အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး

Tuesday, December 23, 2008
လွန်ခဲ့သော နှစ်ပေါင်း 37 နှစ်ခန့်တွင် သူစိမ်း ယောင်္ကျားလေး တစ်ဦးနှင့် သူစိမ်း မိန်းခလေး တစ်ဦး တွေ့ဆုံ ချစ်ကြိုက်၍ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားကာ ဘ၀တည်းဟူသော တူနှစ်ကိုယ် တိုင်းပြည်ကို တည်ဆောက်ခဲ့ ကြသည်။

ဤတွင် အသွင်မတူသော ပန်းပွင့် ခြောက်ပွင့် မွေးဖွားခဲ့ပါသည်။ အသွင် မတူသော်လည်း ကြင်နာသော နွေးထွေး သော ယုယမှုဖြင့် ပန်းများ အားလုံးကို လန်းပွင့်စေခဲ့ပါသည်။ အန္တရယ်များ ရန်စွယ်များ ကြားထဲတွင် ရဲဝံ့စွာ ကာကွယ်ခဲ့ပါသည်။ တောက်ပသော အနာဂတ်ကို ဖန်တီးပေးခဲ့ပါသည်။ ပန်းပေါင်းစုံလင်သော လောကထဲတွင် မွှေးရနံ့နှင့် သင်းပျံ့စေခဲ့ပါသည်။

အနှီ သူစိမ်းနှစ်ဦးမှ ပွင့်လန်းစေခဲ့သော ပန်းခြောက်ပွင့်မှာ သက်ဆိုင်ရာ နယ်ပယ်တွင် လန်းတင့်ဖြာလို့ ဆန်းတင့် ကာ နေကြပြီ။ ခုချိန်တွင် အနှီ အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦးမှာ ပန်းခြောက်ပွင့်နှင့် ဝေးသူဝေး၊ ကွာသူကွာဖြင့် အဝေးရောက် မေတ္တာ အားဖြင့်သာ ဆန်းနေခြည် ဖြာလန်းလို့သာ နေကြရသည်။

ပန်းလေးများ အပါးတွင် မရှိသော်ငြားလည်း သူစိမ်းနှစ်ဦးမှာ ရင်းနှီးမှုအားဖြင့်သာ ရှေ့ဆက်ကာ ခရီးသွားရဦးမည် ဖြစ်သည်။ မည်သူက မည်သူ့ကို ဦးစွာ ခွဲခွာသွား မည်ကိုတော့ ကြိုတင်၍ မတွေးတတ်ပါ မတွေးရဲပါ။ သို့သော် ငြားလည်း ရှောင်လွဲမရသော မရဏ တရားအား ရင်ဆိုင်နိုင်ရန် သူစိမ်းနှစ်ဦးမှ ကြိုတင်၍ ပြင်ဆင်နိုင်ပါစေ။ သူစိမ်း နှစ်ဦး ရင်းနှီးခဲ့သည်မှာ 37 နှစ်ကြာခဲ့ပြီကော။ ရှေ့ဆက်၍ ရက်ပေါင်းမည်မျှ ရင်းနှီး နိုင်ကြဦးမည်နည်း။ အရင်းနှီးဆုံး သူစိမ်းနှစ်ဦးမှာ.........

9 ဝေဖန်ထားပါတယ်။:

လွမ်းသုရင် said...

မေမေနဲ့ ဖေဖေ မင်္ဂလာသက်တမ်း ၃၇နှစ်ပြည့်လားး)
နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ချမ်းမြေ့စွာ အိုအောင်မင်းအောင် ပေါင်းရပါစေ...
ပန်းကလေးခြောက်ပွင့်လည်း အနားကို ပြန်ရောက်နိုင်ပါစေ...

တောင်ပေါ်သား said...

အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦးနဲ့ အတူ ပန်းပွင့်လေး ၆ ပွင့် အမြန်ဆုံး ပြန်လဲ တွေ့ဆုံနိုင်ပါစေကြောင်းနဲ့ အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး အသက်ထက်ဆုံး သာယာပျော်ရွှင်ဖွယ် ပန်းပွင့်လေးတွေနဲ့ အတူ နောက်လာမဲ့ ပန်းဖူးလေးတွေ၊ ပန်းညွန့်လေးတွေနဲ့ အတူတူ ပျော်ရွှင်စွာနေနိုင်ကြပါစေလို ဆုတောင်းပေးပါတယ်

Dream said...

ဦးရှင်ကြီးတို့ မိသားစု လေး ၃၇ နှစ်မြှောက် မှ သည် နောင်နှစ်ပေါင်း မြှောက်မြားစွာတိုင်သို့...........
:P :P

WWKM said...

ဦးရှင်ကြီးရဲ့ ဖေဖေ နဲ့ မေမေအတွက် ပို့စ်လေးဖြစ်နိုင်
မယ်လို့ စဖတ်ကတည်းကတွေးမိတယ်။ ဟုတ်လား.

အိုအောင်မင်းအောင်ပေါင်းဖော်လက်တွဲနိုင်ကြပါစေ။
သားလိမ္မာ၊သမီးလိမ္မာလေးတွေရဲ့ စောက်ရှောက်ချစ်ခင်
မှုကို ခံစားပျော်ရွှင်ကြရပါစေလို့ ဆုတောင်းပေးသွား
ပါတယ် ဦးရှင်ကြီးရေ။

သက်တန့် said...

၃၇နှစ်မြောက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပန်း၆ပွင့်နဲ့အတူ ပန်းဖူး၊ ပန်းငုံများနဲ့တကွ....... :)

Anonymous said...

ရှင်ရဲထွတ်ရေ---
ကဗျာဆန်စွာ တင်စားတတ်လိုက်တာနော်--
"အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး"
အတွက် ဆုတောင်းပါတယ်--ပန်းလေးတွေက
ကျေးဇူးသိတတ်ပါတယ်လို့---

နှင်းပွင့်ဖြူ said...

ငိုရမလား... ပြုံးရမလားမသိဘူး........ :) :(
ှုငိုပြုံးလေးပေါ့ .....

megumi said...

နောက်ကျသွားတယ်။ ကိုရှင်ရဲထွတ်ကြီးရဲ့ "အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး" သက်ဆုံးတိုင် ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ပန်းတစ်ပွင့်က လူဆိုးကြီးဆိုတော့ "အရင်းနှီးဆုံးသော သူစိမ်းနှစ်ဦး" ပင်ပန်းခဲ့မှာ သေချာတယ်။ ဟိ ဟိ။

Anonymous said...

သြော်.. ဦးရှင်ကြီးရဲ့ ဖေဖေနဲ့မေမေ အတွက်လို့တော့ ထင်လိုက်သား။
ရေးတတ်လိုက်တာ..
အရင်းနှီးဆုံးသူစိမ်းနှစ်ဦးလည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ကြပြီး
ပန်းခြောက်ပွင့်လည်း အနားပြန်ရောက်လာနိုင်ပါစေ လို့ဆုတောင်းပေးသွားမယ်