နေမင်းတန်ဆောင်

Thursday, February 12, 2009
ဘမျိုးဘိုးတူ ၊ ဆင်းသက်လာဘိ
မင်းရောင်ဖိုးဖိုး ၊ သွေးဆက်ဖုံးလို့
သက်သွေးမချန် ၊ ပေးဆပ်ကာတည့်
မျိုးရိုးဇာနည် ၊ ဘာမထီကား

ငါ့မြေငါ့ရေ ၊ ငါ့ပြည်သူများ
လွတ်လပ်တစ်ဖုံ ၊ သာယာစုံဖို့
ကွယ်ဝှက်တစ်ခါ ၊ တည့်တိုးတစ်လှည့်

ရင်ဆိုင်ခဲ့၏ ၊ နယ်ချဲ့ရန်သူ
ကုလားဖြူတို့ ၊ နေမ၀င်ခြင်း
ပြိုပျက်ဆင်းအောင် ၊ ရောင်ရှိန်ထည်ဝါ

သူရကန်စက် ၊ ရှင်နေမင်းမှတ်
ထွက်ပေါ်လာချိမ့် ၊ ရက်မြတ် (၁၃)
ခြိမ့်ခြိမ့်အုံးအုံး ၊ နေမင်းတန်ဆောင်
လင်းရောင်တက်ပြီ။

ဖေဖ၀ါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချူပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်။

11 ဝေဖန်ထားပါတယ်။:

ကိုရင်နော်ခင်လေးငယ် said...

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့..

အရုပ်ကလေး said...

ကဗျာကောင်းလေး ဖြစ်သလို အမှတ်တရ အဖြစ်
ရေးတဲ့ ကိုရဲကိုလည်း ကျေးဇူးပါခင်ဗျာ ..။
ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် မမေ့နိုင်စရာတွေပါ ..။

megumi said...

ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုတဲ့ ကဗျာက အားမာန်ပါတယ်။ မိုက်မှမိုက်။

ကျေးဇူးကွာ(ဗိုလ်ချုပ်အစားပြောတာ) :P :P

စနေသား said...

အစဉ်လေးစားလျက်ပါ.... တို့ ရဲ့  ဖခင် ဗိုလ်တေဇပါ...

My Diary said...

လေးစားပါတယ် ဦးရှင်ကြီးရေ
အမှတ်တရအဖြစ် သယ်ဆောင် ကော်ပီကူးချင်ပါတယ်
ခွင့်ပြုမလား :)

WWKM said...

ှဗိုလ်ချုပ်မွေးနေ့ တို့လည်းမမေ့။
ကောင်း၏။
တော်၏။
ကဗျာစပ်တတ်တဲ့သူတွေကတော့ စပ်ကြပေါ့
နော်။
မဂျီးကတော့ ကဗျာ မစပ်တတ်။

စိုင်းစိုင်းလားရှိုး said...

ဟုတ်ကဲ့ .. ခုလို တောင်းဆိုလာတဲ့ my diary ကို ခွင့်ပြုပါတယ်။

မြတ်သွယ် said...

ဗိုလ်ချုပ်အတွက် အမှတ်တရကဗျာလေးကို ဖတ်သွားပါတယ်

Welcome said...

ဦးညွှတ်သွားပါတယ် ....
လေးစားစွာနဲ့ပါ
ဗိုလ်ချုပ်ကိုရော
ကဗျာ ဖန်တီးရှင် ကိုရောပါပဲ

နှင်းပွင့်ဖြူ said...

ကဗျာကိုကြိုက်လို့ ဘလော့မှာ ကူးယူတင်ပြခွင့်ပြုပါ ဦးဦးရှင်ရဲထွတ်ရှင့်

Anonymous said...

ရေလည်မိုက်တယ်ဗျာ ကဗျာလေးဖတ်ပြီး လေးစားအားကျမိတယ်ဗျာ