သံယောဇဉ်

Sunday, January 18, 2009
သံယောဇဉ်
မမြင်ရလည်း
ရင်းနှီးကာမြဲ
တိုးလို့ချည်ကာ ရစ်တတ်သည်။

သံယောဇဉ်
အနုအရင့်
မခွဲခြားပဲ
ပေါင်းစပ်ကာ တစ်ရောင်ထဲပြေးသည်။

သံယောဇဉ်
ဝေးဝေးနီးနီး
အမြဲတမ်းပဲ
မကွဲပြားပါ တစ်ထပ်ထဲကြသည်။

သံယောဇဉ်
နိမ့်မြင့်ခြားလည်း
မထူးခြားပါ
လမ်းခရီးကို တစ်သားထဲလျှောက်သည်။

သံယောဇဉ်
နေ့ရက်လတွေ
ရက်စွဲပြောင်းလည်း
ယနေ့ထိတိုင် ခိုင်မြဲခဲ့သည်။

သံယောဇဉ်
တို့သံယောဇဉ်
စီးရေလျင်လို
အဆက်မပြတ်သာ စီးဆင်းကြမည်။

13 ဝေဖန်ထားပါတယ်။:

GreenGirl said...

သံယောဇဉ် သံယောဇဉ်...
ဖြတ်တောက်ရင်းနဲ့ ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်...

လေးဖြူသီချင်းဆိုကြည့်တာပါ :P
ကဗျာလေးက သိမ်မွေ့တယ်
တိုက်တိုက်ဆိုင်ဆိုင် ဒီကလည်း သံယောဇဉ် ပဲ တင်မလို့း)

ကေမောင်ငြိမ်း said...

လေးဖြူသီချင်းထဲကလို သံယောဇဉ်၊ သံယောဇဉ် လူကိုယ်အရှုးတစ်ပိုင်းဖြစ်စေတယ် ......။ :)

စနေသား said...

တိုက်ဆိုင်လိုက်တာဗျာ...
ဒီကလည်း သံယောဇဉ် သီချင်းလေးငြီးရင်း သံယောဇဉ်လေးတင်မလို့ ဘဲဗျာ...
ဟဟ... ဖြစ်တတ်ပါတယ်ဗျာ

Anonymous said...

ရှင်ရဲထွတ်ရေ---
နေမကောင်းလို့ အခုမှ လာနိုင်တယ်--
သတိတရ ရှိပါတယ်---
ကဗျာတွေ ဖတ်သွားတယ်---

ကဗျာမလေး said...

သံယောဇဉ် ..... စကားလုံးလေးက သုံးလုံးတည်းနော် ...။

Welcome said...

အသွင်မတူလို့
လူတစ်ယောက်ကို ချက်ချင်းမုန်းနိုင်ပေမယ့်
တွယ်တာခဲ့ဖူးတဲ့
ရင်းနှီးခဲ့ဖူးတဲ့
နွေးထွေးခဲ့ဖူးတဲ့
သံယောဇဉ်ကိုတော့
ထာဝရမဟုတ်တောင်
အမြဲအမှတ်ရနေမှာပါ။

သက်တန့် said...

အင်း...
သံယောဇဉ်...
သံယောဇဉ်...
ဖြတ်ဖို့ရန်ခက်၊ ပြတ်ဖို့ရန်ခက်...

megumi said...

သံယောဇဉ်၊ သံယောဇဉ်။ အရမ်းကြောက်ဖို့ကောင်းတဲ့အရာတစ်ခု။

Anonymous said...

ဟား ဟား ဟားဟား........ဘယ်သူများလဲလို့....လက်စသတ်တော့...ငါ့ကောင်ကိုး........
shan ma.... မင်းတိုးတက် လာပြီ.....ဆက်လုပ် ဆက်လုပ်

Anonymous said...

အော်....သံယောဇဉ် ဆိုတာ အတော် ဖြတ်၇ခက်တဲ့ အရာပါ။ မှတ်သားသွားပါတယ်

WWKM said...

သံယောဇဉ်
စကားလေးသုံးလုံးနဲ့
တသက်တာ
ရင်မှာ မမေ့နိုင်ပြီ။

ဟတ်ဟတ်..ပွားသွားတာနော်. ကဗျာရေးတတ်ဖူးရယ်။
ဦးရှင်ကြီးကတော်ပါတယ်။
ဒီကဗျာလေးတော်တော်ကောင်းတယ်။

ကျန်းမာပျော်ရွှင်ပါစေ။

ကိုရင်နော်ခင်လေးငယ် said...

သံယောဇဉ်...
ပျိုးသူလက်ထဲ
ရှင်သန်ရုန်းကြွ
တစ်ရစ်ရစ်ငင်
တိုးလို့ဝင်သည်
ရင်မှာကြည်နူးရစေသား..။

ကိုရဲထွတ်ရေ....
ရင်မောစရာနဲ့ မဆုံးဘဲ ကြည်နူးစရာနဲ့
ဆုံးစေချင်တယ်... ခက်တယ်နော်.. အဲ့ဒီ
သံယောဇဉ်ပေါ့...။

ခင်မင်တဲ့...

မြတ်သွယ် said...

သံယောဇဉ်ဆိုတာ ပြောတတ်ဝူး :P
ဒါပေမယ့် ကိုရှင်ရဲထွတ်ရေးထားတာတွေက မှန်လိုက်လေ
ဖတ်သွားပါတယ်ချင်