သူ သရုပ်ဖော် ပန်းချီဆွဲနေတယ်
ရုပ်လုံး ရုပ်ကောင် မပီပြင်သေး
စုတ်တံက ပြုတ်ကျလို့
အသက်ငင်နေတဲ့ ပန်းချီကား
မွန်းကျပ်တဲ့ အခန်းကျဉ်းမှာ
ထုပ်တန်းပေါ်က မြှောင်တစ်ကောင်
စုပ်သပ်သံ ပျင်းတွဲတွဲနဲ့
63 ကြိမ် တိုင်ခဲ့ပြီ
အသင်ငင်တဲ့ ပန်းချီကား
ဘယ်တော့များ ပြခန်း ရောက်မှာလည်း

3 ဝေဖန်ထားပါတယ်။:
အကို ကဗျာ လာဖတ်သွားပါတယ်ဗျာ ပျော်ရွှင်ပါစေ
ဘယ်သူမှ လာရောက်တားဆီးလို့ မဖြစ်နိုင်တဲ့
ရင်ဘတ်ပြတိုက်ထဲမှာ နှစ်စဉ်ကျင်းပပါတယ်
ကိုစိုင်းစိုင်း အကိုရဲ့ကဗျာနဲ့စာတွေ ကျနော်အတွက် အားလုံးဖတ်လို့ကောင်တယ် ကြိုက်တယ်
Post a Comment