အရင်က ပန်းချီကား

Thursday, April 30, 2009
ည....ပိန်းပိတ်လို့
မိုးတစ်ချိမ်းချိမ်းနဲ့
အဖေ့သက်ကယ်မိုးပေါ်
စန္ဒယားသံတွေဆူညံ
မောင်နှမတစ်တွေ
ဂွမ်းစောင်ထွေးအောက်မှာ
နွေးခဲ့ဖူးတယ်

စာကလေးတွေ ကျလိကျလိ
ထရံကြားက နေခြည်တန်းရယ်
မနက်အိပ်ယာနှိုးတော့
ဝါး..... အမေ့ စံပယ်ရုံလေး
ဖွေးဖွေးလှုပ်နေပါလား

ဟိုအရင်က ပန်းချီကား
ဆေးရောင်မစုံခဲ့ပေမယ့်
ပြီးပြည့်စုံခဲ့တယ်


ဝေးတစ်နယ်ဆီ ခြားပေမယ့်
ရင်ထဲက ပန်းချီကားလေးကို
တို့မောင်နှမတွေ
ဆက်ဆွဲကြမယ်နော်


10 ဝေဖန်ထားပါတယ်။:

အိုက် ချီ ခန့် said...

ခံစားသွားပါတယ်ဗျာ..
ကိုလားရိုးလိုကဗျာတွေ ရေးတတ်ချင်လိုက်တာဗျာ..

တောင်ပေါ်သား said...

အရေးအသားကောင်းတယ် ဦးရှင်ကြီးရယ်... ဘ၀မှာ အနေဝေးနေပေမဲ့ ကဗျာထဲက ပန်းချီကားလေးလိုပေါ့ လိုတာလေးတွေ ဆက်ဆွဲနိုင်ပါစေဗျာ..



လေးစားလျက်
တောင်ပေါ်သား

thinzar said...

ငိုချင်ရက် လက်တို့ လုပ်တာလားဟင်.....
ရေးလိုက်ရင် ရင်ဘတ်ထဲ ထိစရာတွေခြည်းပဲ...

စနေသား said...

အားပါးပါး........ လက်လန်တယ် လက်လန်တယ်....
ဦးရှင်ကြီးရေ... ကျနော့် ဘလော့ဒ်မှာ တင်ခွင့်ပြုပါဗျ...
ဦးရှင်ကြီး ကဗျာတွေ ခံစားချက်တွေ နှစ်သက်မိပါတယ်ဗျာ..
ကျေးဇူးတင်ပါတယ် ဦးရှင်ကြီးရေ...
ပျော်ရွှင်ပါစေ...

WWKM said...

ခံစားချက်နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာလေး ကောင်းတယ်
ဦးရှင်ဂျီးရေ....
မောင်နှမတွေ ပြန်လည်ဆုံတွေ့နိုင်ပြီး လှပတဲ့ပန်ချီကား
လေးတွေ ဆက်လက်ဖန်တီးနိုင်ပါစေရှင်. :D

ဘာလဲ ဒီနှစ်လည်းမစွန်သေးတော့ မောင်နှမတွေဖက်
လှည့်ပြီး လွမ်းနေပြီပေါ့...း)

ကြယ်ပြာ said...

ကဗျာလေးက အသက်ဝင်လိုက်တာ ... အိမ်လေးထဲကို ၀င်ခံစားသွားပါတယ် ....

Dream said...

လန်ထွက်နေတာပဲ.... ဒီတခါ ပြန်သွားရင်တော့ အမေ့ စံပါယ်ရုံကပွင့်တဲ့ စံပယ်ပန်းလေးကို ခူးပြီး အဖေတီးခဲ့တဲ့ စန္ဒယားလေးကို ကောင်မလေးကို တီးပြလိုက်...အမြန်ဆုံး အဆင်ပြေ ပြီး လှပတဲ့ ပန်းချီကားလဲ အမြန်ဆုံး မောင်နှမတွေ ဆက်လက်ရေးဆွဲနိုင်ကြပါစေနော်... ဟဲဟဲ..ခံစားချက်တွေ မြင့်နေတယ်ထင်တယ်..ဦးဦးရှင်ကြီးက ... ပြည်တော်ပြန်ကြွမယ်ဆိုတော့ ကောင်မလေးနဲ့ နီးနိုင်ပြီ.. အပျော်တွေ လွန်မနေနဲ့နော်... . ဟဲဟဲ.. ပြန်လာရင်

Unknown said...

အရမ်းကိုကောင်းတယ်ဗျာ
တော်တော်လေးကိုကြိုက်တယ်

ကဗျာဦး said...

ရှင်ရဲထွတ်တယောက် အရင်ကပန်းချီကားလေးလွမ်းနေတာကိုး
အခုတော့လည်းသူတပါးတိုင်းပြည်မှာအလုပ်လုပ်ရင်း
အချိန်တွေကုန်နေရရှာပြီကိုး
တင်းထားရှင်ရဲထွတ်ရေ
ပန်ချီကားလေးကို အသက်သွင်းဘို့လေ

Anonymous said...

brother,,,,,,,,,u made me cry ,,,,,,,, i dont lie ,,,,really i cry ,,,,, when i read this poem,,,,,,,
( brother ,,,,,,,,, kya nor tat kal kan sar lait ya dal pyar ,,,, hla pa tat pagyi ko toe mgnama tway yae swal oi mar bar ) a yin ka a pae moe kat tat that kal paw moe sat tway kya kat tat sandayar tan , a may zait kan tat phyu phyu pway pway sabal yone lay ko kyanor bal lo mae lo ya mar lal ,,,,,,,,, ku d sar ko yae nay tat a chane mar kya nor tat kal myat yae kya nay dal so dar bal thu ma ma ti ng kat bar pu ....ku tot kya nor toe mgnama tway tat yoke tat nay yar si mar thu a lope nat thu bal lay,,,,,,,,,, toe mgnama tway bal tot pyan sone ma lal so dar bal thu ti ng mar lal ,,,,,,,, a may nat a pae toe yin tel mar yaw bal lo kan sar nay ya mal so dar kyanor a way da nay yar ka nay nar lal kan sar ya bar dal brother d sar ko brother pat pee yin kya nor si mail poe poe ma mae bar nat ( toe mgnama tway arr lone pyan sone aung kyo sar kya ya aung lar brother )
chit dal brother ( laylwintlu22@gmail.com)