သူမ

Thursday, September 17, 2009
ကျွန်တော် နယ်မြို့လေးမှ ရန်ကုန်မြို့သို့ စတင်ပြောင်းရွှေ့လာသော ရက်ပိုင်းမှာပင် သူမအား စတင် သတိထားမိသည်။သူမ၏ တည်ငြိမ် သော ဟန်ပန်နှင့် လိုက်ဖက်လှစွာ ၀တ်ဆင်ထားသော ရုံးဝတ်စုံနှင့် ရုံးသွားရုံးပြန်ကို ကျွန်တော် စောင့်ကြည့်တတ်သည်။ သူမသည် ကျွန်တော့်အား ဂရုပင်စိုက်မိမည် မဟုတ်ပေ။သူမ၏ အိမ်ရှေ့တွင် တခါတရံသော ညဖက်များတွင် ကောင်လေးများ၏ ဂစ်တာသံ သဲ့သဲ့ကို ကြားရတတ်ပေသည်။ဒီလိုနှင့်ပင် ကျွန်တော်၏ ရင်ဘတ်ထဲတွင် သူမ နေရာဝင်ယူခဲ့သည်ကို ကျွန်တော် သတိမထားတတ်ခဲ့ပေ။

ရေကြည်ရာ မြက်နုရာ သဘောဖြင့် သိပ်မကြာလိုက်သော အချိန်တွင် ကျွန်တော်သည် စင်္ကာပူ နိုင်ငံသို့ ရောက်ရှိလာခဲ့လေသည်။လုံး လည် ချာလည် လိုက်နေသော စင်္ကာပူ၏ လူနေမှု ရက်စွဲများအား လမှနှစ်၊ နှစ်သေးမှနှစ်ကြီးသို့ အလီလီပြောင်းလဲ နေထိုင်ခဲ့လေသည်။ထိုအချိန်များတွင် သူမအား မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေတော့သည်။

ယခု တစ်ခေါက် ရန်ကုန် ခွင့်ပြန်ချိန်တွင် သူမသည်လည်း စင်္ကာပူ နိုင်ငံသို့ ရောက်ရှိနေကြောင်း ကျွန်တော် သိခွင့်ကြုံခဲ့လေသည်။ဤသတင်းသည် ကျွန်တော့်ရင်ဘတ်ထဲမှ အချိန်ကာလ ကြာမြင့်စွာ ငုပ်လျှိုးကွယ်ဝှက်နေသော သူမကြောင့် ကျွန်တော် ရင်ခုန်မြန်ခဲ့သည်။သူမ၏ အချက်အလက်များကို သူမ၏ နေအိမ်မှ လူကြုံပစ္စည်း သယ်ယူခြင်းဖြင့် ကျွန်တော် အရယူခဲ့တော့သည်။

သူမနှင့် စတင်၍ စကားပြောမိချိန်တွင် သူမသည် ပွင့်လင်းမှု၊ရိုးသားမှုကို တန်ဖိုးထားတတ်သော မိန်းခလေးမျိုး ဖြစ်နေသည်။သူမသည် အမှန်တရားကို မြတ်နိုးတတ်၍ မဟုတ်မခံ စိတ်ထားရှိလေသည်။သူမသည် အရာရာအားလုံးကို တန်ဖိုးထားတတ်၍ တုန့်ပြန်တန်ဖိုးကိုပင် အလိုရှိသူ ဖြစ်လေသည်။သူမအား အလိုမကျမှု တစ်ခုခု ကျွန်တော် လုပ်ဆောင်မိသော် တူညီသော ခံစားမှုကို သူမသည် ကျွန်တော်အား ပြန်ပေးတတ်သည်။သူမသည် တခါတရံ လူကြီးဆန်စွာ ပြုမူနေထိုင်တတ်၍ တခါတရံတွင် ရိုးသားသော ချစ်စဖွယ် အမူအရာ ရှိတတ်လေ သည်။

သူမအား ကျွန်တော်မှ ချစ်ရေးဆိုခဲ့ချိန်တွင် သူမသည် အလေးအနက်ပင် နားထောင်ပေးခဲ့သည်။ သူမသည် အဖြေတစ်ခုအတွက် ရက် ချိန်း ကိုပင် သူမ သတ်မှတ်ပေးခဲ့သည်။ ရက်ချိန်းအတွင်း နားပူနားဆာ လုပ်တာကိုပင် သူမ မကြိုက်နှစ်သက်ပေ။ သူမသည် ဟာသ စာပေများကို နှစ်ခြိုက်တတ်သလို၊ မေတ္တာဖော်ညွှန်းသော စာများလဲ ဖတ်တတ်သည်။ သူမသည် လုပ်ငန်းခွင်တွင်းမှ အဆင်မ ပြေမှုကို ပြောပြတတ်သလို၊ နားထောင်ပေးတတ်သော ကျွန်တော့်အား ရုံးမှ သကြားလုံးများ ကျွေးမည်ဟု ပြောတတ်သေးသည်။

စင်္ကာပူ လူနေမှုပုံစံတွင်းမှ မွန်းကျပ်မှုများကို သူမ ခံစားနေချိန်တွင် သူမအား သနားသည်ဟု ပြောလျှင် သူမ မနှစ်မြို့တတ်၊ ကိုယ်ချင်းစာ သည်ဟု သုံးနှုန်းလျှင် သူမ လက်ခံတတ်ပေသည်။ သူမသည် ညနေစာကို နောက်ကျစွာ မစားတတ်သလို၊ ရေခဲမှုန့်ဘူးကို ကုန်အောင် လည်း စားတတ်သည်။ ချောင်းဆိုးမည်ဟု သတိပေးသော်လည်း ဆေးသောက်လိုက်လျှင် အဆင်ပြေသည်ဟု ဂျစ်ကန်ကန် တတ်ပေ သည်။

သူမအား လာတွေ့မည်ဟုဆိုလျှင် ခရီးဝေးသည် မလာနှင့်ဟု ပြောတတ်ပြီး၊ ဘယ်အချိန်ရောက်မလဲ ဟူ၍လည်း မေးတတ်လေသည်။ အခြားဆိုင်တစ်ဆိုင်မှ နှင်းပုလဲအအေးအား ၀ယ်ပြီး နောက်ဆိုင်တစ်ဆိုင်တွင် သူမ အအေးထိုင်သောက်တတ်လေသည်။ ထိုသူမသည်ပင် မ၀ါဝါခိုင်မင်း၏ TAG post အတွင်းမှ ကျွန်တော်၏ ရင်ထဲက ပန်းတစ်ပွင့်ပင် ဖြစ်လေတော့သည်။ သူမသည် ကျွန်တော်၏ ရင်ထဲက ထာဝရ ပန်းတစ်ပွင့်ပင် ဖြစ်လေသည်။







21 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

ပျော်ရွှင်မူတွေနဲ့ သူမကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်း)

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဘူလဲဟင်........ သိချင်တယ်။

Sein Lyan Tun said...

သူမ လေးက ဘယ်သူလဲ... လာရင်ပြောပြ....


သူမနဲ့ ဦးရှင်ကြီး ပန်းပွင့်တွေ ဝေဆာပါစေ....

ပွင့်သောပန်းတိုင်းလန်းဆန်းပါစေဗျာ


ချစ်ခင်ခြင်းများစွာဖြင့်

ဖိုးစိန်

သီဟသစ် said...

အစ်ကိုစိုင်း

သူမက ဟိုသူမလားဟင်?

ပျော်ရွှင်ချမ်းမြေ့သော ချစ်ခြင်းကို သူမနှင့် အတူ ခံစားနိုင်ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

ချစ်စရာ၊ ခင်မင်စရာကောင်းလှသော အေးချမ်းသည့် သူမ နှင့် အမြန်ဆုံး နီးစပ်နိုင်ပါစေ

ခင်မင်စွာဖြင့်

စိမ်း... said...

ဖတ်ရတာ ကောင်းလိုက်တာ... ၀ါကျတိုတွေကို အပြောက်အမွှန်းသိပ်မပါပဲ ရေးထားတာ... တကယ်ကိုပဲ ရသတစ်မျိုးရစေတယ်... subject ကိုချည်းပုံဖော်ထားတာ... related background အဖွဲ့တွေမပါဘူး... အဲ့လိုရေးရင် ဒီလိုမျိုး ဖတ်လို့ကောင်းလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားဖူးဘူး...

စကားမစပ်...
သူမရဲ့ ထာဝရကမ္ဘာဖြစ်ပါစေနော်...

စည်သူ said...

ဟဲ.. ဟဲ..

ဟုတ်တယ်..ဟုတ်တယ်လို့ တော့ထင်တာပဲ ကိုသီဟတစ်ရေ.. ဟီးဟီး..

ပြောတော့ပါဘူးဗျာ.. မေးရင်လည်း ပြောမှာဟုတ်ဘူး.. :P

ပြောလိုက်ချင်ဘူး..လုပ်ပုံက..
ကိုယ်လည်း သိပြီး..

နောက်ဆို လူကြုံလေးဘာလေး မပေးတော့ဘူးလားလို့ လိုက်မေးအုံးမှ..

Dream said...

အဲ့ဒီတူမကိုတိရယ်တိရယ်....ရှစ်စရာရေး...
မက်မက်တို့ကတော့ အဲဒီတူမကိုတိတွားပီ..အဲဒီတူမဖဲဖစ်ရမယ်....
.... ခစ်ခစ်

တူမနဲ့ထာဝရ ပေါင်းစုန်နိုင်ပါချေနော်။
ကဲတူမရေ....နောက်ဆိုလူကြုံတွေ ထပ်မှာပလိုက်..အဟတ်... :P


သတိ....မိန်းကလေးများအိမ်သို့ ကြိုတင်အကြောင်းကြား ထားရန်...
ကိုစည်သူ လိုက်မေးတော့မယ်တဲ့။ အဟီးးးးး
သတိသာထားပေတော့။ အဟားဟား

(ဖွခဲ့လိုက်ပြီ)

WWKM said...

ဟမ်းးးး
ဘူလေးတုန်း ဘူလေးတုန်းး)))
ဦးရှင်ကြီးတို့ တကယ်ကြီးစွံတော့မှာလား မသိဘူးတော့။
ဒီနှစ်တော့ ချိန်တိုင်းမလွဲ တကယ်စွံပါစေ ဦးရှင်ကြီးရေ။

သူမ..သူမ ... ရေသူမတော့ မဟုတ်လောက်ပါဘူးနော်.
ဟဟားးး ( ဦးရှင်ကြီးကို ခင်လို့ စသွားတာ။)း)

အဆင်ပြေပါစေ။
လူပျိုကြီး မြန်မြန်စွံပါစေကွယ်။

WWKM said...

အဲ.. အမှတ်တရ ရေးပေးတာ အရမ်းကျေးဇူးတင်
မိပါတယ် ဦးရှင်ဂျီးရေ။

မဂျီဝါ

မေကဆုန် said...

ဦးရှင်ကြီးနဲ့ ဦးရှင်ကြီးရဲ့သူမလေး ထာဝရ ပျော်ရွှင်လို့ လက်တွဲမြဲနိုင်ပါစေရှင်

Ree Noe Mann said...

ကျနော်လည်း သိတယ် သူမဆိုတာ သူမ ကိုပြောတာ မဟုတ်လား
ဟုတ်တယ်ဆိုရင်းတော့ မြန်မြန် လှုပ်ရှားတော့ ဗျို့

အချိန်နဲ့ ဒီရေ က လူကို မစောင့်ဘူးတဲ့ ဗျ။

ရီနို

thinzar said...

သူမ သူမ သူမ ဦးရှင်ကြီးကလည်း သူမ နေတာကို ကြည့်နေရသလား ဝိုင်းမပေးလိုက်ပါလားလို့ :P

သူမနဲ့ အမြန်ဆုံး အိုကေမှာ ဆိုပြေပြီး ပန်းတွေ ဝေဝေ ဆာဆာ ကြီး ပွင့်ပါစေဗျာ ......

ဒါနဲ့ ညည ဂစ်တာတီးတဲ့အထဲမှာ ဦးရှင်ကြီးလဲ ပါတယ်ဟုတ်..။ ဝန်ခံပါ ဝန်ခံပါ ။ ဟဲဟဲဟဲ

kaungkinpyar said...

အဲ့ သူမ ကို တို့လဲ သိတယ်၊ အဆင်ပြေပါစေ စိုင်းရေး)

kiim said...

ဒူလေးလဲဟေ့..အဲ့ဒါဒူလေးလဲ... :P

မေလေး said...

အော် ဟိုတခါ မကြယ်ပြောတဲ့ သူမကိုးးး
သိပါ့

ကြယ်ပြာ said...

သူမကို ငါတောင်စကားသွားပြောလိုက်သေးတယ် ...
အဟေး ဟေး

ညီညီ said...

သူမ က ဘယ်သူတုန်း ရှင်းရှင်းပြောလို့မရဘူးလားဗျ. သီတင်းတော့ကျွတ်ပြီဗျ. အမှီလေးလုပ်နော် ဦးရှင်ကြီး.

အမြန်ဆုံး ဆုံးဆည်းရပါစေဗျာ.

ခင်မင်လေးစားလျှက်

ညီညီကျော်

ရေတမာ said...

မိုက်တယ်ဗျာ မလိမ္မာဘူး မြန်မြန်စွံပါစေ ဦးလေးရေ

Anonymous said...

လိုချင်လို့ကို တစ်ပိုင်းသေတော့မယ် ခုထိမရသေးဘူး
ဟီးဟီး
လာဖွသွားတယ်ဟေ့



လေလွင့်လူး

မိုးခါး said...

ဂွတ်ထ ဂွတ်ထ
ထာဝရ အစဉ် တည်မြဲစွာနဲ့ ချစ်ခင်နိုင်ပါစေ
တသက်တာအတွက် ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ ..း))