ဘီလူးဆိုင်း တစ်ပုဒ်
ဗျောဆိုင်း တစ်ပုဒ်နဲ့
တော်ကြာ ရီလိုက်
တော်ကြာ ငိုလိုက်
ဘ၀ ဇါတ်ခုံမှာ
လိုက်က နေရတာ
အရိုးပေါ်လည်း အရေတင်
အရေမှာလည်း အတွန့်လှိုင်းနဲ့
ဇရာအိုညှက်ညှက် ထောင်းခဲ့ပေမယ့်
ဇါတ်ဆရာက အတီးမရပ်ဘူး
ဘ၀မှာ ကျရာနေရာကို
မတီးလည်းက တီးလည်းက
စေရာကိုသာ နေလာခဲ့ရတော့
သြော်ဟော ........
အားလုံးဟာ ဇါတ်ဆရာ အလိုကျပါလား....

14 ဝေဖန်ထားပါတယ်။:
ကဗျာလေးမိုက်တယ် ... စကားမစပ် စာရေးသူရှင်ရဲထွတ်က မက်စိလားဟင် ...
စာရေးသူက မက်စိ မဟုတ်ပါ။
ဟုတ်ပ ဦးရှင်ဂျီးရေ..
လူတွေဟာဇာတ်ဆရာအလိုကျ ကပြနေကြရတာပေါ့
နော့... ။ ကဗျာလေးကောင်းပါ၏။
ဦးရှင်ဂျီးတော်ပါ၏။း)
စာရေးသူရှင်ရဲထွတ်က မက်စိမဟုတပါရှင် ၊ မတ်စိသာ
ဖြစ်ပါကြောင်း၊ ဟီးးး ချွန်သွားပြီ ။ :P
ဦးမတ်စိ.. အဲ့.. ဦးရှင်ကြီး..
ကဗျာလေး ဂွတ်တယ်..
ဇတ်ဆရာကို မူးအောင်တိုက်ပြီး အိပ်ခိုင်းထားလိုက်ရင် ကောင်းမယ်ထင်တယ်.. အဟေးးး... :D
ဟုတ်တယ်အစ်ကိုရေ... ပိုင်သလိုလိုနဲ့ မပိုင်ကြတဲ့ ဇာတ်ဆရာအလိုကျ ဘ၀တွေပါပဲ...
ဇာတ်ဆရာအလိုကျလိုက်ကရအောင်ငါက ဇာတ်မင်းသမီးမှမဟုတ်တား)
အနော်က ဇာတ်ဆရာအလိုကျ ကရတာ မဟုတ်ဘူး။ သူများတွေ ကလို့ ပြီးသွားရင် လိုက်ကာ ဆွဲပေးရတာ။ အဆွဲမတော်လို့ ခဏခဏ ဗြဲတယ် ... ..
ဇာတ်ဆရာအလိုကျ
ကို ဆိုတဲ့သူများလှချည်လား
ဖြူ2ကျော်သိန်းပြီးတော့ ... ဦးရှင်ရဲထွတ်ကြီးကိုးး
အဟား2 ဇာတ်ဆရာအလိုကျ ကနေတဲ့ မင်းသားကြီး ညကြေးဘယ်လောက်ရလဲဟင်
ပိုက်2 ချေးမလို့
ရှင်ရှင်ရဲထွတ်ရဲ့ ဇာတ်ဆရာ အလိုကျ... :P
ဖြူဖြူကျော်သိန်းလား :P
မတူညီတဲ့ ဇာတ်ခုံတွေမှာ ကိုယ့်ဇာတ်ကိုယ်ကို နိုင်အောင် ကနေရတာပါပဲ
အဲ့ဒီ ဇာတ်ဆရာ ဘယ်သူလဲ သိချင်တယ်ဗျာ....
ဟဟ..လုပ်ပါဦး..ခုမှ ဇတ်မင်းသားပေါ်လာပြီ ဘယ်မှာကမှာလဲဗျာ..စတာနော်..
ကဗျာတကယ်ကောင်းတယ်..
ကဗျာလေးက ကောင်းတယ်နော်
စာသားတွေကလည်း မိုက်တယ်
အင်းးးး
ဇာတ်ဆရာအလိုကျ ဆိုပဲနော်း)
အမှန်ပါပဲဗျာ ဇာတ်ဆရာအလိုကျ အသက်ရှင်နေသရွှေ့ကတော့ ကနေရဦးမှာပေါ့။ အင်း ကျနော်ပါးလေးတွေတောင် လက်နဲ့ ပြန်စမ်းမိနေသေး တော်သေးတယ် အရေတော့ မတွန့်လာသေးဘူး မကြာမီလာမည် မျှော်ထင်တယ်နော့်
word verification ကြီး ဖြုတ်လိုက်ပါလားဂျာ... မြန်မာလို ရိုက်လိုက် ပြန်ချိန်းလိုက်နဲ့ ဟီးး ပင်ပန်းတယ် တော်ကြာ ဇာတ်ဆရာအလိုကျ မကနိုင်ပဲ လက်ညောင်းနေဦးမယ်ဂျ
လေးစားလျက်
တောင်ပေါ်သား
Post a Comment