ထာဝစဉ် တည်စေသော်ဝ်

Tuesday, March 10, 2009
8 ရက်နေ့ 3 လပိုင်း 11း 30 am မှ 1း 30 pm အထိ စင်္ကာပူ နိုင်ငံ toa payoh ပန်းခြံ oasis ခန်းမတွင် မင်္ဂလာ ဧည့်ခံပွဲ ကျင်းပပြီးစီး ခဲ့သော ဘလော့ဂါ ( မွေးရပ်မြေ ) နေးတစ် စိုးဝင်းဇော် နှင့် နန်းလင်းဟွမ် တို့အား ဤပို့စ်ဖြင့် ၀မ်းမြောက်ဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

တစ်ဆက်ထဲဖြင့် ဤမင်္ဂလာပွဲအား အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လာရောက်နိုင်ခဲ့ခြင်း မရှိခဲ့သည့် အတွက် ဤနေရာမှ ကြင်စဦး ဇနီးမောင်နှံအား အထူးတောင်းပန်အပ်ပါသည်။ ( တွေ့ပုချိ )

ဤဇနီးမောင်နှံသည် ဤအိမ်ထောင်ရှင်ဘ၀ကို ခံယူကြရန် အရေးကြီးဆုံးသည် ဘယ်အကြောင်းအရာနည်း ? ၄င်းတို့နှစ်ဦးအား တွေ့ဆုံခွင့်ပေးရန် လေးနှင့်မြှားကို ကိုင်ဆောင်သော မြှားနတ်မောင်၌ တာဝန်ကျေရပေဦး မည်။ ဖူးစာဟူသည် ထူးလှပေစွ နေးတစ်သည် သဘောထားကောင်းသော တောင်ပိုင်းသား၊ လင်းဟွမ်သည်ကား သဘောဖြူသော မြောက်ပိုင်းသူ ဖြစ်ကြကုန်တော့သည်။

အနှီ မြှားနတ်မောင်၏ ပစ်လွတ်လိုက်သော ချစ်ခြင်းမြှားသည်ကား ထိုနှစ်ဦးကို ညွတ်ကွင်းသွားစေသည့် ဘူမိ နက်သန် နေရာမှန်သည်ကား တောများတောင်များ ၀န်းရံထားသည့် ရှုခင်းထွေထွေ မြောက်ပိုင်းရှမ်းမြေ တစ် နေရာတွင် ဖြစ်လေတော့သည်။

တာဝန်အရ ထိုနေရာ၌ ရောက်ရှိနေကြသော နေးတစ် ခမျာ လင်းဟွမ် သမီးပျိုလေးအား မြင်မြင်ချင်းးပင် ချစ်မိလေသောအား တီတီတာတာ ပလီပလာနှင့် လင်းဟွမ်၏ အချစ်အား မရအရ ငိုပြ၊ရီပြ ခဲ့တော့သည်။

လင်းဟွမ်ခမျာလည်း အမောင် နေးတစ်၏ တစ်နေ့တစ်မျိုး မရိုးရသော ငိုခြင်း ရီခြင်း များကြားတွင် မေတ္တာစိတ်ဝင် ချစ်ခင် ခဲ့ရပြန်သည်တစ်မုံ့ တိတ်တိတ်ကလေးရယ်နဲ့ ကိုနေးတစ်ရယ် ဟောင်ဟတ်ဆူလို့ ပြောခဲ့မည်လို့ ရှမ်းတောင်တန်းကြီးများအား ပြန်မေးကြည့်လျှင် သိရှိနိုင်လိမ့်မည်။

အနှီ ရှမ်းတောင်တန်းကြီးများအား သက်သေထူလို့ ထိုချစ်သူ နှစ်ဦးသည် တူနှစ်ကိုယ် နီးစပ်၍ ပေါင်းဖက်ရန် သစ္စာဆိုလေမည်လား ဆိုသည်ထက် ပတ်ဝန်းကျင် တောတောင်နံရံများတွင် ဤနှစ်ဦး၏ မေတ္တာဖက်သည့် သစ္စာစကားသံများမှာ ယခုထိတိုင် ပဲ့တင်သံ လှိုင်နေဦးမည် ထင်ပါသည်။

ထိုကဲ့သို့ ထားခဲ့ဖူးသည့် သစ္စာ၊ ခိုင်မြဲခဲ့သော မေတ္တာအားကြောင့် ယခုဆိုလျှင် တူနှစ်ကိုယ် နိဗ္ဗန်နန်းတော်အား တည်ဆောက်ပြီးစီး ခဲ့ကြလေပြီ။

ဤကဲ့သို့ နှစ်ကိုယ်သစ္စာ အားဖြင့် တည်ဆောက်ခဲ့သော ဤအိမ် ဤယာအား ရာသက်ပန် သာယာလှပရန် အမောင်နေးတစ် ယောင်္ကျားကောင်း တစ်ယောက်၏ တာဝန်ကို မလစ်ဟင်းစေပဲ၊ အိမ်ထောင်ရှင်မ လင်းဟွမ် သည်လည်း မယားဝတ္တရားများအား ကျေပွန်၍ မိမိခင်ပွန်းအား အကောင်းဆုံး ပါရမီ ဖြည့်ဆည်းပေး နိုင်ပါစေ။

ဤလင်ဤမယား သေတပန် သက်တဆုံး ပေါင်းသင်းနိုင်ကြပါစေ။






11 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

နာ့တွ ပထမဆုံး ကော့မန့်ပေးတာ အဟဲ... ရှမ်းပြည်မြောက်ပိုင်းသူနှင့် တောင်ပိုင်းသားတို့မှ ပေါက်ဖွားလာသော သား၊သမီးများသည် ဘီလိုသူသည်။ သေချာသည်ကတော့ ရှမ်းပြည်သွေး အစစ်ပါပေမည်။ မောင်မြားနတ်သည်ကား လေးမြှားတစုံ မက ကိုင်ဆောင်လာပြီး ပထမဆုံး ပစ်လွှတ်လိုက်သော မြှားသည်ကား ကိုနေးတစ်နှင့် နန်းလင်းဟွမ် တို့ကို တိုက်ရိုက် ထိမှန်ချေပေသည်။ သို့ပေမဲ့ ဒုတိယ မြှားချက်တိကား အချည်းနှီးပေ.. အဘယ်ကြောင့်ဆိုသော် ပစ်လွှတ်လိုက်သော သူတည်းကားးး.... ဦးရှင်ကြီးဖြစ်နေသောကြောင့်ပေတည်း.... ယခုအချိန်ခါမှစ၍ မြှားနတ်မောင်နေရာတွင် ကျနော် မောင်တောင်ပေါ်သား တာဝန်ယူ၍ ဦးရှင်ကြီးအား ကြင်ရာရှာပေး ပေဦးမည်။ မြောက်ပိုင်းသား နှင့် တောင်ပိုင်းသူ နှစ်ဦး၏ မင်္ဂလာပွဲ တပွဲ အချိန်မြန်အတွင်း ဖြစ်ပေါ်လာလတ္တံ

အဟား အကိုနေးတစ်နှင့် အမ နန်းလင်းဟွမ် တို့ ဇနီးမောင်နှံ ပျော်ရွှင်စွာဖြင့် ဘ၀သက်ဆုံး ပေါင်းသင်းနေနိုင်ပါစေကြောင်း ကလေးများနဲ့ ပြည့်စုံသော ဘ၀ကို အမြန် အမြန် ရပါစေကြောင်း... ကျနော်မျှော်နေရတာ မောနေပြီဗျ...အဟား စတာ တွေ့ပုချိ (ဦးရှင်ကြီးစကား ယူသုံးပါကြောင်း)

လေးစားလျက်
တောင်ပေါ်သား

megumi said...

ဤလင်ဤမယား သေတပန် သက်တဆုံး ပေါင်းသင်းနိုင်ကြပါစေ။

စကားမစပ်၊ ကိုရှင်ရဲထွတ်ကြီးကော ဘယ်တော့ပါလိမ့်။ :P :D :)

စနေသား said...

အဟား ကိုတောင်ပေါ်ပြောသည့်အတိုင်းပင်။ နောက်ထက် တောင်ပိုင်းသား တိုကြီး ဦးရှင်ကြီးနှင့် ............. ၏ မင်္ဂလာပွဲ အချိန်မြန်အတွင်းဖြစ်လတ္တံ။
ထိုနည်းတူ မြှားနတ်မောင် တောင်ပေါ်သားကိုလည်း အကျန်ုပ် မောင်စနေကပင် မြှားနတ်မယ်လေးတစ်ပါးအား အချိန်မှီဆက်သပေးရန် ကြိုးစားသွားမည်သတည်း။
အချိန်မည်မျှကြာမည်ကို ဒီက ဦးရှင်ကြီးကိုယ်တိုင် ရှုတော်ဝင်စေ........
အချိန်အရိပ်အကဲ ကြာသွားခဲ့လျှင်လည်း စိတ်စိတ်ရှည်ရှည်နဲ့  တွေ့ ပုချိလို့ သာ မိန့် တော်မူလိုက်ပါကြောင်း......

ပုံ /
ခွနတ်မောင်ကလေးစနေ

ကဗျာမလေး said...

နားလည်မှု၊ ကြင်နာမှုများနဲ့ အတူ သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းကြရပါစေ နော်...။

Welcome said...

အနော် မင်္ဂလာချောင်ရင်
ဂလို မျိုး ရေးပေးမလား ...
တင်ကြို ဘွတ်ကင်းလုပ်ထားတယ်နော် ရေးပေးဖို့
အဟဲ .. ..

ဆင်ဆင်ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျက်

သက်တန့် said...

တောင်ပိုင်းသားနဲ့ မြောက်ပိုင်းသူတို့ ယနေ့မှစ၍ ပျော်ရွှင်ချမ်းမြေ့စွာ မခွဲအတူ ရှိပါစေလို့... :)

ဒါနဲ့...
မြှားနတ်မောင်ရေ...
ဦးရှင်ရဲကြီးကိုလည်း ပစ်ဦးလေ... :P

Anonymous said...

ရှဲ့ရှဲ့နီမန်း......ကျွန်းခတဲ့တဲ့...
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွှန်တော့်အလှည့်ပြီးသွားတဲ့ သကာလ ခွနတ်မောင်က အဘယ်သူကို ချိန်ရွယ်နေကြောင်း စောင့်ကြည့်ရပေဦးမည်။
မြောက်ပိုင်းသားကြီး ရှင်ရဲထွတ် ဖြစ်မည်လား၊ အဘယ်ပုဂ္ဂိုလ်နည်း..

My Diary said...

ဟယ် ဦးရှင်ရဲထွတ်ကြီးကို လူပျိုထင်နေကြတယ်တော့
အဟက် အဟက် အဟက်
အတိကျသေးဘူးထင်တယ်

WWKM said...

သူများတွေတော့ စွန်ကုန်ကြပြီ ဦးရှင်ဂျီး ရေ...
ဘီလိုတုန်းးးး အဖြေမရသေးဘူးလား.. :D

ကိုရင်နော်ခင်လေးငယ် said...

ကိုရှင်နီတွတ်ကြီးးး....

ရှက်ဖူးလား... အားကျဝူးလား..
ကိုရင်နဲ့ ဂိုဏ်းတူလာပြီနော်...
ဟိုင်း ဟိုင်း ဂိုဏ်းး
ဟီးးးးး

with love...

Anonymous said...

u shin gyi ka di ta tet ma ya ng tot bu