ဂိမ္မာန်နွေဦး
လေဗွေမြူး၍
ရော်ဝါရွက်ခြောက်
တစ်ဖျောက်ဖျာက်နှင့်
ဝေ့ဝေ့၀ဲဝဲ
လေမှာဝဲလို့
မြင်သူမောင်ဖုန်း
သျှောင်ဆံထုံးနှင့်
ပုဆိုးမချီ
တောင်တောင်အီကာ
ဘေးဘယ်ညာကြည့်
ရင်မချိသို့
ဘယ်ဆီဘယ်မှန်း
လွမ်းရပါ့နည်း
နွေဦးချိန်တွင် လေရူးထွေလို့ မောင်ဖုန်းခမျာ ရူးရှာလေပြီ။
14 ဝေဖန်ထားပါတယ်။:
နွေဦးလို့ သာ ပြောတာပါ... ဒီမြို့ ပြရဲ့  ရာသီဥတုကတော့ လက်လန်တယ်... ကျနော့် တောင်ကြီးမြို့  နွေဦးလေးကို သတိရလိုက်မိတယ်ဗျာ...
ကိုရှင်ရဲတွတ်ကြီး..
ဘယ်သူ့ကိုမှ လွမ်းမနေနဲ့
ကိုယ့်ဖာသာကိုယ်သာ ပြန်လွမ်းတာ...
အန္တရာယ် ကင်းတယ်ထင်တယ် ...
ခင်မင်တဲ့...
နွေဦးချိန်တွင် လေရူးထွေလို့ မောင်ဖုန်းခမျာ ရူးရှာလေပြီ။
မောင်ဖုန်းဆိုတာ ကိုရှင်ရဲထွတ်လား ဟိဟိ:P
ကိုယ်တစ်ယောက်ထဲလားဆိုတော့
အဖော်နဲ့ပါပဲလား .. အဟတ် ဟတ် ..
ဒုက္ခော.... လာကြည့်မိပါတယ် ရူးပြီတဲ့... အဟင့်... နေ့အိပ်မက် နိုချင်တယ် ကျန်ပီ
နွေဦးချိန်တွင် လေရူးထွေလို့
ဦးရှင်ကြီးခမျာ ရူးရှာပြီ.. :P
စလုံးမှာ နွေဦးမရှိဝူးနော် မရူးနဲ့ :)
မောင်ဖုန်း........... ?????
မြင်သူမောင်ဖုန်း သျှောင်ဆံထုံးနှင့်
ပုဆိုးမချီ ရွက်ခြောက်ကြားသို့
ဘေးဘယ်ညာကြည့် ရင်ကိုမော့လို့
အဟီးးးးးး သွားခဲ့ပါတယ်
ဦးရှင်ကြီး ကဗျာလေး ခံစားပြီး အညာလေးကို သတိရသွားပါတယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
နွေဦးချိန်တွင် လေရူးထွေလို့ မောင်ဖုန်းခမျာ ရူးရှာလေပြီ။
အဲလောက်တောင်ပဲ နွေဦးမှာလွမ်းနေတာ ရူးမတတ်တဲ့--
အလွမ်းဘွဲ့ကဗျာလေး ကို ခံစားသွားပါတယ်ရှင်---
ဟိဟိ၊
ဘယ်တုန်းက နာမည်အသစ်ပြောင်းလိုက်တာတုန်း။ သိလည်းမသိရ။ :P :P
အဲလောက်ကြီး လွမ်းနဲ့လေ။ :D
လေးလုံးစပ်လေးရေးထားတာမိုက်တယ် ...
မျက်စိထဲ ပုဆိုးလေးမပြီး ရွက်ကြွေပင်အောင် ဟိုကြည့် ဒီကြည့်ဆိုရင် တော့ မောင်ဖုန်း အဲ့လေ ရှင်ရဲထွတ်ပဲဖြစ်ရမယ် ... ဟီး ဟီး
ဆော်လေမြူးတဲ့ နွေလေရူးမှာ
အညှာမခိုင် ဒီရင်အိုင်မှာ
အလွမ်းပွားလို့ ဆန်းပြားနေတယ် ..
အရူးတစ်ပိုင်းနဲ့ မောင်ဖုန်းစိတ်မှာ ..။
မောင်ဖုန်းရူးတာကလည်း ကဗျာဖြစ်သွားပါလား
ကောင်းရော
Post a Comment