သုံးရာသီ

Saturday, December 27, 2008
နှင်းတွေလည်းဝေ
မြူတွေလည်းခ
လေပြည်တိုးစိမ့်
အေးချိမ့်ချိမ့်မှာ

နင်ပြောခဲ့တယ်နော်... မောင်ရယ် ချမ်းလိုက်တာတဲ့

လေရူးထွေခိုက်
ညောင်ညိုရိပ်မှာ
လွမ်းတေးရယ်ဆို
ဥသြကြွေတုန်း

နင်ပြောခဲ့တယ်နော်... မောင်ရယ် ဥသြလေး သနားလိုက်တာတဲ့

မိုးစက်မိုးပေါက်
တဖျောက်ဖျောက်နဲ့
မျက်ရည်ရွှဲစို
ငိုခဲ့တုန်းက

နင်ပြောခဲ့တယ်နော်... မောင်ရယ် ကျွန်မလေ ငိုချင်ရင် မိုးရွာထဲမှာပဲ ငိုတာတဲ့

ခုတော့
ချမ်းလိုက်တာလည်းမရှိတော့ဘူး
ဥသြငှက်လည်းမရှိတော့ဘူး

ဒါပေမယ့် မိုးရွာခဲ့ရင် မိုးရေတွေထဲ ငါလည်း ငိုတတ်နေပြီ...

7 ဝေဖန်ထားပါတယ်။:

kiim said...

ကဗျာလေးကိုလာခံစားသွားပါတယ်ရှင်..
အရမ်းမိုက်တယ်..
မိုးရေထဲမှာငါငိုတတ်နေပြီ..
ဆိုတဲ့ ဟာလေး.. ကြိုက်တယ်.. :)

မြတ်သွယ် said...

ကဗျာအဆုံးမှာ အဲလိုဆုံးမယ်မထင်ထားဘူး
တကယ်ကောင်းတယ်
ကြိုက်လည်းကြိုက်တယ် ထိလည်းထိတယ်
အားလည်းပေးတယ်
ကဗျာကောင်းကောင်းရေးတတ်လို့လည်း အားကျမိပါတယ်
အားပေးပါ၏ :)

megumi said...

တနားပါတယ်။ ကျန်ရစ်ကြီး ဖြစ်သွားပြီ။
ဟင့် ဟင့်
ကျန်ရစ်ကြီးအစား ငိုပေးတာ။
ဟင့် ဟင့်..... ဟင့် ဟင့်။

Dream said...

မိုးနဲ့မျက်ရည်ခွဲမရဖြစ်နေဦးမယ်နော်...

ဝဲ..အဲ..အဲ့... ငိုချင်လာပြီ... ကဗျာဖတ်ရင်းနဲ့....

ဗြဲ............. :(

ကဗျာကောင်းလေး ဖတ်သွားတယ်... ဦးရှင်ကြီး တော်တယ်ကွာ.... မုန့်ဝယ်ကျွေးတော့... :P

WWKM said...

ဒါပေမယ့် မိုးရွာခဲ့ရင် မိုးရေတွေထဲ ငါလည်း ငိုတတ်နေပြီ...

ကဗျာလေးကောင်းပါတယ် ဦးရှင်ကြီးရေ.
မိုးတွေလဲ ခဏခဏမရွာပါစေနဲ့
ဦးရှင်ကြီးလဲ ခဏခဏမငိုပါရစေနဲ့လို့ ဆုတောင်းပေးသွားပါတယ်။
အဆင်ပြေပါစေ။

ဒီဇင်ဘာနှင်း said...

ကဗျာလေးကို ဖတ်ပြီး ခံစားရပါတယ်

လွမ်းသုရင် said...

သူလည်း လွမ်းတတ်နေပြီပေါ့ :)