တစ်ခြမ်းပဲ့ ရင်ခုန်သံ

Saturday, February 14, 2009
ဒီလိုနေ့၊ ဒီလိုရက်စွဲ၊ ဒီလို အခါသမယမျိုး သူသူ ငါငါ အများစုဟာ ချစ်သူများနေ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရင်ခုံကြ၊ ကြည်နူးကြနဲ့၊ ချစ်ခြင်းတွေကို စာနဲ့တစ်ဖုံ၊ ကဗျာနဲ့တစ်မျိုး၊ ဖုံးနဲ့တစ်ဂွမ်ဂွမ်၊ ချစ်ခြင်း တွေကို ရင်ခုန် ကြည်နူးမှု တွေနဲ့ သီကုံး နေကြတယ်။

ချစ်သူများနေ့ဟာ ဘယ်အချိန်ကာလ၊ ဘယ်လို လူတန်းစား၊ ဘယ်လို ရည်ရွယ်ချက် နဲ့ပဲသတ်မှတ်ခဲ့ သတ်မှတ်ခဲ့၊ အဓိကတော့ နှလုံးသားရဲ့ ခေါင်းစဉ်အောက်မှာ တည်ရှိနေခြင်းဆိုတာ ငြင်းဆိုရ ခက်ပါ လိမ့်မယ်။

ဒီလိုနဲ့ ချစ်သူတွေခြင်း ချစ်တင်းတွေ ဖလှယ်နေကြတဲ့ အခိုက်မှာ ကျုပ်လို ငမိုက်သား ရှင်ရဲထွတ် အနေနဲ့ ရင်ခုန် ဖက် တမ်းချင်းလည်း မရေးနိုင်၊ တစ်သက်တာ ထာဝရလည်း မဆိုနိုင်တဲ့ အခိုက်အတန့် တစ်ခုခုတော့ ရေးချင် ရင်ဖွင့်ချင် နေမိတယ်။ ဒါဆို ဘာရေးမှာလည်း ဘာ အကြောင်း ရေးမှာလည်း၊

( ဟာ.. ခေါင်းပူတယ် စိတ်ရှုပ်တယ် ကွာ )

ခေါင်းစဉ် ရှာမရပေမယ့် လက်က တစ်ခုခုကို ရေးချင်နေတယ်။ ကြာတယ်ကွာ ရေးချလိုက်ပြီ။

ခေါင်းစဉ်ကတော့ တစ်ခြမ်းပဲ့ရင်ခုန်သံ

တစ်နေ့သော စင်္ကာပူ ညချမ်းချိန်ခါ ရုံးဆင်းချိန်ခန့် ဖြစ်လိမ့်မည်။ နေရာကား Tanjong Pagar NTUC ၊ ကျုပ် ရှင်ရဲထွတ် နောက်တစ်နေ့ ၀မ်းရေးအတွက် ချက်ပြုတ်စီမံရန် အလို့ငှာ ntuc အတွင်း ဈေးခြင်းတောင်း တစ်လုံး ဖြင့် ဟိုမွှေဒီနှောက် လတ်ယားလတ်ယား လုပ်နေစဉ် မမျှော်လင့်ပဲ ကျုပ်နှာဝကို သင်းပျံ့ မွှေးကြိုင်တဲ့ ရေမွှေး နံ့ လာရောက် ကလူတယ်။ ကျုပ်လည်း ဘေးသီ ၀ဲယာ ရှေ့ နောက် အကုန် လှည့်ကြည့် တော့တာပေါ့။

အလာလား အမျိုးသမီး တစ်ယောက်၊ လှပတဲ့ ကိုယ်ဟန်၊ ခါးလယ်လောက် ဆံပင်ကို အပေါ် ခပ်မြင့်မြင့် စုချည်ထား တယ် လည်တိုင်လေးက ဆင်စွယ်ရောင်လေး ၀င်းနေတာပဲ။ အနက်ရောင် ဘောင်းဘီရှည်မှာ အနက်ရောင် လေ ဒီရှုးနဲ့၊ ပန်းရောင် ရှပ်လက်ရှည်မှာ စွယ်တာလို လက်ပြက် စွပ်ထားတယ်။ ဟို..အပေါ်ဆုံး စင်က ပေါင်မုန့်ထုပ် ကို မမှီ့တစ်မှီ လှမ်းယူနေတဲ့ ဟန်က ( မဆီမဆိုင် မြန်မာနိုင်ငံက အကယ်ဒမီ ရွှေစင် ရုပ်ထုကို ပြေးမြင်မိတယ် ) ရင်ခုန်ဖို့ ကောင်းလိုက်တာ။

ကျုပ်လည်း မြင်ကွင်းကို ငမ်းနေတုန်း အဲလေ ငေးနေတုန်း၊ ဖြုန်းဆို အမျိုးသမီးက ကျုပ်ကို လှည့်အကြည့် ကျုပ် ရင်ဘတ်လည်း ဒုံးကနဲကို မြည်တာပဲ။ ဒီတော့မှ အမျိုးသမီး မျက်နှာကို သေချာ မြင်ရတော့တယ်။ ပန်းရောင် ရှပ် နဲ့ လိုက်ဖက်စွာ နှုတ်ခမ်း နှစ်မွှာကို ပန်းရောင်ခြယ်ထားတယ်။ ကျုပ်ငမ်းနေမှန်းလည်း သိရော အောက်ဖက်က ပန်းရောင် နှုတ်ခမ်းလေး မဆီမဆိုင် သွားနဲ့ မနာအောင် အကိုက်ခံလိုက်ရတယ်။ အဲဒီ အချိန်မှာပဲ ကျုပ်ရင်ဘတ် ထဲကို တစ်ခုခုက ၀င်ပြီးဆွနေ ဖွနေသလိုပဲ နေရခက်ကြီးဗျ။

ဒီလိုနဲ့ သူမ သွားရာ ၀ယ်ရာနောက်ကို ကျုပ်က လိုက်ငမ်းတာပေါ့။ ခဏလည်းနေရော သူမ ပစ္စည်းကို နှစ်မျိုး သုံး မျိုး လောက်လည်း ၀ယ်ပြီးရော ( နေရာတစ်ခုကို ကျုပ်လိုက်မသွားရဲပါ ) ငွေရှင်း ကောင်တာမှာ တန်းစီတော့ ကျုပ် ကလည်း သူမနဲ့ မျက်နှာချင်းဆိုင် ငွေရှင်းကောင်တာမှာ လိုက်တန်းစီတယ်ဗျာ။

ကျုပ်တန်းစီမိတဲ့ ကောင်တာ စာရေးမက ကြာလိုက်တာ။ ဟိုက ရှင်းလို့ဖြင့်ပြီးတော့မယ်၊ ကျုပ်အလှည့်ကဖြင့် မရောက်နိုင်သေးဘူး။ သူမ ငွေရှင်းနေတုန်း ကျုပ်လည်း လှမ်းအငေး သူမအောက် နှုတ်ခမ်းက အကိုက်ခံရပြန်ရော၊ သူမ ငွေရှင်းပြီးလို့ ထွက် သွားပြီ။ ဟာကွာ ကျုပ်ကောင်တာက ကျုပ်အလှည့် မပြီးသေးဘူး ဟူး.........

ကျုပ်လည်း ငွေရှင်းပြီးလို့ အပြင်ကိုထွက် စက်ဝိုင်းပုံ လှည့်ပတ် ရှာတော့လည်း သူမကို မတွေ့တော့ဘူး၊ အဲ.. စော စောက ရင်ဘတ်ထဲကို တစ်ခုခု ၀င်ဖွနေတဲ့ ဝေဒနာက အခုတော့ အကုန်ဆွဲနှုတ် ခံလိုက်ရသလိုပဲ။ ရင်ဘတ် ကြီး က ဟာလာ ဟောင်းလောင်းနဲ့ ကျုပ်ရင်ဘတ် တစ်ခြမ်းပဲ့ ပါသွားပြီဗျ။ သူများတွေ 14 ရက်နေ့ကို ပျော်ပျော်နွှဲ နေ ချိန်မှာ ကျုပ်ကတော့ ရင်ခုန်သံ တစ်ခြမ်းပဲ့ ကြီးနဲ့ဗျာ။


12 ဝေဖန်ထားပါတယ်။:

Anonymous said...

နေရာခြင်းသာ လဲလိုက်ခြင်တယ်ဗျာ။ကျနော်သာဆို ခု
လောက်အကြည်တောင်ဆိုက်နေပြီ ကွာပါ့ဗျာ။

Welcome said...

အစ်ကိုရေ လွန်းပျံခေတ်ရောက်နေပြီနော်
လက်နှေးရင် မောင်ကျန်ရစ်ဖြစ်မှာ။
ဟာလာဟင်းလင်းဖြစ်ကျန်ခဲ့တဲ့
ရင်ဘတ်ဟောင်းလောင်းကို
ဆိုဂျူနဲ့ ပြန်ဖြည့်ကြတာပေါ့ .. ..

WWKM said...

ဟဟဟား..ဦးရှင်ဂျီးတော့ လုပ်ပြန်ပြီ။း))))
ရွှေစင်ရုပ်ထုပြေးမြင်ရောင်တာပဲ အရယ်ချင်
ဆုံးပဲ။ ဟဟား
တစ်နှစ်တစ်ယောက် အဆင်မပြေဖြစ်နေပါလား
ဦးရှင်ဂျီးရေ။ စိတ်မကောင်းဘူး။
တွေ့မှာပါ ၊ အလိမ္မာ အိမ်ပါမလေး။း)
ပျော်ရွှင်ပါစေ။

kiim said...
This comment has been removed by the author.
flowerworld said...

သူ့ခမျာ နှုတ်ခမ်းကိုက်တာ ကြောက်လို့ပဲနေမှာဦးရှင်ကြီးရ အမလေးလေး မပြောချင်ဘူး ပြောကိုမပြောချင်ဘူး

purple said...

တစ်ခြမ်းပဲ့သွားပြီကိုး၊
တနားပါတယ်။
ပြန်လိုက်တောင်းပါ့လား။ :P :P

Anonymous said...

အားလားမား
မပြောတော့ဘူး ဒီတစ်ခြမ်းကြီးက နေ့တိုင်း ပဲ့နေတာကြီးကို

ကိုရင်နော်ခင်လေးငယ် said...

ဖြစ်ရလေ ဦးရှင်ကြီးရယ်.. :))

ကြယ်ပြာ said...

သေချာတော့ဖတ်တာပဲ ..နှုတ်ခမ်းနှစ်လွှာပန်းရောင်ခြယ်ထားတာရယ် ကိုယ်နေဟန်ရယ်ပဲ ပြောထားတယ် .. မျက်နှာအလှဖွဲ့မထားဘူး .... သန်ရာသန်ရာထင်ပါ့ အဟိ .. စကားမစပ် အလုပ်က Tanjong Pagar မှာလား ...

သက်တန့် said...

ရင်ခုန်သံ တစ်ခြမ်းပဲ့ကြီးနဲ့ ကျုပ်...
ထင်းခွေမကြုံ ရေခပ်ကြုံမှာပေါ့လေ...
အားမလျှော့ပါနဲ့...

မြတ်သွယ် said...

တခြမ်းပဲ့ ရင်ခုန်သံတဲ့လား
ကောင်တာထိုင်နေတဲ့ နေရာမှာ ပုလဲသာဆို မြန်မြန်ရှင်းပေးပါတယ် ( ထင်လား )း)
နောက်တစ်ခါကျ ရင်ခုန်သံအပြည့်ဖြစ်ပါစေဗျား)

chocothazin said...

ဒီနှစ်ရင်ခုန်သံနဲ့ မနှစ်ကရင်ခုန်သံ နှိုင်းယှဉ်ကြည့်သွားတယ်။