ပန်သူဦးတဲ့ပန်း

Sunday, December 28, 2008
မမြင်တဲ့နှောင်ကြိုး
သံယောဇဉ်တိုးလို့
တွယ်နှောင်ရစ်ထုံးကာ
ကြိုးတစ်ပင် လွန်းတင်ခဲ့ပေါ့

ဝေရင်လည်းဝေ
ခြွေလို့ကြွေရင်လည်း
မြေလွှာခတုန်းမှာ
ကြင်ခွင့်ရချင်ပေါ့

မြင်ရက်နှင့်ပင်ခက်
ကြင်မက်ခွင့်ရယ်လို့
ဘယ်မရှိအဆုံးမှာ
အသင်သိပါလေစ..

ပန်သူဦးလေတဲ့ပန်းရယ်...

မှတ်ချက်.............
ဤကဗျာသည် ကဗျာဟောင်းပါ ဟိုးလွန်ခဲ့သော ၈ နှစ်ကျော်ကာလဆီမှ စာရေးသူ၏ ပထမဆုံးသောကဗျာ လေးပါ။ စာရေးသူ ဘယ်လိုမှ မေ့လို့မရသော ကဗျာတစ်ပုဒ် အနေဖြင့် သက်ဆုံးတိုင် ထင်ကျန်ရစ်မယ့် ကဗျာလေးပါ။

5 ဝေဖန်ထားပါတယ်။:

တောင်ပေါ်သား said...

အော် ဦးရှင်ကြီးက လွန်ခဲ့တဲ့ ၈ နှစ်လောက် ကတည်းက အလွမ်းဓာတ်ခံရှိတယ်ကိုးးးးးး ဟီးးးးးးး ကဗျာလေးကောင်းတယ် အကိုရ

Dream said...

အဟား... ပန်းသူဦးသွားတဲ့ပန်း.. ဘာပန်းလဲ ဟင်...
အဟိ..ဂေါ်ဖီပန်းဖြစ်မယ်ထင်တယ်... ဟတ်ဟတ်...
:P :P

ပန်သူမဲ့မှာ စိုးထိတ်ကာရယ်...မြေနီလမ်းက စောင့်လို့ကြိုကွယ်.. ... တန်တန်တန်.... တန်.. ပန်လှည့်တော့ ချစ်ဦးငယ်... ဒန်ဒန်... ဒန်... အဟီး...

သီချင်းမရတော့ဘူး.. အဟတ်.. စိုးပိုင်ရဲ့စာသားတွေမေ့နေတယ်... နောက်မှ လာဆိုတော့မယ်.. :P

GreenGirl said...

ဦးတဲ့သူ ရှိသွားတော့လည်း ဘယ်တတ်နိုင်မလဲနော်။ မုဒိတာပွားနေလိုက်တာပဲ ကောင်းပါတယ် :)

- said...

အပင်ပေါ်ကပန်း နေနမ်းသွားပြီ၊
မချူဝံ့ပန်းကို
လေကတစ်ခါနမ်းသွားပြန်ပြီ
ကြွေချိန်တန်လို့ ကြွေသွားတော့လည်း
သစ်ပင်အောက်
စမ်းရည်ပန်သွားပြီ .. ..
ကဗျာကို ဖတ်ရင်း(ကိုထီး)ကို သတိရလို့

http://winzaw-mdy.blogspot.com

မိုးခါး said...

ဆွေးဆွေးလေးနော် ...