၆၄

Saturday, August 22, 2009
ငွေသော်တာ လစန္ဒာနံဘေး
ထွန်းလင်းသာ ကြယ်စင်သောကြာ
မန်းရွှေဘုံ ဟိုးမြင့်ထက်မှာ
တင့်လှတယ်လေး

ဖွားနှစ်တူ ထိုသူ နှစ်ဦးမှာ
မတိုင်ပင်ပါ ထွက်ခွာချိန်ရောက်
လမင်းသာ ငွေရောင်ပျောက်လို့
ကြယ်စင်မှာ ကြွေကျတယ်လေး

မိုးသင်္ကြန် ဦးဇော်သွားတော့
ကာတွန်း ဆရာ ကံချွန်လိုက်တယ်
ရတနာပုံ ဂုရုများက
ချစ်ကြတယ်လေး

1945 ခုနှစ်တွင် နှစ်ခြင်းတူ ဖွားမြင်ခဲ့၍၊ 2009 ခုနှစ်တွင် နှစ်ခြင်းတူ ကွယ်လွန်ရှာသော၊ မန္တလေးနွယ်ဖွား ထို ဆရာ နှစ်ဦးအား ဤ ( ၆၄ ) ဟူသော ကဗျာ တစ်ပုဒ်ဖြင့် ၀မ်းနဲစွာ ဂုဏ်ပြုအပ်ပါသည်။ ဆရာ နှစ်ပါး ကောင်းရာ သုဂတိ လားပါစေ။



4 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

ုအကိုရေ ထပ်တူထပ်မျှ ခံစားရပါတယ်။ တကယ့်ပညာရှင်ကြီးတွေ တဖြည်းဖြည်း နဲပါးလာတယ်ဗျာ.. ဆရာကြီးတွေ ကောင်းရာသုဂတိ ရောက်ပါစေ

လေးစားလျက်
တောင်ပေါ်သား

Sein Lyan Tun said...

ဆရာကြီးတွေ ကောင်းရာဘုံမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေဗျာ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မေဇင် said...

ဟုတ်တယ်... တကယ် နှမြောစရာ ကောင်းတယ်..။

kaungkinpyar said...

စိတ်မကောင်းဘူး