ဘောင်

Wednesday, February 25, 2009
စိတ်ကူးစိတ်သန်း
ဘောင်ခတ်ထားလို့
နတ်လှောင်အိမ်မှာ
မွန်းကျပ်နေပြီ

စကားတစ်ခွန်း
ဘောင်ခတ်ထားလို့
တုန့်ပြန်သံတွေ
တိတ်ဆိတ်နေပြီ

နှလုံးသွေးစက်
ဘောင်ခတ်ထားလို့
ပုံဆောင်ခဲလို
မာကျောနေပြီ

ကလောင်တစ်ချောင်း
ဘောင်ခတ်ထားလို့
စာစီရာမှာ
မညီညာပြီ

ဘ၀တစ်ခု
ဘောင်ခတ်ထားလို့
စေလိုရာကို
နေလာခဲ့ပြီ

ဘောင်ခတ်ထားလို့...


6 ဝေဖန်ထားပါတယ်။:

Welcome said...

မျက်မှန် (ကိုင်းထူထူ) တပ်ပြီး
ကြည့်သွားပါတယ်။

Anonymous said...

ကလောင်တစ်ချောင်း
ဘောင်ခတ်ထားလို့
စာစီရာမှာ
မညီညာပြီ...

အမှန်တွေပြောနေတယ်ပေါ့... :)

ခင်မင်စွာဖြင့်...

Kaung Kin Ko said...

ကဗျာလေးလာဖတ်သွားတယ်ညီရေ။ ကြိုက်တယ်။

megumi said...

ပရမ်းပတာမနေချင်ပေမယ့် ဘောင်ဆို ဘာဘောင်မှ ကြိုက်ဘူး။ :P :P

တောင်ပေါ်သား said...

အကိုရေ လောကမှာရှိတဲ့ ဘောင်အားလုံးကို ရိုက်ချိုးလို့ရရင် အရမ်းကောင်းမှာပဲဗျာ.......


လေးစားလျက်
တောင်ပေါ်သား

ကဗျာမလေး said...

ကလောင်တစ်ချောင်း
ဘောင်ခတ်ထားလို့
စာစီရာမှာ
မညီညာပြီ

ဘ၀တစ်ခု
ဘောင်ခတ်ထားလို့
စေလိုရာကို
နေလာခဲ့ပြီ