ကို တန်ဖိုးရှိတဲ့ ကဗျာလေးပါပဲ

စကားမစပ် ၁၄ ရက်နေ့ ဘာပေးမှာတုန်း မမကြီးကို အဟေးဟေးးးးး ညာပါနဲ့ ညာပါနဲ့


လေးစားလျက်
တောင်ပေါ်သား

အိုက်ခီလောက် said...

ကောင်းလိုက်တာ ဖတ်ပြီး အားရှိသွားတာအမှန်ပဲ
ကြိုက်လို့ ကူးထားပြီဗျို့  မပေးလည်းကူးသွားပြီ

Anonymous said...

ကျေးဇူးအထူးပါ ဦးရှင်ကြီးခင်ဗျာ

နေ၀သန် said...

ကြိုးစားကြမယ်ဗျာ... ဦးရှင်... ကြိုးစားကြမယ်...း)))

ခင်မင်တဲ့
ဂျပန်ကောင်လေး

မငုံ said...

ကဗျာလေးကောင်းတယ်။
အဲ စကားမစပ် တောင်ပေါ်ကတော့ ပြောသွားလေရဲ့ :P