နတ်သမီးကဟန် သက်ဝင်ရန်

Tuesday, February 10, 2009
နတ်သမီးကဟန် ၊ တိုင်းမြန်ပြည်မှ
တောင်ပေါ်တောင်အောက် ၊ ဒိုးယိုပေါက်သို့

သွေးစည်းကပွဲ ၊ ခြိမ့်ခြိမ့်သဲလို့
ခြေချိုးလက်ချိုး ၊ ကကွက်တစ်မျိုး
မရိုးလေအောင် ၊ ဇါတ်ကဆောင်လို့

ကချေသည်ပေါင်း ၊ ( ၁၄ ) အားနဲ့
အမိမြန်ပြည် ၊ ကကွက်ညီအောင်
ရက်စွဲသတ်မှတ် ၊ ( ၁၂ ) ရက်ဟု

လမြတ်တပို့ ၊ ဤမှစလို့
ရောင်းရင်းညီကို ၊ မယ်ပျိုပျိုတို့
အမိပြည်ထောင် ၊ ဓွန့်တည်တန့်အောင်
ကြိုးစားပါစို့….လေ။

( ၆၂ ) ကြိမ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုအပ်ပါသည်။

10 ဝေဖန်ထားပါတယ်။:

Welcome said...

သေးချင်းတွေ သွေးစည်းချစ်ကြည်ဖို့ . . .
မမေ့အပ်တဲ့ ပြည်ထောင်စုနေ့ ဂုဏ်ပြုကဗျာ ကို အသွင်ဆန်းနဲ့ ဖန်တီးချက်က လန်းလွန်းပါတယ်။
အားပေးလျက်ပါ .. ..

တောင်ပေါ်သား said...

အကိုရေ လေးလုံးစပ်လေးကို အရမ်းအားကျမိတယ်ဗျာ
လေးစားတယ် ဂုဏ်ယူတယ်။ ကဗျာလေးက အားမာန်ပါတယ်ဗျာ။


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကောင်း၏ ...

My Diary said...

စည်းလုံးခြင်းအင်အားတွေ ပြည့်ဝလို့
ဂုဏ်ယူဖွယ် ကဗျာလေးကို အသိအမှတ်ပြု ခံစားရင်း ...
တော်တယ်လို့ ပြောခဲ့တယ်နော်
ဆရာကြီးပဲ တော်မှာပေါ့

ကိုရင်နော်ခင်လေးငယ် said...

ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပါသည်..

ဦးရှင်ကြီး ကဗျာလည်း ကောင်းပါသည်..

စနေသား said...

ကဗျာလေးရဲ့ မာန်လေးက ချစ်စရာပါ..... ဦးရှင်ကြီးကို ခိုက်သွားပြီ...... အဟဲ

megumi said...

ပြည်ထောင်စုနေ့ကို တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ကြိုဆိုကြပါစို့။

နှင်းပွင့်ဖြူ said...

ကြိုဆိုပါတယ်ရှင် ကြိုဆိုပါတယ်

WWKM said...

ကောင်းပါ၏။လေးစားပါတယ် ဦးရှင်ကြီးရေ။

Anonymous said...

ဒီကဗျာလေးလဲ ကောင်းတာပဲဗျို့။ပြည်ထောင်စုနေ့ အမှတ်တရပါပဲဗျာ