သယ်ပိုးခဲ့ ရက်ကြာ
ချွေးသံတွေ ရွှဲရွှဲ
သွေးစက်နဲ့ သက်ဆက်
ပေးအပ်ခဲ့ မိခင်
ပုခုံးရယ် လက်နှစ်တစ်
ဖ၀ါးရယ် လက်နှစ်လုံး
ကျွေးမွေးလို့ သုတ်သင်
လူလားရယ် မြောက်လို့
ဒီနေ့နဲ့ ဒီရက်
ကျေးဇူးရယ် မှတ်မြင်
လက်ဆယ်ဖြာ မိုးအုပ်
ဦးထိပ်ဝယ် ပန်ဆင်
မွေးမိခင် မေမေ
သံသရာ လမ်းထက်
ချောမွေ့သော ခရီး
ဖွေမိသော တရား
မြတ်စွာသော မဂ်ဖိုလ်
တွေ့မြင်သူ စစ်စစ်
မေမေ ဖြစ်နိုင်ပါစေ..
ကျွန်တော်၏ မွေးနေ့၌ ဤကဗျာလေးဖြင့် ကျေးဇူးရှင် မေမေအား ကန်တော့အပ်ပါသည်။

5 ဝေဖန်ထားပါတယ်။:
အာာရား..
ကောင်းလေစွ ကောင်းလေစွ..
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..
ကဗျာလေး ကောင်းလိုက်တာ...။ မွေးနေ့မှာ ကျေးဇူးရှင် မေမေ ကို သတိတရ ကဗျာလေးစပ်ပြီးတော့ ပိုစ့်တင်တာ တကယ်ကောင်းပါတယ်။
ဦးရှင် မွေးနေ့မှစ ဘ၀ တစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ မိဘ ကျေးဇူးဆပ်နိုင်သော သား ဖြစ်ပါစေ။
ကျေးဇူး သိတတ်တဲ့ ဘယ်တော့မှ ဒုက္ခ မရောက်တတ်ပါဘူး...
ငါတော့ ဝေး နေသေးတယ်...အမေ သီချင်း အိမ်သီချင်း တွေ တောင် နားမထောင်ပဲ ထားတာ ကြာပီ...း)
သား တလုံး ကျန်ခဲ့တယ်အေ...အဲ့လို ပြာယာခတ်တာ.
ဦးရှင် ဟက်ပီးဘတ်ဒေး
မွေးနေ့မှာပျော်ရွှင်ပါစေ
လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝ အောင်မြင်ပါစေကြောင်း ..း))
Post a Comment