ရေပြင်ထက်က လရိပ်ရှာသူ

Monday, January 5, 2009
ဒီလူ့ဘ၀ကြီးထဲမှာ ရှင်သန်ခဲ့ရတဲ့ အချိန်အတောအတွင်း အကြောင်းအရာ မျိုးစုံနဲ့ ကြုံခဲ့ရ၊ ဆုံခဲ့ရ၊ ကွဲခဲ့ရ၊ လွဲခဲ့ရ၊ မရိုးနိုင်အောင် တစ်နေ့တစ်မျိုး ဆိုသလို အဖြစ်အပျက်တွေက များလွန်းတယ်။

ပန်းတစ်ပွင့်ရဲ့ ၀တ်ရည်ကို သောက်သုံးတာခြင်း အတူတူ ပျားက စုပ်တဲ့ ၀တ်ရည်က ပျားရည်ဖြစ်တယ်။ ပိတုန်း စုပ်တဲ့ ၀တ်ရည်က အဆိပ်ဖြစ်တယ်။

လောကကြီးမှာ ဆောင့်ကြောင့် ထိုင်တတ်ရုံနဲ့ ငါ့ကိုငါ ခြင်္သေ့လို့ မှတ်ထင်ခဲ့ဖူးတယ်။ ( ဆောင့်ကြောင့်လေး ထိုင်တတ်ရုံနဲ့ ဖားဟာ ခြင်္သေ့ ဖြစ်မလာပါဘူး )

မာယာများတဲ့ လောကကြီးထဲမှာ အတ္တကြီးမားစွာနဲ့ ငါဟာ ကန်ရေပြင်ထက်က လရိပ်ကို အာသာ ငမ်းငမ်းနဲ့ လိုက်ရှာခဲ့တယ်။

ခုထက်ထိ ငါဟာ ရေပြင်ထက်က လရိပ်ရှာသူ အဖြစ်နဲ့ပဲ........

(ရှင်ရဲထွတ် လရိပ်ရှာရင်း လမ်းခဏ ပျောက်နေပါတယ် လမ်းမှန်တွေ့ရင် ပြန်လာခဲ့ပါ့မယ်)


4 ဝေဖန်ထားပါတယ်။:

Dream said...

ဆောင့်ကြောင့်လေး ထိုင်တတ်ရုံနဲ့ ဖားဟာ ခြင်္သေ့ ဖြစ်မလာပါဘူး ) အဲဒီစကားလေးကိုခိုက်တယ်ဗျာ..

စကားပုံက ထိဒယ်....

ဘာပဲ ဖြစ်ဖြစ် အချိန်တန်တော့ ပြန်လာခဲ့ပါ...

လရောင်အောက်က စောင့်နေမယ်... :P

ကိုရင်နော်ခင်လေးငယ် said...

ဟာ.... မိုက်တယ် ကိုနီတွတ်ရာ..
အယ့်..ကိုရဲထွတ် မှားလို့...

ကိုယ်သာ သခင်..
ငါမှ ငါဟု
ဝံ့ဝံ့ကြွားကြွား
အတ္တနဲ့ချယ်
ဒီကမ္ဘာဝယ်...

လရိပ်ဖမ်းဖို့
အာသာငမ်းခဲ့လည်း
ဘယ်တော့များမှာတွေ့
မသိပေမဲ့...
စမ်းတဝါးဝါး
ရှာရင်းရှာဆဲ
လမ်းစပျောက်သူ
ငါပင်ဖြစ်၏။

ရင်မှာလာပူးတဲ့ ကဗျာလေး ထားခဲ့ဖြစ်တယ်..
အမှတ်တရပေါ့ ကိုရဲထွတ်ရေ..

ခင်မင်တဲ့..
ခင်လေးငယ်

kiim said...

လာလည်တယ်နော်.. ဘယ်သွားနေတာလဲ..
ပြန်လာခဲ့လေ.. စောင့်နေကြတယ်.. :)

Anonymous said...

လူတိုင်းဖြစ်တတ်တဲ့ သဘာဝလို့ထင်ပါတယ်
အရေးအသားတော့ ကြိုက်တယ်ဗျာ