အတောင်စုံလို့
ခြေစုံကန်တာ
မဟုတ်ပါဘူး
တောင်ပံကိုးလို့
ဝေဟင်တိုးတာ
ယောနသံပါ....
လှိုင်းပင်ကြီးကြီး
လေပင်ထန်ထန်
မမှုခဲ့ဘူး
တောင်စွယ်ကိုကျော်
ပင်လယ်ပျော်တဲ့
ယောနသံပါ....
ရက်တွေလပြောင်း
တောင်ပံညောင်းတော့
အမေ့ရင်ခွင်
ပြန်ခိုဝင်ဖို့
ဒီတောင်စွယ်ကို
ယောနသံက.... ကျော်နိုင်ပါဦးမလား အမေရယ်
ယောနသံလို သားမိုက်များ အမေ့ဆီ ပြန်ရောက်နိုင်ကြပါစေ။
ခြေစုံကန်တာ
မဟုတ်ပါဘူး
တောင်ပံကိုးလို့
ဝေဟင်တိုးတာ
ယောနသံပါ....
လှိုင်းပင်ကြီးကြီး
လေပင်ထန်ထန်
မမှုခဲ့ဘူး
တောင်စွယ်ကိုကျော်
ပင်လယ်ပျော်တဲ့
ယောနသံပါ....
ရက်တွေလပြောင်း
တောင်ပံညောင်းတော့
အမေ့ရင်ခွင်
ပြန်ခိုဝင်ဖို့
ဒီတောင်စွယ်ကို
ယောနသံက.... ကျော်နိုင်ပါဦးမလား အမေရယ်
ယောနသံလို သားမိုက်များ အမေ့ဆီ ပြန်ရောက်နိုင်ကြပါစေ။
11 ဝေဖန်ထားပါတယ်။:
အမေကိုချစ်သောသား ၊ အမေကိုသတိရသောသား
လိမ္မာတစ်ယောက် ကျန်းမာပါစေ။
မကြီး
တစ်နေ့နေ့တော့ ပြန်နိုင်မှာပါ...
သားမိုက်တွေ အသိတရားရတယ်ဆိုတော့ မိခင်တွေ အတွက် ၀မ်းသာစရာပေါ့....မြန်မြန်ရောက်နိုင်ပါစေနော့်
ကဗျာလေး ကြိုက်တယ် အကိုရာ
တောင်စွယ်ကိုကျော် ပင်လယ်ကို ဖြတ်ပြီး အမေ့နား အမြန်ပြန်ရောက်နိုင်ပါစေ...
အမေ့နားပြန်ရောက်နိုင်ပါစေ......
အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး အမေ့အနားကို ပြန်ရောက်ပါစေ... :)
အမေ့ရင်ခွင်မှာ ပြန်ခိုဝင် အနားယူနိုင်ပါစေ
ယောနသံတွေ ဒီတောင်ကို ကျော်လွှားနှိုင်မှာပါ။
တောင်စွယ်ကိုကျော်ပြီး အမေ့နားအမြန်ရောက်နိုင်ပါစေ ..
သဘာဝပါပဲဗျာ နောက်ဆုံးတော့ အမေ့ရင်ခွင်
တမ်းတတတ်ကြတာ
Post a Comment