''မှန်''

Monday, August 17, 2009
ကျွန်တော်တို့ အားလုံး အားလုံးပေါ့.... ရုပ်ရည် ရူပကာ လှပသောသူ၊ ရွက်ကြမ်းမှာ ရေကျိုနေသူ၊ အကျည်းတန် ပုံဆိုးနေသူ၊ သူသူ ငါငါ အားလုံး ( မှန် ) ကြည့်ဖူးကြမှာပါနော်.....။

တစ်ချို့တစ်ချို့တွေဆို ခဏခဏကြည့်ကြမယ်။ တစ်ချို့ကြတော့လဲ နှစ်ခါ သုံးခါ ကြည့်ဖြစ်ကြမယ်။ မှန်ကို ကြိုက်ကြ တဲ့ အပေါ်မှာ မူတည် မယ်ထင်တယ်။ အိပ်ခန်းထဲက မှန်ကို ကြည့်မယ်။ ရေချိုးခန်းထဲက မှန်ကို ကြည့်ကြမယ်။ စလင်းဘတ်ထဲက မှန်ကို ထုတ်ကြည့်မယ်။ ပုံရိပ်ထင်တဲ့ မှန်ဆိုလဲ လမ်းလျှောက်ရင်းလဲ ကြည့်ကြမယ်။ ( MRT မှာဆိုရင် တပိုတပါး မသွားချင်ပဲ မှန်ကြည့်ချင်လို့ TOILET ၀င်သူ တွေလဲ ရှိမှာပဲ

တစ်ကယ်တော့ မှန်ကို ကြည့်ကြတာ မဟုတ်ဘူး။ အတ္တတွေ ထုံမွှမ်းထားတဲ့ ကိုယ့်ရုပ်ကို ကိုယ်ပြန်ကြည့်တာ။ အတ္တက လွှမ်းမိုးနေတော့ ကိုယ့်ရုပ်ကိုတော့ လှနေကြတာပဲဗျ။ မျက်နှာလေးကို ဘယ်လိုလေး ထားလိုက်ရင်ဖြင့် ဘယ်လိုလှတဲ့ အမူအရာတွေ၊ ဘယ်လိုလေး ပြုံးလိုက်ရင်ဖြင့် ဘယ်လိုနှစ်လိုဖွယ် ဖြစ်မလဲဆိုတဲ့ အပြုံးတွေ၊ အ ပေါ်ယံလေးတွေကို စောကြောနေကြတာလား ?

တစ်နေ့တစ်နေ့ ကြည့်လိုက်ရတဲ့ မှန်၊ ရိုးမသွားဘူးနော် ဟိုး လှတပတ အရွယ်ကနေစပြီး အိုမင်းရင့်ရော် သွားတဲ့ အချိန်ထိအောင် ကြည့် နေကြတယ်။ တခါတလေ ပုံစံ တစ်မျိုးလေးနဲ့ မှန်ကို ကြည့်ဖူးလား ? မြင်နေရတဲ့ ကိုယ့်ရုပ် ကို ထွင်းဖောက်ပြီး ဟိုး အတိတ်ကို မြင်ယောင် ကြည့်( ငါဘာတွေများ လုပ်ခဲ့ပြီးပြီလဲ ? )ပစ္စုပန်ကိုကြည့် ( ငါဘာ တွေလုပ်နေလဲ ? ) အနာဂါတ်ကို မျှော်ကြည့် ( ငါဘာဆက်လုပ်မှာလဲ ? ) အဲဒီလို မှန်ကို ကြည့်ပြီး ဒီလို မေးခွန်းမျိုး ကိုယ့်ကိုယ်ကို မေးခဲ့ဖူးသလား ? တွေးမိဖူးသလား ?

သမားရိုးကျ အနေနဲ့ကြည့်ရင်တောင် တစ်နေ့နဲ့ တစ်နေ့ မတူညီနိုင်တဲ့ မျက်နှာပေါ်က ပုံရိပ်ကို သတိထားမိမှာပါ ( သတိထားမိ ကြလား ? )
စိတ်တည်ငြိမ်ပြီး အေးချမ်းနေရင် မျက်နှာမှာ ကြည်လင်နေမယ်။ စိတ်ပူလောင် ခံစားနေရရင် မျက်နှာမှာ ပူ လောင်နေမယ်။ မိမိရဲ့ မျက်နှာ ပေါ်မှာ ထင်ဟပ်နေတဲ့ ပုံရိပ်တွေဟာ မိမိရဲ့ လုပ်ရပ်ကနေ အခြေခံလာတာပဲ။

တစ်နေ့တစ်နေ့ ကြည့်နေကြတဲ့ မှန်ကို ရဲရဲ ၀ံ့ဝံ့နဲ့ ကြည့်နေနိုင်အောင်၊ ကြည်ကြည် လင်လင် ပုံရိပ်ထင်အောင်၊ အ ခြေခံထားတဲ့ အတွင်း သဏ္ဍန်ကို မြင်အောင်ကြည့်နိုင်ဖို့ လိုမယ်....... အားလုံးကိုလဲ မှန်ကို မှန်အောင်ကြည့် တတ် ကြပါစေ..။

စာရေးသူ ကျွန်တော်လဲ မှန်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ( အကျည်းတန် မှန်ကြိုက်ဆိုတဲ့စကားတယ်မှန် တာပဲ ။ ဤကား စကားချပ် )

6 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

မှန် အကျည်းတန် မှန်ကြိုက်၏ လူတိုင်းက တပါးသူမလှဘူးသာ ပြောတာ ကိုယ်တိုင် ကိုယ့်ရဲ့ ရုပ်ကို ကြည့်ရင်ဖြင့် ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ တင့်တယ်နေပါတယ်ဗျာ.. မှန်ဆိုတာ မရှိရင်တော့ လူသားတွေ အရှက်မရှိ သိက္ခာမရှိ ဖြစ်တော့မယ်မလား. မျက်တွင်းမှာ မျက်ချေးအပြည့်နဲ့ ဆံပင်က ဖိုးရို့ဖားရားး) ဒီအတိုင်းလေးလဲ လှနေတာပါပဲ.. ဒီလိုပဲ မှန်လိုမျိုး ကိုယ့်ဖက်ကို ကိုယ်မြင်တတ်တဲ့ လူမျိုးတွေလဲ ရှိသေးတယ်ဗျာ..

လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

ဟုတ်ပါရဲ့ဗျာ မှန်ကို အလိုမကြည့်မိဘူး။ နောက်ဆို ဆင်ဆင်ခြင်ခြင်မှန်ကြည့်မိအောင် လေ့ကျင့်ရဦးမယ် ကျေးဇူးပါ အကိုရေ

ကောင်းကင်ပြာ said...

တနေ့ တခါလောက်ပဲ ကြည့်မိတဲ့ မှန်ကို သုံးလေးခါလောက် ကြည့်ကြည့်လိုက်ဦးမှပါလေ၊း)

စည်သူ said...

မှန်ကိုကြည့်မိပါတယ်..

စပါးပေါ်ချိန်ဆို တစ်မျိုး..
စပါးမပေါ်ချိန်ဆို တစ်မျိုး..

ချစ်သူနဲ့ အဆင်ပြေရင်တစ်မျိုး
ချစ်သူနဲ့ နောင်ဂျိန် ခဲ့ရင် တစ်မျိုး

အော်... ကိုယ့်ကိုကိုယ်တော့ ..
မဆင်ချင်မိပါလား...

အနာဂါတ်အတွက် အရောင်မှိန်မသွားအောင်
မှန်ကြည့်လိုက်အုံးမှ......

ခင်မင်စွာဖြင့်
စည်သူ။

မိုးခါး said...
This comment has been removed by the author.
မိုးခါး said...

အပေါ်က ရေးတာမှားသွားလို့ ဟီးး
တခါတလေ မှန်ကြည့်ပြီး အပူသည်ရုပ်ပေါက်နေရင် မြင်လို့ကို မကောင်းဘူး .. :D