မိုး

Monday, May 11, 2009
မိုးဦးမိုးစ
မိုးလည်မိုးနှောင်း
မိုးဟောင်းသော်လည်း
မိုး၏ဒဏ်ရာ
မိုးရေလိုပဲ
မိုးရွာတိုင်းငို
မိုးရေတွေနဲ့
မိုးရယ်မိုးနဲ့
မိုးပေးခဲ့တဲ့
မိုးစက်ဒဏ်ရာ
မိုးရေထဲမှာ
မိုးရေလိုပဲ
မိုးမျက်ရည်တွေ
မိုးနဲ့ထပ်တူ
မိုးရေ......................

8 ဝေဖန်ထားပါတယ်။:

အိုက် ချီ ခန့် said...

ဟဟ...
ကိုလားရိုးပြောမှပဲ..
အရင် ကလေးလေး ဘ၀ကိုပြန်သတိရလိုက်တာ...
ငယ်ငယ်တုန်းကလိုပဲ..
မိုးရွာ ရင် မိုးရေထဲမှာပြေးဆော့ ချင်သေးတယ်..
မိုးရေချိုးချင်သေးတယ်... မိုးရေထဲ နေရတာ လွတ်လပ်ပြီးပျော်ဖို့ကောင်းတယ်...။

ပြန်လိုချင်လိုက်တာနော်...။

ကဗျာဦး said...

ရှင်ရဲထွတ်
တို့များလည်းမိုးပဲ

မိုးမှုံတွေကြဲ ၊ မိုးပုလဲနှင့်
မိုးသဲသည်ခါ ၊ မိုးဖြူစွာနှင့်
မိုးလွှာတချို့ ၊မိုးဝေစို့လို့
မိုးတို့ ဖွယ်ဖွယ် ၊ မိုးသွယ်သွယ်ဝယ်
မိုးရယ် ငိုခဲ့ရပြီကွယ်။

Ree Noe Mann said...

ခံစားရပါတယ်
မိုးရယ် မိုးရေထဲမှာ
မိုက်တယ် မိုးကဗျာပေါ့

WWKM said...

ကဗျာဖတ်ပြီး မိုး ကိုသတိရသွားပြီ...း)

အဆိပ်ခွက် said...

မိုက်တယ်ဗျာ.... မိုးကိုတောင်သတိရလာပြီးး အဟင့်

ခင်မင်လျှက်
အဆိပ်ခွက်

တောင်ပေါ်သား said...

ဦးရှင်ကြီးငယ်ငယ်တုန်းကပေါ့ မိုးတွေ ရွာနေတုန်း မိုးရေထဲမှာ မိုးစိုခံရင် သူပါမိုးတွေ ရွာနေတာ (ဘာမိုးလဲ သိလား) ဘူတူမှ မသိလိုက်ဘူး မမိုးကြီးကတော့ သိသွားတော့ မိုးက ရက်စက်သွားတာ ဦးရှင်ကြီးမှာ ခုဆို မိမိုးကို လွမ်းလို့ မိုးရွာထဲမှာ မိုးတွေ ရွာနေတုန်း....... (ဘာမိုးလဲဟ ဦးရှင်ကြီးရွာနေတာ)

အဟဲ ဖတ်သွားတယ် မန့်သွားတယ်


လေးစားလျက်
တောင်ပေါ်သား

နေးတစ် said...

မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်။ ဖေဖေလာရင် အုန်းသီးခွဲစားမယ်။

Anonymous said...

ဒီကဗျာလေး ဖတ်နေရင်း အပြင်မှာ အခုလည်း မိုးတွေရွာနေတယ်။ ဘယ်သူ့လွမ်းရမှန်း မသိဘူး။ လွမ်းရမယ့်သူတွေများနေလို့။ ဟီး ဟီး

ကဗျာလေး ကောင်း၏

ခင်မင်လျှက်
မေတ္တာရောင်ပြန်