ယနေ့မှသည်.........

Friday, October 2, 2009
ပန်းကဗျာ ရင်မှာပွင့်ပြီမို့
မိုးထက်ယံ လေဟုန်အနှော့မှာ
ငှက်မောင်နှံ တေးသီကျူးပါလို့
မုန်တိုင်းငယ် ထန်ပါလေ့စေတော့
မိုးကြိုးသွယ် ကြုံလာခဲ့စေဦး
တွဲလက်ကယ် မဖြုတ်တမ်းရယ်နဲ့
ယနေ့မှသည် နှစ်တစ်ရာတိုင်လေအောင်
ရေပြင် ဝေဟင် မြေပြင်ထက်အနှံ့မှာ
ငှက်မောင်နှံ သစ္စာစကားသံများ
ပျံ့လွှင့်ကာ ထင်ကျန်ရစ်စေသား......

11 ဝေဖန်ထားပါတယ်။:

ရေတမာ said...

ရွှေလက်တွဲ မြဲနိုင်ကြပါစေ။ သစ္စာတရားမြဲကြပါစေ။ ပျော်ရွှင်ကြပါစေ။ သီတင်းလည်းကျွတ်ပြီ ဟားဟား

စည်သူ said...

ဟုတ်ပါ့

ဝါကျွတ်ပြီ တွဲလက်မဖြုတ်ပဲ
နှစ်ပါးသွားတာကို မြင်ချင်တယ်ဟေ့

ဖွလိုက်ပြီး..းP

ကဗျာက ရင်ထဲက ခံစားချက်ပဲ ဖြစ်ရမယ်..း)

စိမ်း... said...

ဘာကျွေးမှာလဲ ဟင်... :P

ယနေ့မှစ နှစ်တစ်ရာတိုင်
မယိုင်မလဲ ခိုင်မြဲသောမေတ္တာဖြင့်
သစ္စာထား.. နှစ်ပါးဂဟေ
သက်ထားမေနှင့်ဆက်နိုင်ပါစေသော်...

ဘာလဲတော့သိဘူး ရှေ့ကလူတွေ အော်လို့ လိုက်အော်တာ....

မငုံ said...

သီတင်းကျွတ်ပြီးဆိုတော့ ကဗျာလေးက အကိုက်ပံ။ ရွှေလက်တွဲမြဲပါစေ။

thinzar said...

အာပါပါးး....
ဦးရှင်ကြီး သူမ သွားပြီပေါ့လေ.... ဟီးဟီးး

ရွှေလက်တွေ မြဲကြပါစေသားးးး...

Mogok Thar said...

သီတင်းကျွတ်ပြီ။ မီးပုံးပျံ လွတ်ရအောင်။ ဗျောက်အိုးများလဲ ဖောက်ကြမည်။ မီးအိမ်လေးတွေ တန်းစီ ထွန်းကာ ဆီမီး အတူ ပူဇော်ကြမည်။

;-P

တွဲလက်တွေ မြဲခိုင်စေဖို့ ဖုောင်းပေးပါတယ်ဗျားးးးး

;-)

ဂျပန်ကောင်လေး said...

အမယ်..း)..တယ်လာတဲ့စာပါလား

kaungkinpyar said...

ရွှေလက်တွေ မခွဲ မြဲပါစေ စိုင်း ရေ..း)

လေလွင့်လူ said...

အဟီး စလို့တော့ကောင်းသား စိတ်မဆိုးကျေးနော်
ကျနော်က စာလုံးပေါင်းတောင်မှန်အောင်မနည်းကြိုးစား
နေသူပါ ဦးစိုင်းက တော့ကဗျာကောင်းတွေရေးတက်တာ
ဂုဏ်ယူပါတယ်ဗျာ

နာမည်လေးကတော့.....အင်ပြောတော့ပါဘူး
ဂျီမေးတော့ပေးခဲ့မယ်

laylwintlu22@gmail.com

နောက်တော့သိလာမှာပါ ကျနော်ဘယ်သူလည်းဆိုတာ

ကဗျာဦး said...

ကောင်းမှကောင်း

မိုးခါး said...

wowwwwwwwwwwwww
စားရတော့မယ် .... :D
အကြိုလည်းကျွေးလို့၇တယ်
အစိန်လဲ ကျွေးလို့ရဒယ်
နောက်ထပ် နောက်ထပ်လည်း ကျွေးလို့ရတယ်နော် .. :D
ယနေ့မှစ နှစ်၁၀၀ တိုင်ကွယ် .............း))