ဗိုလ်လုပွဲ

Friday, July 9, 2010
ပြိုင်ပွဲမစသေးပေ၊ ဘာသာစကားမတူသော ပရိတ်သတ် နှစ်ဖက်၏ အော်ဟစ်သံများမှာ ကွင်းလုံပြည့် လျှံတက်နေသည်။ အချိန်ကား သက္ကရာဇ် 2030၊ နေရာကား သုဝဏ္ဏ ကမ္ဘာ့အဆင့်လွန် အားကစားကွင်း၊ ပြိုင်ပွဲကား ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲ၊ ယှဉ်ပြိုင်မည့် အသင်းမှာ ကမ္ဘာ့ ဖလား အကြိမ်ရေ အများဆုံး ယူထားသော ဧည့်သည် ဘောလုံး အသင်း ဘရာဇီးနှင့် ပထမဆုံး အကြိမ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကျင်းပခွင့်ရသော မြန်မာနိုင်ငံမှ မြန်မာ့ အသင်း၊ ပထမဆုံး အကြိမ်မှာပင် ပထမဆုံး ဗိုလ်လုပွဲ တက်ရောက်လာသော မြန့်မာ့ ဘော်လုံး အသင်းနှင့် တွေ့ဆုံ ဗိုလ်လုရမည့် ကမ္ဘာ့ ဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ်။

ပရိတ်သတ် နှစ်သိန်း ရှစ်သောင်းကျော် ၀င်ဆံ့သော ကမ္ဘာ့အဆင့်လွန် သုဝဏ္ဏ ဘော်လုံးကွင်းကြီးမှာ ထွန်းညှိထားသော ဆလိုက်မီးများ၊ လေးဖက်လေးလံတွင် စိုက်ထူထားသော ပြည်တွင်းဖြစ် တီဗွီဖန်သားများ၊ ကွင်းဘေး ပတ်ပတ်လည်တွင် နေရာယူထားသော ပြည်တွင်း မီဒီယာ ကင်မရာသမားများ၊ ကွင်းလုံးပြည့် ရှုဒေါင့်ပေါင်းစုံတွင် တပ်ဆင်ထားသော ကင်မရာများ၊ အ၀ါရောင် ၀တ်စုံများမှ တစ်ဖက်၊ အနီရောင် ၀တ်စုံများမှ တစ်ဖက် နေရာလပ် မကျန်အောင် အားပေးကုန်ကြသော ပရိတ်များဖြင့် သုဝဏ္ဏ ဘော်လုံးကွင်းကြီးမှာ ကြီးကျယ်ခန်းနားမှုကို သရုပ်ဖော်ဆောင် နေလေတော့သည်။

အတိအကျဆိုရသော် တိုင်းနှင့်ပြည်နယ်ကို ကိုယ်စားပြုသော အားဖြင့် ဤဗိုလ်လုပွဲကို 2030 / 07 / 14 ရက်နေ့တွင် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘော်လုံး အဖွဲ့ချုပ်နှင့်တကွ တာဝန်ရှိ နိုင်ငံခေါင်းဆောင်များမှ ညှိနှိုင်း စီစဉ်ထားသည်ဟု သိရလေသည်။

ကွင်းဝင်လက်မှတ် မရရှိကုန်သော မြန်မာ ပရိတ်သတ်များအား တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ရန် သက်ဆိုင်ရာ လူကြီးများမှ အများ ပြည်သူပိုင် လမ်းဆုံလမ်းခွ၊ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံတွင် မြေစိုက် ပရိုဂျက်တာ ကြီးများဖြင့် ကြည့်ရှုအားပေးနိုင်ရန် စီစဉ် ထားရှိ ပါ သဖြင့် ကျေးဇူးတော် တင်ကြပါကုန်။

ပြိုင်ပွဲစတင်ရန် မိနစ်အနည်းငယ်အလိုတွင် နှစ်ဖက်အားကစား သမားများနှင့် ဒိုင်လူကြီးများ ကွင်းအတွင်းတွင် တန်းစီနေရာယူကာ သက်ဆိုင်ရာ နိုင်ငံတော် သီချင်းများ သီဆိုနေကြလေပြီ။ ဘာဆိုလို့ ဆိုမှန်းမသိပဲ ပြီးသွားသော ဘရာဇီး၏ သီချင်းသံ အပြီးတွင် ( တို့ဖိုး ဖွားမြေ အစစ်မို့ ချစ်မြတ်နိုးပေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ တို့ပြည် တို့မြေ အကျိုးကို ညီညာစွာ တို့ တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ကျေ အဖိုးတန်မြေ ) သီချင်း အပြီးတွင် ကွင်းလုံး ပြည့်လျှံသော လက်ခုပ်သံများ သောသောညံနေလေတော့သည်။

နှစ်ဖက် အသင်းခေါင်းဆောင် ကာကာနှင့် ရန်ပိုင် အလံလဲလှယ် ကြလေပြီ။ ပြိုင်ပွဲစ ခရာသံအား မှုတ်၍ အပြီး မြန်မာ အသင်းမှ စတင်ကန်ခွင့်ရပါသည်။ ဟုတ်ကဲ့ .... တစ်ဖက်နှင့်တစ်ဖက် သွေးတိုးစမ်းကြနေသည်။ 15 မိနစ်ခန့်တွင် ကာကာနှင့် မြန်မာ ဂိုးသမား အောင်ကျော်ကျော်တို့ တွေ့ကြလေသည်။ ကာကာကန်သွင်းပါသည်။ အောင်ကျော်ကျော် ပုတ်ထုတ်လေသည်။ ဘော်လုံးမှာ လက်နှင့် ထိ၍ ဂိုးအတွင်းသို့ လိမ့်ကာ လိမ့်ကာဖြင့် ဂိုးစည်းတွင် ရပ်သွားပါသည်။ကွင်းလယ်ဒိုင် မှာ ဂိုးပေး မပေး ဆုံးဖြတ်ရ ခက်နေတော့သည်။ သို့သော် စက္ကန့်မခြား ဂိုးတိုင်များတွင် တပ်ဆင်ထားသော မြန်မာ့နည်းပညာ စစ်စတမ်မှာ ဂိုးအဖြင့် သတ်မှတ်ပေးလေသည်။

ဘရာဇီး 1 ဂိုး မြန်မာ ဂိုးမရှိ ဆက်လက် ယှဉ်ပြိုင်လေသည်။ သို့သော် ဘော်လုံး နည်းပညာတွင် အဆင့်တူ သတ်မှတ်ခြင်း ခံရသော ကစား သမားများမှာ ပထမပိုင်းတွင် မည်သူမျှ ဆက်လက် ဂိုးသွင်းနိုင်ခြင်းမရှိပဲ 1 ဂိုး ဂိုးမရှိဖြင့် ပထမပိုင်း ပြီးဆုံးလေသည်။ အ၀တ်လဲခန်းတွင် မြန်မာ့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှာ ကစားသမားများကို တိုးတိုးဖြင့် တမျိုး၊ ဘရာဇီးနည်းပြ အန်ကယ် ပီလီမှာလည်း ၄င်း၏ ကစားသမားများအား မတိုးမကျယ် တဖုံ တွတ်ထိုးနေစဉ်မှာပင် ဒုတိယ ပိုင်းအား ဆက်လက် ယှဉ်ပြိုင်ရန် အချိန်ကြလေသည်။

ဒုတိယပိုင်းတွင် မြန်မာ အသင်းမှ တိုက်စစ်ဆင် ကစားလာသည်။ တိကျလျှင်မြန်သော ရန်ပိုင်၏ ကစားအားကို ဘရာဇီး နောက်ခံလူ တားဆီးရန် ခက်ခဲနေသည်။ ဒုတိယပိုင်း မိနစ် 70 တွင် စိုးမြတ်မင်း ထိုးပေးသော ဘော်လုံးအား ရန်ပိုင် ဆွဲယူ၍ ဘရာဇီး ဂိုးသမား ဒီဒါအား လိမ်ခေါက်ကာ ချေပဂိုးအား အပိုင်သွင်းယူ နိုင်ပါသည်။ မြန်မာကွ မြန်မာဟေ့ အော်ဟစ်အားပေးသံများမှာ ကြက်သီးထ ဖွယ်ပင်။

ထို့နောက် သူတပြန် ကိုယ်တပြန်တိုက်စစ်ဆင်၍ အနိုင်ရရှိရန် ကြိုးစားနေစဉ် ပွဲပြီးရန် 2 မိနစ် အလိုတွင် ဘရာဇီး ဂိုးဧရိယာ အတွင်း ဘော်လုံး ဆွဲပြေးလာသော ရန်ပိုင်အား ဘရားဇီး နောက်ခံလူမှ ကြမ်းတမ်းစွာ ဖျက်ထုတ်သဖြင့် ဒိုင်လူကြီးမှာ အနီကဒ်ပြ မြန်မာ အသင်းအား ပင်နီတီ ကန်ခွင့်ပြုလေသည်။ ဘော်လုံးအား စိုးမြတ်မင်း ကန်ပါမည်။ ဂိုးသမား၏ ညာဒေါင့် ဂိုးပါသည် ခင်ဗျား။ မြန်မာ 2 ဘရာဇီး 1 ....

မြန်မာပရိတ်သတ်များ ပျော်ရွှင်နေသလောက် တစ်ဖက် ဘရာဇီး ပရိတ်သတ်များမှာ မှိုင်နေသည်။ လက်ကျန်မိနစ်အား ဘရာဇီးမှ ချေပဂိုးရရန် ကြိုးစားနေစဉ် အတွင်းတွင် ဖျက်အားကောင်းသော မြန်မာ့နောက်တန်းအား မကျော်လွှားနိုင်ပဲ ကွင်းလယ်မှ ပွဲပြီး ခရာသံ ညံထွက်လာလေတော့သည်။

တီတီတီ.... တီတီတီ.... ဟိုက် ဖုန်းအလန်းမြည်လာပါလား ။ တောက်ကွာ အိပ်မက်ကလည်း ကွတ်တိမှ ......

ဘာဆက်ဖြစ်ကျန်ခဲ့သည် မသိ မသိ မသိ

5 ဝေဖန်ထားပါတယ်။:

ကောင်းကင်ပြာ said...

တို့ မြန်မာ ဘောလုံးသမားတွေလဲ အဲ့ချိန်ဆို ထိပ်ပြောင် နေလောက်ပီပေါ့ နော်..းP

နင်က ညနေကြီး အိပ်တာကိုး.ကယောက်ကယက် တွေ မက်တော့ မှာပေါ့ဟ...

တလနွန် said...

ဦးရှင်ကြီး အိမ်မက် က အိမ်မက် ပဲလေ :)

လင်းခေတ်ဒီနို said...

တော်သေးတာပေါ့ ဦးဦးရှင်ကြီး . . . ၂ ၁ လောက်နဲ့ မို့ပေါ့ဗျာ ဆက်ကန်ရင် မျိုးမင်းထွန်းတို့ ရာဇာဝင်းသိန်းတို့ ထပ်သွင်နိင်ခြေရှိတယ်ဗျာ ဟားဟားဟား ဒီလိုဆိုရင် ဟိုသီချင်းထဟစ်လိုက်မယ်
မြန်မာနိင်ပီး တို့မြန်မာ လိမ်ပြီး . . . အဲလိုထဟစ်လိုက်မှာဂျး))))

ခင်မင်စွာဖြင့်
ဗညားရှိန်

စနေသား said...

ဝါးဟားဟားဟားး))) ... ဦးရှင်ကြီးကတော့ ဟာသလည်းရတယ်ကိုးးး .... ၀ါးဟားဟား... တစ်ယောက်ထဲ အော်ရယ်ပစ်တယ်ဗျာ....

လေးစားလျက်
စနေသား

Unknown said...

ဒါမျီုးတွေရိုးနေပါပြီကွာ