တူတူနီးနား
ရှိခဲ့စဉ်က
ရင်တွင်းကြင်နာ
စမ်းကျရေလို
အေးမြခဲ့တာ
နင့် စေတနာတွေ ငါမေ့ခဲ့တယ်။
ရေခြားမြေခြား
မိုင်တွေခြားတုန်း
တစ်ဦးတစ်ယောက်
စိတ်ပေါက်ပေါက်နဲ့
ထင်ရာစိုင်းကာ
နင့် အကြင်နာတွေ ငါစော်ကားခဲ့တယ်။
ခုနေခုခါ
နင်ငါ့နံဘေး
ရှောင်ထွက်ပြေးတော့
လွမ်းမျက်ရည်တွေ
စက္ကန့်တစ်ခုန်
ငါ့ မျက်ရည်တစ်စုံ ကျနေရပြီ။

15 ဝေဖန်ထားပါတယ်။:
ဝိုးးး ငိုနဲ့ ဦးရှင်ကြီး တိတ်..တိတ်..
အနေနီးတုန်းက တန်ဖိုးမထားခဲ့ပေမယ့်
ဝေးသွားတော့မှာ တမ်းတမ်းတတ ငိုကြွေးနေရတဲ့ အချစ်တစ်ခုအတွက်
နားလည်ခံစားသွားတယ်။
ဝါးးးး ဦးရှင်ကြီး ခုမှ သတိရသွားပြန်တာလား အချိန်မနှောင်းသေးဘူး ဦးရှင်ကြီးရေ အမြန်ပြန်ဆက်ဗျ
လေးစားလျက်
တောင်ပေါ်သား
အသက်ဝင်တဲ့ ကဗျာလေးပဲနော်
စာသားတွေ တော်တော်လှတယ်
ရှောင်ထွက်ပြေးသူကို လိုက်ရှာပေတော့နော်
မျက်ရညတွေက တစ်ခုခုကို သက်သေပြနေပြီပဲး)
ကဗျာလေးကိုတော့ ကြိုက်သွားပီ ခင်ဗျာ
မျက်ရည်တစ်စက်တဲ့ ခေါင်းစဉ်နဲ့ စာသားလေးက
တော်တော်လေးကို ကောင်းပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ
ဦးရှင်ကြီး အခုမှ အလွမ်းမိုးတွေ ရွာနေပါ့လား.. :))
လေးလုံးစပ်တော့ အသေပိုင်တာပဲဗျ...
ခုတော့သိပီမဟုတ်လား
ဒါပဲ
ယောကျာ်းတွေ
ဘာခုမှ မျက်ရည်ကျပါပြီလဲ... :P
ခုမှ တန်ဖိုးကို နားလည်ပြီပေါ့လေ...
ဟုတ်စ...
နုနေလိုက်တာ ခုကျမှ :P
နုနေလိုက်တာ ခုကျမှ :P
စောတီး အကောင့် ၂ ခုဖြစ်သွားတယ် :D
ဒီလိုပါပဲ အစ်ကိုရာ ..
တန်းဘိုးထားရမှန်း မသိခဲ့ပေမယ့်
ခွဲခွာသွားတော့မှ နင့်နေအောင် ခံစားရတာ ..
ဖြစ်ပျက်တတ်တဲ့ သဘောလေးပါ ..။
မျက်ရည်တစ်စုံအောက်က ချစ်ခြင်းတရားတွေ
ပြန်လည် လန်းဆန်းပါစေ ..။
ဘကြီးရယ် မျက်ရည်မကျလိုက်ပါနဲ့နော်
မျက်ရည်မကျသင့်ဘူးဆိုလားပဲ
( အဟား )
အဲဒါပဲဗျ အရင်က နီးတဂျက်ဂျက် ဝေးတသက်သက်တဲ့ ခုတော့ ဗျာဝေးတာနဲ့ ရှိ
တုန်းကထိန်းထားတဲ့ စိတ်တွေ မရှိလဲ မရှိရော
ထင်တိုင်းကျဲတော့တဲ့ ခေတ်ဗျ။ နီးနေတုန်းတော့
မောင်မှ မောင် တမောင်မောင်နဲ့ ဇီးသီးလိုက်
ရောင်းတဲ့ တွန်းလှည်းကြီး အနားမှာရောက်နေသလို့ပါပဲဗျာ။
အဟီ အချွန်နဲ့ဝင်မသွားတယ်ဗျ။
ဟတ်တော့ထိသွားပြီ၊ အဟင့် ရွတ် ....(ကဗျာဖတ် ရှုရင်း ခံစားမှုမှ ထွက်လာသော အာမေဍိတ်) ကောင်းတယ်ကဗျာလေး၊ ခံစားသွားပြီ အစ်ကိုရှင်ရဲထွဋ် :)
Post a Comment