ဗုဒ္ဓဘာသာအား အဓွန့်ရှည်ရန် ဆိုရာဝယ်

Tuesday, February 24, 2009
ကိုမိုးပြေး ဘလော့မှာ တင်ပြထားတဲ့ မဟာဗျူဟာမြောက် အမျိုးဘာသာ သာသနာ ထိန်းသိမ်းရေး စီမံချက် ကို ဖတ်ပြီး ကျွန်တော် စာလေး နည်းနည်းရေးချင်တယ်။ သိလို့တတ်လို့ ရေးတာမျိုး မဟုတ်ပါဘူး။ ရှိတဲ့ ဥာဏ်လေး တစ်ထွာတစ်မိုက်ကို ဗုဒ္ဓသွန်သင် ဆုံးမထားတဲ့ အသိလေးနဲ့ ရေးသားချင်တာပါ။

ကျွန်တော် ဒီပို့စ်ကို ရေးဖို့ တင်ဖို့ စိတ်ကူးမရှိပါဘူး။ ကိုမိုးပြေး ဘလော့မှာပဲ ကွန်မန့်လေး နည်းနည်းလောက် ၀င် ရေးချင်ရုံလေးပါ ဒါပေမယ့် ကွန်မန့်ပေးလို့မရလို့ ( ဘာ့ကြောင့်မှန်း မသိပါ ) ဒီပို့စ်လေးကို ရေးဖြစ်တင်ဖြစ်တာပါ။

ကျွန်တော် တင်ပြရေးပြတာတွေကို အားလုံးအနေနဲ့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ဒီပို့စ်ဟာ နိုင်ငံရေးနဲ့ လုံးဝ မပက်သက်ပါ။ ကျွန်တော် ကိုးကွယ် ယုံကြည်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အမြင်ကို တင်ပြခြင်း သက်သက်မျှ သာ ဖြစ်ပါသည်။

ကိုမိုးပြေး ဘလော့တွင် လင့်ထားသည့် ပို့စ် အရှင်ကုမာရ ရေးသားထားသည့် အရေးအသားကို နည်းနည်း ပြော ကြားလိုပါသည်။ မှားခဲ့သည်ရှိသော် တပည့်တော်အား ခွင့်လွတ်တော်မူပါ အရှင်ကုမာရ ဘုရား။

အရှင်ဘုရား၏ ဗုဒ္ဓသာသနာတော်ကို အဓွန့်ရှည်ကြာ ထိန်းသိမ်းလိုသော စိတ်ဆန္ဒမှာ အင်မတန် ကောင်းမွန် လှပါသည် အရှင်ဘုရား။

ဒါပေတည့် အရှင်ဘုရား ဖော်ပြချက်များမှာ အတင်းအကျပ် အဓမ္မ ဆန်နေပါသည် ဘုရား။ ဗုဒ္ဓ၏ လမ်းစဉ်နှင့် အဆုံးအမမှာ အတင်းကာရော၊ နိုင်ထက်ကျင့်စဉ် မပါရှိပါ ဘုရား။

အမိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်သား ပေါင်းစုံဖြင့် စုစည်းတည်ထောင်ထားသော အလွန် အင်မတန်မှ နေချင့်စဖွယ်ကောင်းသော တိုင်းပြည်ကြီးပါ ဘုရား။ ဤတွင် လွတ်လပ်သော ဘာသာအား လွတ် လပ်သော စိတ်နှလုံးဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားပါသည် ဘုရား။

မြတ်စွာဘုရားမှ ဟောကြားအပ်သော တရားများသော်မျှ အတင်း နာယူ လက်ခံစေသော တရားမရှိပါပေ။ ရှင်းလှ ပါပေသည်။ ငါဘုရား ပြောတာကို မယုံပါလေနှင့်ဦး ကိုယ်တိုင် ကျင့်ကြံ လေ့လာပြီးမှတာ ယုံကြပါ ငါ့ဘာသာထဲ ၀င်ကြတော့ လာကြတော့ဟု လည်း အတင်းမတိုက်တွန်းခဲ့ဖူးပါ။

ထို့ကြောင့် အတင်းအကျပ်ကို ရှောင်ရှား၍ မိမိ ဘာသာ၊ သာသနာအား အဓွန့်ရှည်ကြာ တည်တန့်စေလိုလျင် ကောင်းမွန်သော ကိုယ်ကျင့်တရားဖြင့် ရှိရှိသော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ မိရိုးဖလာမှစ၊ ဘာသာကွဲ များအဆုံး၊ သက်ဝင်ယုံကြည်မှု ရှိလာစေရန် ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ကို ယုံကြည်မှု တိုးပွားစေရန် အဓိကမှာ ကောင်းမွန်သော၊ ကိုယ်ကျင့်တရားဖြင့် ပတ်ဝန်းကျင်အား သော်လည်းကောင်း၊ သာသနာ အဓွန့်ရှည်ရန်သော် လည်းကောင်း၊ ကျင့်ကြံ အားထုတ်လျင်မူ ပိုမို၍ ကောင်းမွန်လိမ့်မည်ဟု ထင်မြင်မိပါသည် အရှင် ကုမာရ ဘုရား။

'' နုနယ်သော မောင်ငယ် ညီမငယ်များ အထင်မှား အမှတ်မှား ဖြစ်မည်ကို ကျွန်တော် အရမ်းစိုးရိမ် မိပါသည်။ ''

6 ဝေဖန်ထားပါတယ်။:

Welcome said...

ဟုတ်
မှတ်သားသွားပါတယ်။
အစ်ကို တင်ပြတာ တော်တည့်မှန်ကန်ပါတယ်။
လူတိုင်း လွတ်လပ်စွာနဲ့ ကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ်။

(ကဗျာမဟုတ်လေတော့ မန့်ရတာ စမ်းတ၀ါးဝါး ပါပဲ)

Dream said...

မှန်ပါတယ်.. ဗုဒ္ဓတရားဆိုတာ ဓမ္မပဲ ရှိပါတယ်.. အဓမ္မမဟုတ်ပါဘူး... ပြီးတော့ ဗုဒ္ဓတရားတော်များသည် နအတ္တ တွေပါ... အတ္တ မဟုတ်ပါဘူး...

ဒီနအတ္တ တရားတွေသည် ထေရ၀ါဒ ဗုဒ္ဓ ဘာသာ မှာသာ ရှိသာပါ။။ ဘယ်ဘာသာ ဘယ်ကျမ်းဂန်မှာမှ မရှိပါဘူး ..

လေးစားစွာ ဖတ်မှတ်သွားပါတယ်...

စနေသား said...

အစဉ်လေးစားလျက်ပါ .... ဦးရှင်ကြီး

နှင်းပွင့်ဖြူ said...

မှတ်သားသွားပါတယ်ရှင် .....

My Diary said...

ဘာကိုပြောတာလည်းဟင်
ဖက်တော့ ဖက်တာပဲ
သိသလိုလိုနဲ့ လည်တယ်တယ် ဖြစ်သွားတယ်

Anonymous said...

Special Brew သောက်စရာမလိုတော့ဘူး
မူး......ဟူး...ဟူး...တွားဘီ....D..