မုန်းလတန်ဆောင် ဒီလက်ဆောင်

Monday, November 10, 2008
ဆေးပေါင်းခတဲ့
ဒီမုန်းလမှာ
နှင်းရည်ပက်ကျဲ
တန်ဆောင်ပွဲ၌
မီးတစ်လုံးပျံ
မျက်တစ်ပေါက်ခ
လွမ်းလှပါဘိလေ...

မျက်မြင်တည့်ထိ
မမြင်ရလည်း
ရုပ်နှင့်အသံ
လွမ်းပြေကြည့်ရန်
စီမံဖန်ဆင်း
ချယ်ရီ land အား
ကျေးဇူးထူးတင်လေ...

မျိုးနှင့်ရိုးရာ
ဤပွဲတော်အား
စဉ်လာမပျက်
ခရီးဆက်ရန်
တောင်ပိုင်းနွယ်ဖွား
တောင်ကြီးသားတို့
မွေခံထိုက်နိုင်စေ...

ရပ်ဝေးမြေခြား
တောင်ပိုင်းသားတို့
ပွဲတော်တန်ဆောင်
မြဲစဉ်ပျော်အောင်
မြောက်ပိုင်းနွယ်ဖွား
လားရှိုးသားမှ
တောင်းဆုမေတ္တာဝေ...

တောင်ပိုင်းသားများ အတွက် လက်ဆောင်ပါ..

7 ဝေဖန်ထားပါတယ်။:

မသက်ဇင် said...

ရှင်ရဲထွတ်---
"မုန်းလတန်ဆောင် ဒီလက်ဆောင်"

ကဗျာကို တောင်ကြီးသားတွေအတွက် လက်
ဆောင်ပေးတာ တော်တော်ကောင်းတာပဲ--
နိုင်ငံရပ်ခြားရောက်နေတဲ့ တောင်ပိုင်းသားတွေ--
သူတို့ ရပ်ရွာတွေကိုလွမ်းမောနေမှာပဲနော်--
လားရှိုးသားလေး ရေ---

Unknown said...

လားရှိုးသူနဲ့ အိမ်ထောင်ကျတဲ့ ကျွန်တော်ငချက်လည်း လားရှိုးသား ဘလောက်မှ လာကဲပါတယ်။ အခုလိုကဗျာလေးတွေဖတ်ရတော့ ဘာဘဲ ပြောပြော တောင်ပိုင်းသားတွေ ၀မ်းနည်းဝမ်းသာ ဖြစ်ရမယ်လို့ ထင်ပါတယ်။

WWKM said...

ဦးရှင်ဂျီး ရေ..ကဗျာလေးက မိုက်တယ်။
တောင်ကြီးသားတွေအတွက်လက်ဆောင်ကဗျာလေးက
စေတနာတွေ ၊မေတ္တာတွေပါနေတယ်။

လားရှိုးသားလေးလဲ..အစစ အရာရာအဆင်ပြေပါစေ
ကြောင်း မဂျီးမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

ခင်မင်လျှက်
မဂျီး
မ၀ါ

Welcome said...

မဂ်လာပါ
လက်ဆောင် ကဗျာကောင်းလေးကို လာဖတ် ပါတယ်။ လေးလုံးစပ်ကဗျာလေးမို့ ပိုနှစ်သက်မိ ပါတယ်

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

တောင်ပေါ်သား said...

အကိုရေ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ ၀မ်းသာပါတယ် တောင်ပိုင်း မြောက်ပိုင်း မခွဲခြားဘူးဗျာ လင့်ထားတယ် နော့်

flowerworld said...

ကိုရဲထွတ်ရေ.ကဗျာလေးအရမ်းကောင်းတယ်
လေးလုံးစပ်နဲ့ရေးထာပြီးအဓိပ္ပယ်ကတိုတိုလေးနဲ့မိတယ်

Anonymous said...

ကဗျာလေး အရမ်းကောင်တယ်...
စေတနာတွေကို ဂုဏ်ပြုထားတာလေး
အရမ်းပေါ်လွင်တာဘဲ