သော့

Thursday, August 13, 2009
ကျွန်တော် ဒီပို့စ်ကို ရေးမယ် ရေးမယ်နဲ့ လုပ်နေတာကြာပြီ ခုမှပဲ ရေးဖြစ်တော့တယ်။ ဒီပို့စ်နဲ့ ပက်သက်ပြီး နဲနဲ တော့ အငြင်းအခုံ ဖြစ်လာ နိုင်တယ်။ မတတ်နိုင်ဘူး ငြင်းလာရင်လဲ ရှင်းယုံပဲပေါ့ ဆိုတဲ့ မရဲတရဲ အတွေးနဲ့ပဲ ရေးပြီ ဗျာ။ တိုက်ဆိုင်မှုရှိတဲ့ သူများ ဒီနေရာကနေပဲ (လွန်တာရှိခဲ့ရင်လဲ ၀န္ဒာမိပါလို့)

ကျွန်တော်တို့ လူသားတွေ (လူသားတွေနဲ့ ချီပြီး စကားလုံးထွားတာ မဟုတ်ပါဘူး) သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ဆိုတဲ့ စကားဟာ မှန်ကန် တယ်လို့ ထင်မိသလား ? သေချာတာက အရွယ်လေး ရောက်လာရင် ရင်ခုန်တတ် လာကြတယ်။ ဆန့်ကျင်ဖက်ကို စိတ်ဝင်စား (စိတ်ကစား တတ်လာကြတယ်) စိတ်ဝင်စားတဲ့ သူ/သူမ တွေ့ခဲ့ ကြရင် သူလေး အကြောင်းကို လေ့လာတတ် ကြတယ်။ သမိုင်းပေး တာဝန်အရ ဆိုခဲ့ရင် ကောင်လေးကပဲ စကား လုံးေ တွ လုပ်ရပ်တွေ ဟန်ရေးပြကြတာပေါ့။ မိန်းခလေး ဘက် ကတော့ စည်းဘောင်ထဲက လှုပ်ရှားကြရတာ ဆိုတော့ ....

ကဲပါဗျာ လိုရင်းကို မရောက်နိုင်တော့ဘူး။ သေချာတာ တစ်ခုက ပိုးကြတယ်၊ ပန်းကြတယ်၊ ချစ်ခဲ့ကြတယ်၊ ဘ၀ တစ်ခုကို တည် ဆောက် ဖို့လဲ ဆုံးဖြတ်ထားကြတယ်။ သင်ဟာ သူမကို ချစ်မိပြီဆိုကတည်းက လက်တွဲ ချင် တယ် နော်။ (တစ်ကယ်ချစ်တဲ့သူသာ ညွှန်း ၏) ဟုတ်ပြီ သင့် အတွေးထဲမှာရော အသိထဲမှာရော သင့်ဘ၀ကို သူမ၏ လက်ထဲ ၀ကွက် အပ်ချင်တယ်၊ (ဟုတ်တယ်နော်) သူ့ဘ၀ကိုရော သင် အပိုင်စိုး ချင်တယ် ဒါသဘာဝပါ။

ခုခေတ်ကာလ အနေအထားအရ စာပေးစာယူ အရမ်းမြန်ဆန် နေတဲ့ခေတ်မှာ သင်ဟာ သင့်ချစ်သူ ပိုင်ဆိုင်တဲ့ စာတိုက်ပုံး သော့ကို လို ချင်ခဲ့ ဖူးသလား ? အတင်းတောင်းဆိုခဲ့ ဖူးသလား ? သင့်အနေနဲ့ တောင်းဆိုခဲ့ဖူးမယ်၊ စာတိုက်ပုံးကိုလဲ ကြိုက်တဲ့ အချိန် ၀င်ဖွင့် နိုင် တယ် ဆိုပါစို့။ သင်ဟာ ဘာကြောင့် ဒီလို လုပ်ရပ်မျိုးကို လုပ်ချင် တာလဲ ? အရိုးရှင်းဆုံး တွေးကြည့်လိုက်ရင် သင်ဟာ သင့်ချစ်သူ အပေါ် မယုံကြည်လို့လား ? သူဟာ သင်ရွေးချယ် ခဲ့တဲ့ သင့်ချစ်သူပါ။

အားလုံးလဲ သိကြပါတယ်။ ကျွန်တော်တို့ အရင်ကာလ တစ်ခုက စာပေး စာယူဆိုတာ စာအိတ်နဲ့ နာမည်နဲ့ လိပ်မူ ပြီး ပို့ကြ၊ ဆက်သွယ်ကြ ပါတယ်။ စာပို့သမားလာရင် လက်ခံမယ့် ကာယကံရှင် ရှိမနေခဲ့ရင်တောင်မှ ရှိတဲ့လူက လက်ခံထားပေးပြီး ကာယကံရှင် လက်ထဲ ကို မူမယွင်းပဲ အပ်နှံကြရပါတယ်။ ဒါဟာ ဘာကို ရည်ညွှန်းလဲဆို လူ ပုဂ္ဂိုလ် ခြင်း လေးစားသမှုပြုတာပဲ။

(ကိုယ်ရေးကိုယ်တာဆိုတာ မိဘ၊မောင်နှမ၊ချစ်သူ၊သူငယ်ချင်း နဲ့ လုံးလုံး မဆိုင်တဲ့ ပက်သက်စရာလဲ မလိုတဲ့ ကိစ္စပါ)

ဒါတွေက သက်ဆိုင်သူခြင်း စာတိုက်ပုံး သော့တွေ ဖလှယ်တာကြတာတို့ ကိစ္စရပ်တွေမှာ စိတ်တူ သဘောတူ ဖ လှယ်ကြတာခြင်း ဆို ရင် တော့ ပြောစရာ စကားမရှိပါဘူး။ ဒါမှမဟုတ်ပဲ အားသာချက် အားနည်းချက်ကို ဖိပြီး ပိုင် ဆိုင်ထားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။

ချစ်သူတွေ ကိစ္စပဲ အဓိက ပြောရရင် ကိုယ်ဟာ အတင်းအဓ္ဓမ ဆန်နေရင် ဘာနဲ့ တူမလဲ ? သူ့အပေါ်ကို ယုံကြည် မှု မရှိတာလား? ကိုယ် ကျင့်တရားကို စော်ကားတာလား ? နိုင်ထက်စီးနင်း လုပ်ချင်တာလား ? (သင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ချစ်သူပါ)

သင့်အနေနဲ့ သင်ပြန်တွေးကြည့်ပါ (ကိုယ်ရေးကိုယ်တာကို ၀င်ရောက်စွက်ဖက်ခြင်းဟာ ကောင်း၏ ဆိုး၏ပေါ့) လူသား တိုင်း တစ်ဦးခြင်း ဆီမှာ လျှို့ဝှက်သင့်တဲ့ အမှုဆိုတာ ရှိတတ်ကြတယ်။ (မဟော်သဓာ ဖြတ်ထုံးတစ်ခု ဖတ်ဖူးကြမှာပါ) ။

ဒီတော့ ဒီစာတိုက်ပုံး သော့ ကိစ္စကို သင်တို့ ဘယ်မြင်ကြသလဲ ?


17 ဝေဖန်ထားပါတယ်။:

မေလေး(ဆုံနိုင်ခွင့်) said...

ဦးစိုင်းကိုထောက်ခံတယ်။
ဒါပေမဲ့ တစ်ချို့ ယောင်္ကျားတွေက အတင်းတောင်းတော့ကော....
မပေးရင် မဟုတ်တာလုပ်နေသလိုလို
အပြောခံရတယ်လေ။
အဲလိုမျိုးဆို ချစ်သူကိုချစ်တော့ ကောင်မလေးတွေက ပေးရတာပေါ့။
အမှန်က မပေးသင့်ဘူးးးးးးးးးးးးးးးးးးး
အပြည့်အဝ ထောက်ခံတယ်။

မေဇင် said...

ဟုတ်ပ.... password ကိုတောင်းတယ်... ကိုယ်ပဲ မဟုတ်တာ လုပ်သလိုလို .... ကိုယ်လဲ သူတို့ သော့ ကို မတောင်းသင့်ဘူး ၊ ပေးလဲ မပေးသင့်ပါ... ။ ဒါပေမယ့် ချစ်သူချင်းတွေတော့ သော့တွေ အပြန်အလှန် သိနေကြတာပါပဲ...။

ကောင်းကင်ပြာ said...

မှန်၏၊ ပေးစရာ မလိုပါ

တောင်ပေါ်သား said...

စာတိုက်ပုံးသော့လေးကိုတော့ လူတိုင်း ပိုင်ဆိုင်ချင်တာပါပဲ။ ဒါပေမဲ့ အထက်ကပြောသလို သော့လေးကို ပိုင်ဆိုင်နေပြီပဲ ထားပါတော့ ဖွင့်ချင်တိုင်း ဖွင့်လို့ ရမှာမဟုတ်ပါဘူး။ ဖွင့်တိုင်းလဲ စာရှိနေမှာမဟုတ်ပါဘူး။သော့ပေးတိုင်းလဲ အရာမရောက်ပါဘူး လူတိုင်းမှာ စာတိုက်ပုံးလေးတွေ များများပိုင်ဆိုင်ကြတာကိုးဗျ ကျနော်တောင် တခါ ရေးဖူးပါတယ်း) သူများ ကိုယ်ရေးကိုယ်တာကို ၀င်မပါသင့်ဘူးဆိုတာကတော့ လက်ခံနိုင်စရာ ဆိုလိုတာက အကိုစိုင်း ပြောသွားသလို အချစ်ရေးတွေ ဘာတွေပေါ့ မကောင်းဘူးထင်ရင်တော့ အချိန်မရွေးပြောဆိုသင့်ပါတယ်။ ဒါမှလဲ သူငယ်ချင်းကောင်း ပီသမှာကော.. ဘာပဲ ဖြစ်ဖြစ် ချစ်သူတိုင်းဟာ ၂ဦးသဘောတူမှ ဖြစ်လာတာပါ ဒီတော့ တယောက်နဲ့တယောက် အပြန်အလှန်နားလည်မယ်ဆိုရင်ဖြင့် အားလုံးအဆင်ပြေသွားမှာပါ.. သော့သူခိုးတွေ လဲ ရှိတတ်တယ်ဗျ သတိတော့ထား...း)

စာနဲနဲ ရှည်သွားတယ် အဟီးးးးး)


လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

မဟုတ်တာမလုပ်ရင်တော့ မပေးနိုင်စရာမရှိပါဘူး။
သင်္ကာမကင်းဖြစ်လာရင်တော့ တောင်းမိလိမ့်မယ်။
သံသယဆိုတာ လူတိုင်းမကင်းဘူးမဟုတ်လား။

ဏီ(န်)ကင်း said...

ကိုယ့်စာတိုက်ပုံးသော့ကိုကိုယ်ပဲကိုယ်ထားသင့်ပါတယ်။အဲ...မတော်ရာတွေတောင်းဆိုမိလို့ရန်ဖြစ်ဖူးတာလေးတောင်သွားသတိရသေးတယ်။မတော်တာ=သူမစာတိုက်ပုံးသော့
အခုတော့သားသိပါပြီဗျ

Mogok Thar said...

စာတိုက်ပုံး သော့ တောင်းစရာ၊ ပေးစရာ လိုအပ်သည် မလိုအပ်သည် ဆွေးနွေးပါရစေ။
ထိုသော့တွင် နှစ်ဦးတည်း သက်ဆိုင်သောအကြောင်းအရာများ သာမက တပါးသော သူတို့၏ လျို့ဝှက်ချက်များလဲ ရှိနေနိုင်ပါသည်။ ထိုလျို့ဝှက်ချက်များသည် မိမိကို ယုံကြည်ပြီး ဖွင့်ချပြထားသည်များ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုအေကြာင်းအရာတို့ကို မိမိချစ်သူ သိရှိပါက အကျိုးလည်း ရှိသည်မဟုတ်ပါ။
မိမိက သူတပါး၏ စာတိုက်ပုံးသော့ကို ရထားသည် ဆိုပါစို့။ စာတိုက်ပုံးသော့ မဖွင့်နိုင်သည့် စာတိုက်ပုံးပိုင်ရှင်အတွက် ကိုယ်က သော့ဖွင့်ပြီး စစ်ဆေး အကြောင်းကြားပေးရသည် ဆိုပါစို့။ သင်သည် လိုအပ်သော စစ်ဆေးမှုကိုသာ လုပ်မည်လား။ တခြားသော နောက်ဆက်တွဲများ ရှိနေနိုင်သည်လား။ သော့ရထားသူ သင်၏ ကိုယ်ကျင့်တရားနှင့်သာ သက်ဆိုင်ပါသည်။


( အိမ်ထောင်ဘက် အချင်းချင်းတော့ ဘဏ်သော့၊ အိမ်သော့ ၊ အိပ်ခန်းသော့တော့ ပေးဖို့ လိုမည် ထင်ပါသည်။ :-P )

ဂျပန်ကောင်လေး said...

အရှိကိုအရှိတိုင်းသာ ဖွင့်ပြောမယ်. မြင်မြင်ချင်း မင်းကိုချစ်သွားသည်....

yangonthar said...

သော့ကတော့ လိုချင်တဲ့ အခါ ညှိယူရင်ရနိုင်ပါတယ် တခါတရံ အခြားစာတိုက် ပုံးသော့ တစ်ချောင်း ရှိနေတယ်ဆိုတာကို လည်း မေ့မထားသင့်ဘူးလို့ ထင်ပါတယ် (ကျနော့် အမြင်တော့) ကိုယ့်ချစ်သူက ကိုယ်လက် မခံနိုင်တဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ရင်တောင် သူကိုယ်တိုင်အဲဒီ ကိစ္စကို မေ့ ပစ်ချင်နေတဲ့ အ ခါ မသိဟန်ဆောင်လိုက်တာက ပိုကောင်းပါလိမ့်မယ် ... ကိုယ်သိသွားတဲ့ အခါ နာကျင်ရမှာကိုယ်ပဲဖြစ်မယ် ထင်လို့ ပါ ....... မေးခွန်းလေးကရိုးပါတယ် တယ် ဒါပေမယ့် သိပ်တန်ဖိုးရှိတယ် ကျေးဇူးအစ်ကို ..... အေးမြသာယာပါစေ ..... :D

WWKM said...

ဦးရှင်ဂျီရေ..
လာဖတ်သွားပါတယ်.
ဒီကိစ္စကတော့ မီးနဲ့ မဆိုင်တော့ဘူးပေါ့ကွယ်. အဟတ်

အစ်မတို့ကတော့ စာတိုက်ပုံးသော့၊အိမ်သော့၊ဘီရိုသော့
အားလုံးအတူတူပဲ ကိုင်ပါတယ်။ အခြေအနေခြင်းက မတူဘူးနော်။
ကျန်တာတော့ မဆွေးနွေးလိုတော့ပါဘူး။း)
အဆင်ပြေပါစေ။ဒါနဲ့ အထင်ကြီးရတော့မှာလား။
ဦးရှင်ဂျီးရော စာတိုက်ပုံးသော့အတူတူကိုင်ပါသလား။း)

စည်သူ said...

တောင်းရင်တော့ ပေးမှာပဲ
ဘာလျှို့ဝှက်ချက်မှမရှိရင်ပေါ့

တစ်ခုခုရှိခဲ့ရင်တော့ မပေးဘူးဗျာ
အဲလိုဆိုရင် သေချာတာ တစ်ခုတော့ရှိတယ်

နောင်ဂျိန်ပွဲလေ.......

အမှန်တိုင်းပြောပါမယ်...
တားတားချိုရင် မပေးဘူးဂျာ..

သီဟသစ် said...

ကိုစိုင်းရေ

လျှို့ဝှက်သင့်တဲ့ကိစ္စကတော့ လျှို့ဝှက်ရမယ် လက်ခံပါ၏
:)

မိုးခါး said...

ပေးဖို့လည်း စိတ်ကူးမရှိဘူး
ယူမယ်လည်း စိတ်မကူးဘူး
ကံကောင်းပြီး ကိုယ့်လက်ထဲရောက်လာရင်တော့ ဖွင့်ကြည့်မိမယ်ထင်တယ် ..

မိုးခါး said...

ဖွင့်ကြည့်မိမယ်မဟုတ်ဘူး
ကြည့်ပြီးပြီ .. :D
ကြည့်တော့လည်း တွေ့တာပဲ .. ဒါပေမယ့် လွှတ်ပေးထားလိုက်ပါတယ် .. :P

ဒီဇင်ဘာနှင်း said...

တချို့ကပေးပြီးနောက်တခုမှာ သွားသုံးတော့ရော ကိုယ်ကသိမှာမဟုတ်ဘူး။ တကယ်တော့ ကိုယ်တကယ်ချစ်တယ်။ ကိုယ့်ချစ်သူကို တကယ်ယုံကြည်တယ်ဆိုရင် ပေးပါလို့တောင်းစရာမလိုဘူး ထင်ပါတယ်။ သူ့မှာလဲ သူ့လွတ်လပ်ခွင့်ရှိတယ်လေ။ အဓိကက စာတိုက်ပုံးသော့မဟုတ်ပါဘူး။ သူ့ရဲ့ နှလုံးသားထဲမှာ ကိုယ်ရှိနေဖို့က အဓိကပဲ။ အိမ်ထောင်သည်တွေမှာတောင် အိမ်ကမိန်းမမသိအောင် သူငယ်ချင်းတွေအတွက် လျို့ဝှက်ပေးရတာတွေရှိတာပဲ။

ညီညီ said...

ဟုတ်ကဲ့. အခုမှ လာဖက်သွားတယ် ဦးရှင်ကြီးရေ. အတော်စဉ်းစားစရာပဲ . ဒါပေမဲ့. ကျွန်တော့်သော့တော့ သူမ ယူသွားပြီဗျ. အရေးကောင်းပေမဲ့ ကျွန်တော့်အတွက်တော့ အခါနှောင်းသွားပြီ။ ဘာပဲဖြစ်ဖြစ် စဉ်းစားဘို့ ရသွားပါပြီ ကျေးဇူးပါဗျာ

chocothazin said...

ဟုတ်တယ် အဲဒီသော့။
သော့ကစတဲ့ ဇာတ်လမ်းက ဇာတ်သိမ်းပိုင်းမှာ ဇာတ်နာကျခဲ့တယ်။