အဝေးဆုံးကို

Sunday, August 22, 2010
အမှန်ကို မသိသော
အ၀ိဇ္ဇာ တရားကြောင့်
လိုချင်တပ်မက်သော
တဏှာခင်းကျင်း၍
သစ္စာတရား နှစ်ခုမှာ
သမုဒယမှာ ပျော်ပါးပြီး
ဒုက္ခသစ္စာမှာ ပူဆွေးလို့သဖုံ
အချိန်ကာလတစ်ခုကို
ဆက်နွယ်ကာ ကူးလူးခဲ့လို့
ကိုယ်၌မှာ မစိုးနိုင်သော
အနတ္တတရားကြောင့်
ညှိနှိုင်းလို့ မလွယ်ခဲ့သမျှ
အနိစ္စ မမြဲခြင်းတရားအောက်
ပျက်စီးခြင်း အဆုံးမှာ
နင်နဲ့ငါ အဝေးဆုံး အဝေးဆုံးကို
လျှောက်လှမ်းကြတော့မှာလား

2 ဝေဖန်ထားပါတယ်။:

ဆောင်းနှင်းရွက် said...

တရား သဘောတွေ ပါနေသလိုလို ပဲ .. :)

White said...

နေခြည်လဲ တရားလာနာသွားပါတယ်ရှင်..။