ကဗျာ

Tuesday, August 18, 2009
ည ကြယ်ရောင်အလင်းနဲ့
ချစ်ခြင်းကို စာစီ
စာမပီတာ ခဏခဏ

ခုနှစ်စင်ကြယ်တောင်
အရောင်တွေမှိန်လို့

လင်းကြက်တွန်
အာရုဏ်လင်းခါမှ

စာလုံးနှစ်လုံးနဲ့
ကဗျာတစ်ပုဒ်ဖြစ်သွားတာ

'' ချစ်တယ် '' တဲ့

9 ဝေဖန်ထားပါတယ်။:

စည်သူ said...

I love u too....

Hal Hal Hal.... Whatever whenever, i"m first.

မေဇင် said...

ခေါင်းစဉ် က ကဗျာ ဟုတ်ဘူးလား ဟင်.... ။ နင့်ကို ငါ ချစ်တယ် လဲ မတွေ့.....း)

အိုက်တား said...

အားရားးးး.... အချစ်
ဝုတ်တယ်.. ဝုတ်တယ်...

ကောင်းကင်ပြာ said...

နင့်ကိုငါ ချစ်တယ်က ခေါင်းစဉ်လား ကဗျာလား၊ ကဗျာက ခေါင်းစဉ်လား ကဗျာက ကဗျာလား အို ရှုပ်ကုန်ပြီ၊ အိုကေ ပါ့မလားပဲ

မေလေး said...

ဟင်
ဘာမှလဲ မဆိုင်ဘဲနဲ့
ပြောတော့ ကဗျာဆို

Sein Lyan Tun said...

မချစ်နဲ့လို့ မပြောပါဘူး

ချစ်ပါ


အဲလောက်ထိ ရှင်းပြစရာကိုမလိုဘူး

အချင်းချင်းကို

ဟီးး

ချစ်တဲ့

ဖိုးစိန်

ကိုရေတမာ said...

မျက်စိကိုလည်သွားတာပဲ မကောင်းကင်ပြာပြောသလိုပဲ နောက်ဆုံး ချစ်တယ် ဆိုတာ တခုတော့ တွေ့ခဲ့တယ်

thinzar said...

ချစ်နိုင်သူတွေဆိုတော့
ချစ်ကြပါ ချစ်ကြပါ...
ဟီးးး .....

မိုးခါး said...

hooonnnnnn
မပြောချင်ဘူး
နုနေလိုက်ပုံများ
အချစ်က နုပျိုစေတယ်လား ဦးရှင်ကြီးရေး))