ပင်မြင့်ပန်း

Tuesday, January 20, 2009
ပင်မြင့်ပန်းကို
လှမ်းမိရက်သား

နမ်းလို့မမှီ
လှမ်းလင့်ချူဖို့

အပေါ်မရောက်
အောက်မရောက်နဲ့

ဇော်ကန့်လန့်လို
တက်လို့မရ
ဆင်းမရတော့

ကယ်တော်မူတော့
အရပ်ကတို့
ရောင်းရင်းတို့ရေ.....

13 ဝေဖန်ထားပါတယ်။:

WWKM said...

ခုန်ချလိုက် ဦးရှင်ဂျီးရေ..ခုန်သာချလိုက်။ ဟတ်ဟတ်

GreenGirl said...

ဘယ်လိုဖြစ်ရတာလဲ...ကလေးလည်းမဟုတ်တော့ဖူး ဆော့မနေနဲ့တော့ :P

megumi said...

ဟိ ဟိ၊ ကောင်းတယ်။ အဲတိုင်းပဲနေ။ :P :P

Anonymous said...

ရှင်ရဲထွတ်--
အသဲထပ်ကွဲအုံးမှာလား--

တောင်ပေါ်သား said...

ပင်မြင့်ပန်းကို တက်ကာ ခူးတော့ အပေါ်မရောက အောက်မကျနဲ့ တော်ပါသေးသည် ပုဆိုးမ၀တ် ဘောင်းဘီဝတ်လို့ ဟီးးးးးးးးးးးးးး

စတာနော် စိတ်ဆိုးနဲ့ စိတ်ဆိုးရင် မခေါ်ပဲနေမှာဗျို့


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

သေချာဆင်း အစ်ကိုရေ တော်ကြာ အသည်းလည်းကွဲ ဟိုဟာလဲကွဲ ဖြစ်နေမယ်.။ ခေါင်းကို ပြောတာနော်.. တလွဲ မတွေးနဲ့....

အဆင်ပြေပါစေဗျာ....

လင်းထက် said...

သိပ်မမြင့်ဘူးဆို ခုန်ချလိုက် အရမ်းမြင့်ရင်တော့ ဘယ်နေရာမှာ ဖြစ်နေတာလဲပြောလေ ဟီး ကယ်ဆယ်ရေး အဖွဲလွှတ်ပေးလိုက်မယ်

မြတ်သွယ် said...

ကိုရှင်ရဲထွတ်နေနေတဲ့နေရာက ကောင်းတယ်ဆိုပဲ
မဆင်းနဲ့ မတက်နဲ့
အီတိုင်းလေးပဲနေတော့နော် :P

Unknown said...

ခုန်ချလိုက် သားရေ..
ခုန်ချလိုက်..
အောက်မှာ မီးသတ်ကားတွေ ရောက်နေပြီ..
မရရအောင် ငြိမ်းပေးမယ်..
နှာခေါင်းက မီး.. အဲလေ..
ရင်ထဲက အပူမီး..
ဟီး

:P

ကိုရင်နော်ခင်လေးငယ် said...

ကယ်ပါလောင်ပါ
အော်သော်ငြားလည်း..
ရဲထွတ်ဘဝ...
တက်မရ ဆင်းမရ
ကန့်လန့်ဗျ...

အ..ဟက်...
ကယ်ဝူးနော်...!! သွား... :P

ခင်မင်တဲ့...

Welcome said...

အစ်ကိုရေ
ဟိုဝှာဖြစ်မှ အရပ်က ၀ိုင်းကူကြမှာပါ။
ဒီဟာကိစ္စဆိုရင်တော့ ကိုယ့်ဖာသာ ကိုယ့်အစွမ်းအစနဲ့ ရအောင်သာ လုပ်ပါဗျာ။

သက်တန့် said...

အလို... ကယ်ပါ ယူပါ တစာစာနဲ့ ဘယ်သူများလဲ မှတ်တယ်...
ဦးရှင်ရဲကြီးကိုး...
ခဏစောင့်...
အိမ်က စီးတော်ယာဉ်ရဟတ် CNGသွားတန်းစီနေတယ်...
ပြန်လာရင် လွှတ်လိုက်မယ်နော်...
တောင့်ထား... :P

Anonymous said...

အယ်.. ကိုယ့်ဟာကိုယ် ကမြင်းတုန်းက ကမြင်း
ပြီး ခုမှ အရပ်ကူပါလူဝိုင်းပါနဲ့ သွားမကယ်ဘူး
အဟိဟိ