မေ့နေကြတယ်

Sunday, February 8, 2009
၁၄ ရက်နေ့ကို ၊ စိတ်ဝယ်မှန်းလို့
ချောကလက်နဲ့ ၊ ချစ်စရာကတ်
စိတ်ကူးနေတယ် ၊ ချစ်ခြင်းသင်္ကေတတဲ့။

အနာဂတ်ဗိမ္ဗာန် ၊ ဗိသုကာဖန်ဆင်း
ငြိမ်းချမ်းရေးဖခင် ၊ ဖွားမြင်ခဲ့တဲ့
၁၃ ရက်နေ့ကို ၊ မေ့နေကြတယ်။

ညီနောင်တွေစုစည်း ၊ ချစ်ခြင်းရဲ့အနှစ်
သွေးစည်းခဲ့ပြည်ထောင် ၊ အဓွန့်ရှည်အောင်တဲ့
၁၂ ရက်နေ့ကို ၊ မေ့နေကြတယ်။

ချစ်ခြင်းအစစ်ကို တော်တော်များများဟာ မေ့နေကြတယ်။

14 ဝေဖန်ထားပါတယ်။:

ကိုရင်နော်ခင်လေးငယ် said...

ဦးရှင်ကြီးရေ..
ဒီကဗျာလေးကတော့ မှတ်သားစရာပဲနော်..

ဟုတ်တယ် လူတော်တော်များများ အဲ့ဒီနေ့တွေကို မေ့နေကြတယ်..

ဦးရှင်ကြီးရဲ့ သတိနဲ့ အသိကို လေးစားမိပါတယ်..

ဝှိုက်ဝှိုက် said...

ဟုတ်တယ်နော် 14 ရက်နေ့ကိုသာမှတ်မိနေကြတာ
ကျန်နှစ်ရက်ကိုမေ့နေကြတယ်
ဝှိုက်မမေ့ဘူးနော် ခုဖတ်ပြီးမှတ်မိသွားပြီ :P

Anonymous said...

အာလားမား ဂွတ်တယ်ဟ

megumi said...

မေ့ဘူး။မေ့ဘူး သိတယ်။
၁၂ ရက်က ပြည်ထောင်စုနေ့။
၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ။ အမြဲအမှတ်ရပြီးသား။

ဘယ်သူမေ့မေ့ တို့မမေ့ဘူးကွ။

Anonymous said...

မမေ့ပါဘူး။ ညကလည်း စီဘောက်မှာ လာအော်ထားပါတယ် :P

မြတ်သွယ် said...

အမေ့တို့ ပြောနေကျတော့ အမေ့ဘူး ကိုရှင်ရဲထွတ်ရ
ကိုရှင်ရဲထွတ်ကို လေးစားပါတယ်

နှင်းပွင့်ဖြူ said...

တမီးက ဘာမှကို မသိတာ အေးရော :P

Anonymous said...

သားမမေ့ဘူးနော်..ဦးဦး

WWKM said...

အဲ..ဦးရှင်ကြီးပြောမှပဲ ..အစ်မက ၁၃ နဲ့ ၁၄ တော့သိ
နေတယ်။ ၁၂ ကို မေ့နေတာ တကယ်။း)

လေးစားတယ်ဗျာ။
တော်တယ် မောင်လေး။
ဆက်လုပ်။

အရုပ်ကလေး said...

တန်ဘိုးထား သတိရမှုတွေ ကွဲလွဲနေတဲ့ ဒီခေတ်ကြီးထဲမှာ
ဒီလို ပို့စ်လေး ဖတ်ရတာ အနှစ်သာရ ပြည့်သလို
တန်ဘိုးထားရမယ့် နေ့ရက်လေးတွေကို ပြန်လည် အမှတ်ရစေတာမို့ ကျေးဇူး အစ်ကိုရေ ..။

Welcome said...

တစ်ရက်မှ မမေ့ခဲ့ပါဘူး ..

My Diary said...

13 က တို့အတွက် unlucky မို့ စိတ်မ၀င်စား
14 ရက်နေ့ကို အသည်းကွဲတဲ့နေ့ဆိုတော့ မမေ့ဘူးလေ
သူက အမှတ်တရပိုရှိတာကိုးး(he:)
လေးစားပါတယ်

စနေသား said...

ဟာ....... ဒီပိုစ့်လေးတော်တော်ကောင်းတယ်ဗျာ... ကျနော့်ဘလော့မှာ တင်ခွင့်ပေးပါဗျာ..... ကျေးဇူးတင်ပါတယ်..... သိပ်ပြီးအဓိပ္ပာယ်ရှိပါတယ်.....း)

ရွှေပြည်သူ (ShwePyiThu) said...

တကယ်မှန်တယ် အစ်ကိုရေ...