ir a principal |
Ir a lateral
လွမ်းဖျားလွမ်းနာ
လွမ်းတိုင်းသာလျှင်
လွမ်းပန်းပွင့်က
လွမ်းတောင်တန်းသည်
ရှမ်းတောင်တန်းထက်
မြင့်နေမည်လော
လွမ်းတိုင်းသာငို
လွမ်းမျက်ရည်တို့
လွမ်းရေလျဉ်လို
လွမ်းပင်လယ်မှာ
လွမ်းလှေငယ်လေး
မျှောနေမည်လော
လွမ်းတောင်ခြေမှာ
လွမ်းလုလင်လေး
လွမ်းတေးတွေဆို
လွမ်းအားပိုတုန်း
လွမ်းမျက်ရည်တို့
လွမ်းပန်းကြွေလို့
လွမ်းလွန်လွန်းတယ်

11 ဝေဖန်ထားပါတယ်။:
လွမ်းနေတော့တာပါပဲလား.....
လွမ်းသူတွေက
လွမ်းကဗျာတွေနဲ့
လွမ်းနေကြတော့
လွမ်းသလိုလိုတော့ ရှိသား...
ဟိဟိဟိ လိုက်လွမ်းကြည့်တာ.....။
လွမ်းတောင်ခြေမှာ လွမ်းလုလင်လေး
လွမ်းလွန်လွန်းလို့ လွမ်းမျက်ရည်တွေ
လွမ်းပန်းတွေနဲ့ လွင့်လေလေပြီ...
အဟီးးး လွမ်းတွေ ဖတ်ပြီး ခင်မောင်တိုး သီချင်းကိုတောင် သတိရမိသေး... လွမ်း.... လွမ်.... ရင်ထဲလှိုက်လို့ သိပ်ကိုလွမ်း....
လေးစားလျက်
တောင်ပေါ်သား
ဦးရှင်ဂျီးရေ...
အလွမ်းတွေကို ကမ်းရေထဲမျှောလိုက်ချင်....
လွမ်းပါ..လွမ်းပါ...
ဆက်လွမ်းနိုင်ပါစေ။
လွမ်းကဗျာလေး ဖတ်ပြီး လွမ်းသွားပါတယ် ...
ကြယ်ပြာ
လွန်လွန်လွန်းတယ်.... :P
လွမ်းချစ်သူလည်း
လွမ်းနာကျလို့ 
လွမ်းရှင်ကြီးကို
လွမ်းအချစ်တွေနဲ့ 
လွမ်းလိုက်မိတယ်....
အလွမ်းမင်းသားလေးပါလား..
အဟဲ.. ဖတ်ရင်းနဲ့ လွမ်းသွားတယ်နော်.. :P
လွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သွားးးးးးးးးးးးးးးးးးးးးးးး
ပြီးးးးးးးးးးးးးးးးးးးးးးးးးးးး
ကဗျာလေးခိုးယူသွားပါတယ် ... :P
Post a Comment